Tuesday, February 7, 2017

Online class (Part.4)

Online class (Part.4)
°°°°°°°°°°°°°°°°°°°°°°°
Modified noun
°°°°°°°°°°°°°°°°

Noun တွေနဲ့ပက်သက်ပြီးအသေးစိတ်ရှင်းပြီးသားမို့ အဓိကအချက်ကိုပဲပြန်ဆွဲထုတ်ကြည့်ရအောင်....

1. နာမည်ပေးထားတာမှန်သမျှ Noun
2. Noun မှန်သမျှ တစ်လုံးတည်းနဲ့ရပ်တည်လို့ရတယ် ဒါပေမယ့်
    မရေရာဘူး အများသဘောသက်ရောက်နေတယ်...

အဲဒီတော့ မရေရာ မရှင်းလင်းတဲ့ noun တွေကို ထင်သာမြင်သာ ရှင်းလင်းသွားအောင်လုပ်ချင်ရင် adjective အကူအညီယူရပါတယ်...
အဲလို adjective အကူအညီယူထားတဲ့ noun တွေကို
Modified noun (အထူးပြုထားပြီးသော noun) လို့ခေါ်ပါတယ်...
ဒါက သူ့အကြောင်း...

ဒါဆိုရင် Modified noun ဘယ်လိုဖွဲ့စည်းထားလဲဆိုတာကို ကြည့်ရအောင်...

Modified noun
°°°°°°°°°°°°°°°°
1. adj + noun
2. noun + noun

ဖွဲ့စည်းပုံကိုအားလုံးကို အလွတ်မှတ်ရမှာဆိုပေမယ့် No.2 ကို မစဉ်းစားပါနဲ့အုံး

** adj က noun ကို modify လုပ်ရင် အဲဒီ noun ရဲ့အရှေ့ဘက်မှာနေတယ် **

Examples
°°°°°°°°°°
လူ >> noun
ချမ်းသာတဲ့လူ >> Modified noun

adj က အရှေ့မှာပဲရှိရမှာမို့.... အဖြေက (rich man)

အဲဒီတော့ စာကြောင်းထဲမှာ rich man လိုဟာမျိုးတွေ့ရင် modified noun လို့မြင်တတ်ရပါမယ် ဒီထက်အရေးကြီးတဲ့အချက်က modified noun ဆိုတာလည်း noun ပဲဆိုတဲ့အသိရှိနေရမှာပါ... ဆိုလိုတာက နောက်ပိုင်း level မြင့်လာတဲ့အခါမှာ grammar ပုံစံတွေချပေးရင် ဒီနေရာမှာ noun ပဲရှိရမယ်တို့ noun နဲ့ပဲတွဲရမယ်တို့ ဆိုပြီးတော့ပဲပြောမှာပါ အဲဒီအခါမှာ သဘောပေါက်ထားရမယ့်အချက်က noun ဆိုတိုင်း တစ်လုံးတည်းပဲလာမယ်လို့ မမှတ်ရတော့ပါဘူး noun နေရာတိုင်းမှာ modified noun ဆိုပြီး အတွဲလိုက်လည်း လာတတ်တယ်ဆိုပြီးသိထားရပါမယ်...
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

Exercises
°°°°°°°°°°

1. သစ်ပင်ကြီး
2. ကားအဟောင်း
3. ပုံပြင်သစ်
4. လူပိန်
5. တောက်ပတဲ့အရောင်
6. ထူးဆန်းတဲ့အပြုအမူ
7. လူပျင်း
8. ဓားထက်ထက်
9. အခန်းလွတ်
10. ညစ်ပတ်နေတဲ့လက်

••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

Answer Keys
°°°°°°°°°°°°°°

1. Big tree
2. Old car
3. New story
4. Thin man
5. Bright color
6. Strange behavior
7. Lazy guy
8. Sharp knife
9. Empty room
10. Dirty hand

No comments:

Post a Comment