Tuesday, October 15, 2019

3.Tense 12 ခုရဲ့နာမည်

Tense 12 ခုရဲ့နာမည်တွေအလွတ်ရပြီဆိုရင် အဲဒီ 12 မျိုးကိုပဲ Time & Situations ဆိုပြီးခွဲတဲ့အခွဲကိုမှတ်ရပါအုံးမယ်

Tense 12 ခုမှာ တူနေတဲ့စကားလုံးတွေကိုခွဲထုတ်လိုက်ရင်...

Time (ရည်ရွယ်တဲ့ကာလ)
°°°°°°
1. Present
2. Past
3. Future

Situations (အခြေအနေ)
°°°°°°°°°°°°
1. Simple
2. Progressive
3. Perfect
4. Perfect Progressive

အဲလိုပုံစံမျိုးဖြစ်သွားပါတယ်

Time ကတော့ရှင်းပါတယ်.. ကိုယ်ပြောတဲ့စကားရဲ့ကာလကိုပြောတာပါ.. မနက်ဖြန်စျေးသွားမယ် ဆိုရင် အနာဂါတ် (future) ကိုပြောတယ်ဆိုတာ အင်အားသုံးပြီးစဉ်းစားစရာကိုမလိုတာပါ.. ကျန်တဲ့ကာလတွေလည်း ဒီအတိုင်းပါပဲ

Situations (အခြေအနေ)
အခြေအနေဆိုတာက နေ့စဉ်ပြောဆိုနေကြတဲ့ စကားတွေအားလုံးကို အမျိုးအစားတူရာ ခေါင်းစဉ်ခွဲလိုက်တာပါ.. ကြိုက်သလောက်ပြော..ပြောသမျှကို အခြေအနေခွဲလိုက်ရင် လေးမျိုးပဲရှိပါတယ်..

လက်ရှိကာလအကြောင်းအရာတွေကိုပြောရင်လည်း ဒီ အခြေအနေလေးမျိုးနဲ့ပြောတယ် အတိတ်လည်း ဒီလေးမျိုးနဲ့ပဲပြောတယ် အနာဂတ်လည်း ဒီလေးမျိုးပဲ.. အဲဒါကြောင့် လေး သုံးလီ ဆယ့်နှစ် ဆိုပြီးဖြစ်သွားတာပါ တစ်ကယ်လေ့လာရမှာက Situation လေးမျိုးတည်းပါ..

ဖတ်ချိန် + စဉ်းစားချိန် (10 mins )

No comments:

Post a Comment