ဒီတစ်ခါ S.V.M အတွဲကိုလေ့ကျင့်ကြည့်ပါမယ်..
Manner (how)
manner က ဝါကျတစ်ခုမှာ verb ကို (ဘယ်လို) ဆိုတဲ့အဓိပ္ပာယ်နဲ့ အင်အားလိုက်ဖြည့်ပေးတာပါ..
စားတယ် ဆိုရင်လည်း ဘယ်လိုစားတာလဲ ပြောတယ် ဆိုရင်လည်း ဘယ်လိုပြောတာလဲ ဆိုတဲ့အချက်တွေဖြည့်ပေးတာပါ.. manner ရဲ့ ပုံသေနည်းကိုတော့ အလွတ်ရနေမှဖြစ်ပါမယ်..
Manner
1. adverb
2. preposition + noun
အဲဒီ ပုံသေနည်းနှစ်ခုထဲက တစ်ခုခုနဲ့သုံးပေးရပါမယ်..
Example
1. သူ အင်္ဂလိပ်စကား ကောင်းကောင်း ပြောတတ်တယ်
ဒီဝါကျမှာ ပြောတတ်တယ်ဆိုတဲ့ verb ကို ဘယ်လိုပြောတတ်တာလဲ ဆိုတဲ့အဓိပ္ပာယ်နဲ့အားဖြည့်ထားပါတယ်..
ကောင်းကောင်း (manner) well / very well
He speaks English very well.
အခုပေးထားတဲ့လေ့ကျင့်ခန်းတွေထဲက manner တွေကိုရွေးထုတ်နိုင်ရပါမယ်.. ရတာတွေကိုပဲဖြေပါ.. မသိရင်ကျော်သွားပါ manner ကိုမသိရင် manner ကိုပဲကျော်ပါ.. ကျန်တာတွေတော့ရေးပါ..
Exercises
S.V.(M)
Subject : Doer of the verb (- က)
Manner : Manner helps the verb with the meaning of ‘how’.
Subject (noun / pronoun)
Manner (adverb / preposition + noun)
1. ဒီကောင် တော်တော် စကားများတယ် (talkative . adj: စကားများ)
2. မင်းအစ်ကိုက တော်တော်အရပ်ရှည်တာပဲ
3. သူတို့ ခပ်သွက်သွက်လေး ထွက်သွားကြတယ် (leave/ go out)
4. သူ တိတ်တိတ်လေး ထိုင်နေတယ်
5. သူ တော်တော်လေး ဒေါသထွက်နေတယ်
6. မင်းသူငယ်ချင်းက အင်္ဂလိပ်လို ပြောနေတာ
7. သူ သူ့သူငယ်ချင်းတွေနဲ့ အပြင်ထွက်သွားတယ်
8. သူ အရမ်းကြီးကို စဉ်းစားနေတာ
9. ကလေးတွေ ဆူဆူညံညံနဲ့ ကစားနေကြတယ်
10. သူ အသေးစိတ် ရှင်းပြသွားတယ် (detail . n: အသေးစိတ်)
11. အခက်အခဲပေါင်းများစွာနဲ့ပဲ သူအောင်မြင်သွားတယ် (succeed . v: အောင်မြင်)
12. မိုးတွေ သဲကြီးမဲကြီး ရွာနေတယ် (heavily . adv)
13. မင်း လုံး၀ မှန်တယ် (absolutely/ totally/ completely . adv: လုံး၀)
No comments:
Post a Comment