Frequency adverbs
Positive Group
1. always (100%)
2. almost always
3. usually
4. often
5. frequently
6. generally
7. sometimes
8. occasionally
Negative Group (no နှင့်တူသော frequency adverbs)
1. never (0%)
2. hardly (ever)
3. rarely
4. seldom
အခြေခံအဆင့်အတွက် တစ်ချို့စကားလုံးတွေ ဖယ်ပစ်လိုက်ပါတယ်
Positive
1. always : အမြဲတမ်း
2. usually : များသောအားဖြင့်
3. often : ခဏခဏ
4. sometimes : တစ်ခါတစ်လေ
# usually ကို တစ်ခါတစ်လေမှာ (-များတယ်) ဆိုတဲ့ပုံစံနဲ့လည်းဘာသာပြန်ပါတယ်
He usually arrives home around five.
(သူက များသောအားဖြင့်တော့ အိမ်ကို ငါးနာရီလောက်ပြန်ရောက်ပါတယ်)
(သူက ငါးနာရီလောက်မှာ အိမ်ပြန်ရောက်တာ များပါတယ်)
# sometimes ကိုသုံးတဲ့အခါမှာ အရေးအကြီးဆုံးက -s ပါ.. အဲဒီ (s) မပါရင် တစ်ခါတစ်လေ ဆိုတဲ့အဓိပ္ပာယ်မထွက်တော့ ပဲ အတိတ်နဲ့ အနာဂတ်ကို ရည်ညွှန်းတဲ့ (တစ်ချိန်ချိန်မှာ / တစ်ခါတုန်းက) ဆိုတဲ့အဓိပ္ပာယ်ပေါက်သွားပါတယ်
Negative
1. never : ဘယ်တော့မှ / ဘယ်တုန်းကမှ
2. hardly : မလုပ်သလောက်
# hardly (ever)
အပြည့်အစုံသုံးပါဆိုရင် (ever) ပါရမှာပါ.. ဒါပေမယ့် ဒီဘက်ခေတ်မှာ ဘယ်သူမှ (ever) ထည့်မသုံးတော့ပါဘူး
အရေးအကြီးဆုံးအချက်က သူဟာ negative အဓိပ္ပာယ်ဆိုတာ မမေ့ဖို့ပါပဲ..
Example
သူက စာကြိုးစားတယ် ဆိုတဲ့စကားကိုပြောရင် hardly လို့သုံးမိတတ်တာများပါတယ် ဘာဖြစ်လို့လဲဆိုတော့ hard ကို adj လို့ပဲသိထားကြလို့ပါ.. အဲလိုသုံးမိတော့ ကိုယ်ပြောချင်တာနဲ့ ဆန့်ကျင်ဘက်ပါဖြစ်သွားပါတယ်
She studies hardly.
(သူ စာမကြည့်သလောက်ပါပဲ)
She studies hard.
(သူ စာကြိုးစားတယ်)
# hard (adj) : မာသော / ခက်သော
# hard (adv) : ပြင်းပြင်းထန်ထန် / ကြိုးကြိုးစားစား
Frequency adverbs တွေကို ဝါကျတစ်ခုမှာထည့်သုံးတဲ့အခါမှာ တစ်ချို့စကားလုံးတွေက ဝါကျရဲ့ ရှေ့ / လည် / နောက် နေရာသုံးမျိုးလုံးမှာ ထားလို့ရပါတယ်.. ဒါပေမယ့် အဲဒါကို အချိန်ကုန်ခံပြီးမလေ့လာသင့်ပါဘူး (အခြေခံအဆင့်အတွက်ပြောတာပါ) အမြဲမှန်နိုင်မယ့်နေရာကိုပဲ မှတ်ထားရပါမယ်..
# frequency adverb တွေကို subj ရဲ့နောက်ကပ်လျှက်မှာထားပါ
# (be) ပါလာရင် (be) ရဲ့နောက်မှာထားပါ (မေးခွန်းပုံစံမပါ)
He often plays tennis.
(သူ tennis ခဏခဏ ရိုက်တယ်)
He is sometimes difficult.
(သူက တစ်ခါတစ်လေ လက်ပေါက်ကပ်တယ်)
No comments:
Post a Comment