အဖြေတွေကိုစစ်နေရင်းနဲ့တွေ့လာရတဲ့အချက်တွေကိုပြောပါမယ်.. တစ်ချို့တွေက ပုံသေနည်းတွေကို အလွတ်ရပုံမပေါ်ဘူး.. တစ်ချို့ကကျတော့ လေ့ကျင့်ခန်းမဖြေခင်ကျွန်တော်ပြောထားတာတွေကိုသိပ်ဖတ်ပုံမရပါဘူး လုံး၀ကိုမဖတ်တာဆိုတဲ့ပုံစံကိုလည်းတွေ့နေရပါတယ်.. တစ်ချို့ကကျတော့ ပုံသေနည်းကိုအလွတ်ရပေမယ့် တစ်ကယ့်လက်တွေ့မှာ အဲဒါကိုအသုံးချရမယ်ဆိုတာကိုမေ့နေတာလည်းရှိပါတယ်.. ကျောင်းတုန်းကပုံစံမျိုးပေါ့ဗျာ..
လေ့ကျင့်ခန်းတွေမပေးခင်အသေအချာမှာထားတာက စကားပြောပုံစံဖြစ်ပါစေ.. စာသံပေသံ မပါပါစေနဲ့ လို့ပြောထားပါတယ်.. ဒါပေမယ့်လည်း စာသံနဲ့ဖြေတဲ့သူလည်းရှိပါတယ်.. တစ်ချို့ကလည်း မြန်မာစာမှာမရှိတဲ့ သူမ ဆိုတာကိုသုံးပါတယ်.. ငါသူမကိုချစ်တယ်... ငါနဲ့သူမနဲ့ မနက်ဖြန်လျှောက်လည်မလို့ ... သူမငါ့ကိုတွေ့တော့ စိမ်းစိမ်းကြီးစိုက်ကြည့်နေတယ် .. အဲလိုမျိုးတွေဘယ်သူပြောဖူးကြသလဲဗျ.. ဖတ်ဖူးတာ ရုပ်ရှင်စာတန်းထိုးမှာတွေ့ဖူးတာကိုမပြောဘူး.. စာတန်းထိုးလို့ သူမ ဆိုပြီးထိုးတဲ့ကားဆို ကြည့်ကိုမကြည့်ဘူးဗျ.. အရသာပျက်ပျက်သွားလို့.. ဘယ်သူကစထွင်လိုက်လဲမသိပါဘူး ..TV ကနေ မြန်မာစာ မြန်မာစကား program မှာလည်းအဲဒီအကြောင်းကိုထုတ်လွှင့်ပြီးပါပြီ.. ဒါဟာမြန်မာဝေါဟာရမဟုတ်တဲ့အကြောင်းကို.. လက်တွေ့လောကကို၀င်ကြပါတော့ခင်ဗျာ.. နောက်လူတွေကိုဦးဆောင်မယ့်သူတွေကိုယ်တိုင်ကတလွဲဖြစ်နေရင် ရွက်သစ်တွေညှိုးကုန်လိမ့်မယ်ဗျ..
အခုပေးထားတဲ့ပုံသေနည်းတွေနဲ့ဘာသာပြန်ရင် ဒီဘာသာစကားကိုလေ့လာတဲ့နေရာမှာ grammar ဘက်ကိုအတတ်နိုင်ဆုံးလျှော့သွားလို့ရတယ်ဗျ.. ကျွန်တေ်ာတို့တစ်ကယ်အသုံးချမှာက grammar မဟုတ်ဘူးဗျ.. စကားပြောကိုသုံးမှာ.. 12 tenses ကို grammar ဘက်ကနေသင်လို့ လူ 10 ယောက်ကိုသင်ရင် ကိုးယောက်က အသုံးမချနိုင်တဲ့အပြင် အားလုံးရောကုန်တာမျိုးတောင်ရှိတယ်ခင်ဗျ.. အမြန်ဆုံးလက်တွေ့အသုံးချနိုင်မှာ ဒီဖြတ်လမ်းတစ်ခုပဲရှိတယ်.. အဲလိုတွေအသုံးချနိုင်ပြီဆိုတော့မှ grammar ဘက်ကနေ အမှားနည်းအောင်ပြန်ထိန်းသွားရမှာ.. အဲဒါကြောင့် ဒီလူနဲ့သင်ရင် ဒီလူပေးတဲ့နည်းကို ဒီလူပြောတဲ့အတိုင်း 100% လုပ်နိုင်မှ ဒီလူအာမခံတဲ့ level ရောက်မယ်ခင်ဗျ..
အခုမှစသင်ယုံပဲရှိပါသေးတယ်ခင်ဗျာ.. သင်ကြားရေးက ရုပ်လုံးမပေါ်သေးပါဘူး အဲဒါကြောင့် ကျွန်တော့ကိုမျက်စိစုံမှိတ်ယုံကြည်ပေးထားပါ.. ကျွန်တော်ပြောတဲ့အတိုင်းသာလိုက်လုပ်ပါ လက်တွေ့အသုံးချတဲ့ဆီကိုရောက်ဖို့အတွက် at least two times faster than any other methods ဘယ်လိုနည်းထက်မဆို အနည်းဆုံး နှစ်ဆမြန်စေရမယ်လို့အာမခံပါတယ်.. ပြောတဲ့အတိုင်းလုပ်ရဲ့သားနဲ့မဖြစ်လာဘူးဆိုရင်ပြောပါ.. I am a liar ဆိုတဲ့စာတန်းကိုလည်ပင်းမှာဆွဲပြီး မြို့တော်ခန်းမရှေ့မှာရပ်နေပါ့မယ်
No comments:
Post a Comment