Tuesday, October 15, 2019

18.

have to
want to
need to

ဒီစကားလုံးတွေရဲ့နောက်မှာ base form verb တစ်လုံးထည့်ပြီးသုံးရပါတယ်.. base form verb ဆိုတာ -s, -es, -ing, -ed, -en အဲလိုတွေမပေါင်းထား မပြောင်းထားပဲ မူရင်းအတိုင်းရှိနေတဲ့ verb ကိုခေါ်တာပါ.. dictionary word လို့လည်းခေါ်ပါတယ်.. dictionary မှာ တိုက်ရိုက်ရှာလို့ရတဲ့စကားလုံးပါ.. ဥပမာ drive ကိုရှာရင် အဓိပ္ပာယ်ပေးပါတယ်.. ဒါပေမယ့် drove ဆိုပြီးရှာလိုက်ရင် အဓိပ္ပာယ်တိုက်ရိုက်မပေးပါဘူး drive ကိုကြည့်ပါလို့ပဲပြောပါတယ်..

have to : -ရမယ် / -ရတယ်
want to : -ချင်တယ်
need to : -ဖို့လိုတယ်

I have to study tonight.
(ဒီည စာကြည့်ရမယ်)

She has to cook because no one else to help.
(ကူမယ့်သူဘယ်သူမှမရှိတော့ သူပဲချက်ရတယ်)

I want to go home.
(အိမ်ပြန်ချင်တယ်)

I want to study abroad.
(နိုင်ငံခြားမှာ ပညာသင်ချင်တယ်)

# abroad / aboard / downtown / upstairs / downstairs / downhill အဲဒီစကားလုံးတွေက (adverb) တွေဖြစ်နေတာကို အမြဲသတိထားရပါမယ်.. ဗမာလိုအတွေးနဲ့ noun မှတ်ပြီး preposition တွေထည့်သုံးမိတတ်ကြပါတယ်.. ကျွန်တော်လည်းမသိခင်က အဲလိုသုံးမိပါသေးတယ်

Examples
1. She will go abroad.
(သူ နိုင်ငံခြားသွားမှာ)
2. Now I am aboard.
(ငါအခု လှေ / ရထား ပေါ်မှာ)
3. She went downtown yesterday.
(သူမနေ့က မြို့ထဲသွားတယ်)
4. They are studying upstairs.
(သူတို့အပေါ်ထပ်မှာ စာကြည့်နေကြတယ်)
5. Rivers flows downhill.
(မြစ်တွေက တောင်ခြေကို စီးဆင်းတယ်)
===============================

want obj to : -စေချင်တယ်

I want to be a doctor.
(ငါ ဆရာ၀န်ဖြစ်ချင်တယ်)

My parents want me to be a doctor.
(ငါ့မိဘတွေက ငါ့ကို ဆရာ၀န်ဖြစ်စေချင်တာ)

I want to go abroad.
(ငါ နိုင်ငံခြား သွားချင်တယ်)

I want you to go abroad.
(ငါ မင်းကို နိုင်ငံခြားထွက်စေချင်တယ်)
===============================

want : လိုချင်တယ်

I want a piece of rope.
(ကြိုးတစ်ချောင်းလိုချင်တယ်)

I want some money.

need : လိုတယ်

You need to wait for the instruction.

No comments:

Post a Comment