Tuesday, February 7, 2017

Online Class (Part.5)

Online Class (Part.5)
°°°°°°°°°°°°°°°°°°°°°°°
Possessive Case
°°°°°°°°°°°°°°°°°°

Possessive case (-ရဲ့ ပါတဲ့စကားစု)
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
# (-ရဲ့) ပါတဲ့စကားစုဆို​ပေမယ့်​ စကား​ပြောတဲ့အခါမှာ ရဲ့ က​ပျောက်​​နေတတ်​ပါတယ်​ #

ဥပမာ .. ငါ့ယုံကြည်​ချက်​ (= ငါ့ရဲ့ယုံကြည်​ချက်​)
              သူတို့ကိစ္စ (= သူတို့ရဲ့ကိစ္စ)

အဲလိုစကားစု​တွေကို အင်္ဂလိပ်​ဘာသာစကားမှာ
Possessive case လို့​ခေါ်ပါတယ်​...
ဒါက အဓိပ္ပါယ်​...

သူ့ရဲ့ဖွဲ့စည်းပုံက..

Possessive case
°°°°°°°°°°°°°°°°
1. Possessive adjective + noun
2. (-'s / -s') ➳ လူ
3. (the) noun of (the) noun ➳ တိရစ္ဆာန်​ / သက်​မဲ့

•••••••••••••••••••••••••••••••••••••••••••••••••••••••

1. Possessive adj + noun
°°°°°°°°°°°°°°°°°°°°°°°°°°
# possessive adjective ဆိုတာ pronoun ဇယားကွက်​ရဲ့
    တတိယ အကွက်​က စကားလုံး​တွေပါ #
    (my,our,your,their,his,her,its)

Examples
°°°°°°°°°°
➳ ငါတို့​ကျောင်း (= ငါတို့ရဲ့ + ​ကျောင်း)
     Our school

➳ သူတို့ဦး​လေး (= သူတို့ရဲ့ + ဦး​လေး)
     Their uncle

➳ သူ့ပြဿနာ (= သူ့ရဲ့ + ပြဿနာ)
     His/Her problem

••••••••••••••••••••••••••••••••••••••••••••••••••••••••••

2. (-'s / -s') ➳ လူ
°°°°°°°°°°°°°°°°°
# (ငါ့ရဲ့ / ငါတို့ရဲ့) ဆိုတာမျိုး​တွေက pronoun ထဲမှာရှိ​နေ​ပေမယ့်
    ( Julia ရဲ့ / Mary ရဲ့ ) တို့ကျ​တော့ pronoun ထဲမှာမရှိလို့...
    အဲလိုဟာမျိုးကျရင်​ (-'s) ဒါမှမဟုတ်​ (-s') ကိုသုံးပါတယ်​...

Examples
°°°°°°°°°°
➳ Justin ရဲ့ဖုန်း
    ( Justin's phone )

➳ Mary ရဲ့သား
     ( Mary's son )

** သုံးမယ့်​ noun က -s နဲ့ဆုံး​နေတာ​ဆိုရင်​ (-s') ကိုသုံးပါ **

➳ ​ယောက်ျား​လေး​တွေရဲ့အခန်း
     ( boys' room )

➳ သူငယ်​ချင်း​တွေရဲ့မြို့
     ( friends' town )

••••••••••••••••••••••••••••••••••••••••••••••••••••••••••••

3. (the) noun of (the) noun ➳ တိရစ္ဆာန်​ / သက်​မဲ့
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
(of) က -ရဲ့ လို့အဓိပ္ပါယ်​ယူပါ...
# ဒီပုံစံကအခက်​ဆုံးပါ #
# noun နှစ်​ခုမှာ အ​ရှေ့က noun က ဆိုလိုရင်း လို့မှတ်​ပါ #

# possessive case က -ရဲ့ ဆိုတဲ့စကားလုံးကို အဓိကယူပြီး
    ဖွဲ့စည်းပုံ​ရွေးရတာပါ #

# ကိုယ်​သုံးမယ့်​ -ရဲ့ က pronoun ထဲမှာရှိရင်​ pronoun ထဲက
    ယူမယ်​ မရှိရင်​ လူ လား တိရစ္ဆာန်​/သက်​မဲ့ လား ခွဲမယ်​ #

Examples
°°°°°°°°°°
➳ ပုလင်းအဖုံး (= ပုလင်းရဲ့ အဖုံး)
အဲဒီ ပုလင်းရဲ့ ဆိုတဲ့စကားလုံးက pronoun ထဲမှာမရှိပါ..
ပုလင်းက လူ မဟုတ်​လို့ (-'s / -s') လည်းမရပါ... ဒါ​ကြောင့်​..
တတိယပုံ​သေနည်းဖြစ်​တဲ့ (the) noun of (the) noun ကိုပဲ ​ရွေးရမှာပါ... ​ရွေးပြီးတဲ့အခါမှာ ပုလင်းအဖုံး ဆိုတာ ပုလင်းကို​ပြောချင်​တာလား အဖုံး ကို​ပြောချင်​တာလား​တွေးပါ ဆိုလိုရင်းက အဖုံး ပါ... ဒါ​ကြောင့်​ noun နှစ်​ခုရှိတဲ့အထဲက ဆိုလိုရင်း noun ကို အ​ရှေ့မှာထားရပါတယ်​...

အ​ဖြေက...✌ the lid of the bottle

# ဒီပုံစံက (the) တွေနဲ့သုံးရတဲ့ပုံစံပါ.. (the) ထည့်လို့မရတဲ့ noun တွေကျရင်တော့ ဖြုတ်ရပါမယ် #

## နိုင်ငံတွေ မြို့တွေရှေ့မှာ (the) မထည့်ရပါဘူး ##
* The United States နဲ့ တစ်ချို့နိုင်ငံတွေကတော့ချွင်းချက်ပါ *

••••••••••••••••••••••••••••••••••••••••••••••••••••••••••••

Exercises
°°°°°°°°°°°

1. သူတို့အလုပ်
2. မင်းအစ်ကို
3. Maria ရဲ့ လိပ်စာ
4. သူ့အိမ်တံခါး
5. ရေလှိုင်းသံ
6. Marc အဖေရဲ့မိတ်ဆွေ
7. သူ့ဦးလေးရဲ့စက်ဘီး
8. မြွေအရေခွံ
9. မြန်မာ့အလှ
10. ရယ်စရာကောင်းတဲ့ရုပ်ရှင်
11. ငါ့သူငယ်ချင်းတွေရဲ့ကျောင်း

••••••••••••••••••••••••••••••••••••••••••••••••••••••••••••
••••••••••••••••••••••••••••••••••••••••••••••••••••••••••••

Answer Keys
°°°°°°°°°°°°°°

1. Their work
2. Your brother
3. Maria's address
4. The door of his/her house
5. The sound of the wave
6. Marc's father's friend
7. His/Her uncle's bike
8. The skin of the snake
9. The beauty of Myanmar
10. Funny movie
11. My friends' school

No comments:

Post a Comment