Noun Part ( 1 )
Noun
A noun is a naming word . The names of persons , animals , things and places are called nouns. နာမ် ဆိုတာ အမည် - နာမ - နာမည် များ ဖြစ်ကြပါတယ် ။
အမည်ပေးစကားလုံးတွေပါ ။လူသတ္တ၀ါ များနှင့် သက်မဲ့ ပစ္စည်း အ မျိုးမျိုး တို့၏အမည် အခေါ်အဝေါ်များကို နာမ်ဟုခေါ်ပါသည် ။
Five Kinds of Noun = နာမ် ငါးမျိုး
1. Proper Nouns = လူအမည် နှင့် အခြား တစ်သီးပုဂ္ဂလ အမည်
2. Common Nouns = အများနှင့် ဆိုင်သော အမည်များ
3. Abstract Nouns = စိတ္တဇ နာမ်
4. Collective Nouns = အစုအပေါင်း တစ်ခုကို နာမည်တစ်ခု ပေးပြီးခေါ်ခြင်း
5. Material Nouns = တစ်ခု နှစ်ခု ဟု ပိုင်းခြား၍မရသော ရေ-လေ- မြေ -သတ္တု -သစ်သား တို့ကဲ့သို့ အခြေခံ ၀တ္တု ပစ္စည်း
တကယ်တော့ အင်္ဂလိပ်သဒ္ဒါ မှာ နာမ်ကို လေးမျိုး ခွဲတယ် ငါးမျိုးခွဲတယ်ဆိုတာထက် အရေးကြီးတာက
နာမ်တစ်ခုကို ရေတွက်လို့ ရသလား မရဘူးလား ဆိုတာက ပိုအဓိကကျပါတယ်။ အထက်ကဖော်ပြခဲ့တဲ့ နာမ်တွေကို
ငါးမျိုး ခွဲထားပါတယ်ဆိုတာ ကို ကဗျာလေး နဲ့လေ့လာ ကြည့်ကြရအောင်၊
Five Kinds of Noun ကဗျာ ( ၁ )
လူနံမည် နဲ့ တိရစ္ဆာန် ၊ မှတ်ရန် Proper
အများနဲ့သာ သက်ဆိုင်တာ Common Noun လေးပါ ၊
မြင်သာ မမြင်ကြ ခံစားရ ၊ Abstract Noun လို့ခေါ်သပ ၊
ပေါင်းကြ စုကြ အုပ်စုတွေ ၊ Collective လို့ မှတ်လိုက်လေ ၊
ရေ လေ မြေ နဲ့ သတ္တုများ ၊ Material ခေါ်သဗျား ၊
အများပိုင်နာမ် နဲ့ အစုအဖွဲ့ ၊ CN မှတ်လိုက်ကွဲ့ ၊
ကျန်တဲ့ အရာ UN ပါ ၊ ရေတွက် မရပါ ၊
အမည် ပိုင်တာ ဟူသမျှ ၊ UN မှတ်လိုက်ကြ ၊
UN ရှေ့ မှာ a/ an မရှိ ၊ အဲဒါ မှတ်လိုက်ဘိ ၊
UN ဆိုတာ Singular အဲဒါ မှတ်ကြပါ ။
Five Kinds of Noun / UN & CN ကဗျာ ( ၂ )
လူ -မြို့- အမည် - ကိုယ်ပိုင်ရှိ ၊ UN မှတ် လိုက်ဘိ ၊
ကိုင်တွယ် ထိတွေ့ မရ ပါ ၊ စိတ် နဲ့ ခံစားတာ၊
အဲဒါ ကလည်း UN ဘဲ ၊ မှတ်သားစိတ်မှာစွဲ ၊
အစားအစာ လဲ မှတ်လောက်ဖွယ် ၊ UN မှတ်ပါကွယ် ၊
အများပိုင်တယ် ဆိုရင်တော့ ၊ CN လေးဘဲပေါ့၊
အစုအဖွဲ့ ကိုတော့ မှတ်လို့ထား၊ CNလေးတဲ့လား ။
အလေးထားကာ အုပ်စု ခွဲ ၊ UN / CN ဘဲ ။
ကဗျာ ထဲမှာ ဘယ်လိုအမျိုးအစားတွေက ဘယ်လိုနာမ်ဆိုတာကို ပြောပြထားသလို အဲဒီ နာမ် ငါးမျိုးထဲမှာ အများပိုင်နာမ်နဲ့ အစုအဖွဲ့ နာမ်တွေသာလျှင် ရေတွက်လို့ ရတဲ့ နာမ်တွေ ဆိုတာကို ရွတ်ဆိုလေ့ကျင့် ခြင်းဖြင့် သိနားလည်သွားနိုင်ပါတယ်၊ လေ့လာသူများအနေ နဲ့ ဆက်သိထားရမှာက အမျိုးအစား နာမ်တစ်ခုစီ ရဲ့ ခေါင်းစဉ်အောက် မှာ ဘာတွေ ပါသလဲ ဆိုတာပါဘဲ ၊
တစ်မျိုးစီတွေကို နမူနာရေးပြထားပါတယ်၊
{ 1 } Proper Nouns = အောက်ပါတို့သည် ကိုယ်ပိုင်နာမ် များ ဖြစ်ကြသည် ၊
1 Daw Aye Kyaw = ဒေါ်အေးကျော်
2 Yangon = ရန်ကုန်
3 Myeik = မြိတ် မြို့
4. Shan State = ရှမ်းပြည် နယ်
5 Kayin = ကရင်
6 America = အမေရိက
7 American = အမေရိကန်
8 India = အိန္ဒိယ
9 Indian = အင်ဒီးယန်း
10 New Zealand = နယူးဇီလန်
2. Common Nouns = အများနှင့် ဆိုင်သောအမည် များ ( အမျိုးတူ ပစ္စည်း လူသူ တို့ကို ဘုံသဘော ခေါ်သောအမည် များ )
Eg/1. man = လူတိုင်းနှင့် သက်ဆိုင်သောအမည်
2. dog = ခွေး တိုင်းကို ခေါ်ရန်ပေးထားသောအမည်
3. table = စားပွဲတိုင်း ကို ခေါ်နိုင်သောအမည်
4. river = မြစ်တိုင်း နှင့် ဆိုင်သောအမည်
5. ocean = သမုဒ္ဒရာတိုင်း နှင့်ဆိုင်သောအမည်
6. pencil = ခဲတန်တိုင်းနှင့် ဆိုင်သောအမည်
7. computer = ကွန်ပျူတာတိုင်းနှင့် ဆိုင်သောအမည်
8. country = တိုင်းပြည်တိုင်း နှင့် ဆိုင်သောအမည်
9. authour = စာရေးဆရာ တိုင်း နှင့် ဆိုင်သောအမည်
10. planet = ဂြိုဟ်တိုင်း နှင့် ဆိုင်သောအမည်
3. Abstract Nouns = ရုပ်ဝတ္တု ပစ္စည်း မရှိဘဲ စိတ်ကူးနှင့်သာ ဖော်ပြ၍ ရသော သဘောမျိုးကို ဖော်ပြခြင်း ၊အကောင်အထည် မရှိ ၊ မမြင်ရသော နာမ်များ ( စိတ္တဇနာမ် )
Eg/1. happiness = ၀မ်းမြောက်ခြင်း
2. sorrow = ၀မ်းနည်းခြင်း
3. kindness = ကြင်နာမှု
4. laziness = ပျင်းရိမှု
5. pleasure = ပျော်ရွှင်မှု
6. leisure = အားလပ်မှု
7. friendship = မိတ်ဆွေ ဖြစ်မှု
8. childhood = ကလေးဘဝ
9. manhood = ယောင်္ကျားဘဝ
10. honesty = ရိုးသားခြင်း
4. Collective Nouns = အစုအပေါင်းကို နာမည် တစ်ခု ပေးပြီးခေါ်ခြင်း
Collective nouns are groups , especially of people.
အပေါင်းအစုနာမ်များသည် အုပ်စုများ ၊အထူးသဖြင့် လူများ၏အုပ်စုများ ဖြစ်ကြပါသည်၊
Eg/1. group = အုပ်စု
2. crowd = လူစု
3. army = စစ်တပ်
4. navy = ရေတပ်
5. family = အိမ်ထောင်စု ၊ မိသားစု
6. class = အတန်း
7. team = အသင်း - အဖွဲ့
8. pair = အစုံ
9. troop = စစ်တပ် ( စစ်သားစု )
10. comttee = ကော်မတီအဖွဲ့
11. government = အစိုးရ
12. company = ကုမ္ပဏီ ၊ အဖော် ၊ ဧည့်ပရိတ်သတ်၊လူအများ
13. BBC = ဗြိတိသျှ ရေဒီယို ၊ရုပ်သံ လွှင့်ရေး ကော်ပိုရေးရှင်း
အထက်ပါ အစုအဖွဲ့တွေကို အောက်ပါအတိုင်းရေးပါသည်၊
1. a group of young girls = မိန်းမငယ် တစ်စု
2. a group of young men = လူငယ်တစ်စု
3. a flock of sheep = သိုးတစ်အုပ်
4. a bunch of keys = သော့တစ်တွဲ
5. a bunch of bananas = ငှက်ပျောသီး တစ်ခိုင်
6. a set of buttons = ကြယ်သီး တစ်စုံ
7. a pair of scissors = ကတ်ကြေးတစ်လက်
8. a pair of pants = ဘောင်းဘီရှည် တစ်ထည်
9. a pair of slippers = ဖိနပ်တစ်ရံ
10. a pair of trousers = ဘောင်းဘီရှည်တစ်ထည်
10. a pair of shorts = ဘောင်းဘီတိုတစ်ထည်
11. a hive of bees = ပျားတစ်အုံ
12. a litter of pups = ခွေးကလေး တစ်မ ( a litter =တိုလီမုတ်စ များ)
13. a yoke of oxen = နွားထီးတစ်ရှဉ်း
14. a pair of pliers = ပလိုင်ယာတစ်ခု
15. a pair of spectacles = မျက်မှန်တစ်လက်
16. a gang of thieves = လူဆိုးဂိုဏ်းတစ်ဂိုဏ်း
17. a staff of teachers = ဆရာ -ဆရာမ အမှုထမ်းတစ်စု
18. an army of soldiers = စစ်တပ်တစ်တပ်
19. a crew of sailors = သေဘာၤေပၚမွ သေဘၤာသားတစ္အုပ္စု
20 a class of pupils = တပည့်များ၏ စာသင်ခန်းတစ်ခန်း
5. Material Nouns = တစ်ခု နှစ်ခု ဟူ၍ ပိုင်းခြား လို့မရသော ရေ -လေ -မြေ - သတ္တု - သစ်သား တို့လို အခြေခံ ပစ္စည်း များကို Material Nouns ခေါ်သည် ။
1. water = ရေ
2. air = လေ
3. earth = မြေကြီး
4. mud = ရွှံ့
5. sand = သဲ
6. wood = သစ်သား
7. chalk = မြေဖြူ
8. cotton = ၀ါဂွမ်း
9. cloth = အ၀တ်စ
10 leather = သားရေ
11. plastic = ပလပ်စတစ်
12. metal = သတ္တု
13. gold = ရွှေ
14. silver = ငွေ
15. rice = ဆန် -ထမင်း
16. wheat = ဂျုံ
17. bread = ပေါင်မုန့်
18. sugar = သကြား
19. salt = ဆား
20. meat = အသား
21. beef = အမဲသား
22. pork = ၀က်သား
23. mutton = ဆိတ်သား
24. curry = ဟင်း
25. oil = ဆီ
26. milk = နို့
27. tea = လက်ဖက်ရည်
28. coffee = ကော်ဖီ
29. paper = စက္ကူ
30. ink = မင်
31. grass = မြက်
32. stone = ကျောက် ( ကျောက်တုံး -ကျောက်ခဲ ကိုမဆိုလိုပါ )
33. news = သတင်း
34. rain = မိုး
35. flour = ဂျုံ မှုန့်
36. furniture = အိမ်ထောင်ပရိဘောဂ
37. tobacco = ဆေးရွက်ကြီး
38. iron = သံ
39. food = အစားအစာ
40. hair = ဆံပင်
41. fruit = သစ်သီး
42. garlic = ကြက်သွန်ဖြူ
43. soup = ဟင်းချို
44. snow = နှင်း
45. ruby = ပတ္တမြား
46. paddy = စပါး
47. teak = ကျွန်းသစ်
48. steel = သံမဏိ
49. lead = ခဲ
50. soap = ဆပ်ပြာ
Uncountable Noun (ရေတွက်၍ မရသော နာမ်များ)
တစ်ခု နှစ်ခု ကိုင်တွယ် ရေတွက် ၍ မရသော နာမ်ပုဒ်များကို အများကိန်းပြောင်း၍ မရပါ ၊ စိတ္တဇ နာမ်များ ( စိတ်ထဲမှာသာရှိပြီး ၊ ရုပ်ဝတ္တု အကောင်အထည် မရှိတဲ့နာမ် များ) ကိုလည်း ရေတွက်လို့ မရပါဘူး၊ အကယ်၍ အများကိန်းပြုလုပ်လိုလျှင် ၄င်းတို့ရှေ့ မှ
1. some
2. much
3. all
4. a lot of
5. plenty of
6. a piece of
7. a bottle of
8. a pot of
9. a tin of
10. a packet of
11. a bowl of
12. a slice of စသဖြင့် များထည့်၍ အများကိန်းပြုလုပ်နိုင်ပါသည်။
Some Uncountable Nouns အသုံးများ တဲ့ ရေတွက် ၍ မရသော နာမ်အချို့
1. advice = အကြံဥာဏ်
2 gold = ရွှေ
3 silver = ငွေ
4. ruby = ပတ္တမြား
5 iron = သံ
6 steel = သံမဏိ
7 information = သတင်းအချက်အလက် သုတ
8 knowledge = ဗဟုသုတ
9 coffee = ကော်ဖီ
10. tea = လက်ဖက်ရည် -လက်ဖက်ခြောက်
11. oil = ဆီ
12. honey = ပျားရည်
13. soup = ဟင်းချို
14. string = ကြိုး
15. sugar = သကြား
16. flour = ဂျုံမှုန့်
17. wheat = ဂျုံ
18. milk = နို့
18. meat = အသား
20. money = ငွေ- ပိုက်ဆံ
21. soap = ဆပ်ပြာ
22. fruit = သစ်သီး ( အစာသဘော )
23. fish = ငါး ( သား -ငါး)
24 glass = ဖန်- မှန် ( ကုန်ကြမ်းပစ္စည်း )
25 wood = သစ်သား
26 clothing = အ၀တ်အစား
27. cloth = အ၀တ်စ ၊ အထည်စ
28. food = အစားအစာ
29. rice = ဆန် ၊စပါး၊ ထမင်း
30. bread = ပေါင်မုန့်
31. chalk = မြေဖြူ
32. furniture = အိမ်ထောင် ပရိဘောဂ
33. grass = မြက်
34. hair = ဆံပင် ၊အမွေး
35. tobacco = ဆေး ၊ ဆေးလိပ် ၊ဆေးတံသောက်သည့်ဆေး ၊
36. rain = မိုး ၊ မိုးရေ
37. air = လေ
38. water = ရေ
39. salt = ဆား
40. paper = စက္ကူ
41. news = သတင်း
42. butter = ထောပတ်
45. scenery = ရှုမျှော်ခင်း
46. stone = ကျောက် ( ကုန်ကြမ်း)
47. beef = အမဲသား
48. pork = ၀က်သား
49. garlic = ကြက်သွန်ဖြူ
50. paddy = စပါး
51 cotton = ၀ါဂွမ်း
52. lead = ခဲ
53. teak = ကျွန်းသစ်
54 fire = မီး
55 sand = သဲ
56 petrol = ဓာတ်ဆီ
57 joke = ပျက်လုံး
58 electricity = လျှပ်စစ်
59. chocolate = ချောကလက်
60. accident = မတော်တဆ ဖြစ်ပျက်မှု
61 work = အလုပ်
62 music = ဂီတ
63. homework = အိမ်စာ
64. snow = နှင်း
65. cream = မလိုင်
66. light = အလင်းရောင်
67. love = အချစ်
68. anger = ဒေါသ
69. heat = အပူ
70. kindness = ကြင်နာခြင်း
71. hardness = ကြမ်းတမ်းခြင်း
72 happiness = ပျော်ရွှင်ခြင်း
73. laziness = ပျင်းခြင်း
74. heat = အပူ
75. cool = အအေး( အေးမြခြင်း)
76. cotton = ၀ါဂွမ်း ( ချည်)
77. mutton = ဆိတ်သား
78. height = အလျှား
79. length = အမြင့်
80. friendship = မိတ်ဆွေ ဖြစ်ခြင်း
81. earth = ကမ္ဘာမြေကြီး
82. mud = ရွှံ့
83. plastic = ပလပ်စတစ်
84. meat = အသား
85. leather = သားရေ
86. pleasure = ကျေနပ် ပျော်ရွှင်မှု
87. sorrow = ၀မ်းနည်းမှု
88. curry = ဟင်း
89. weather = မိုးလေ၀သ
90. cheese = ဒိန်ခဲ
91. toast = ပေါင်မုန့်မီးကင်
92. luggage = ခရီးသည်တို့၏၀န်စည်စလယ်
93. paddy = စပါး
94. honesty = ရိုးသားခြင်း
95. wisdom = ပညာဥာဏ်
96. darkness = အမှောင်
97. cleverness = လိမ္မာခြင်း
98. truth = အမှန်တရား
99. whiteness = ဖြူစင်ခြင်း
100. sunshine = နေရောင်ခြည်
101. time = အချိန်
102. smoke = မီးခိုး
103 diamond = စိန်
104. sapphire = နီလာ
105. emerald = မြ
106. jade = ကျောက်စိမ်း
107. amber = ပယင်း
108. coral = သန္တာ
109. pearl = ပုလဲ
110. pyrope = ဂေါ်မုတ်
111. topaz = ဥဿဖယား
112. quartz = သလင်းကျောက်
113. spinel = အညံ့( ဇီး )
114. agate = မဟူရာကျောက်
115. imperial jade = မြရည်ဝင်ကျောက်စိမ်း
116. the nine gems = န၀ရတ် ၉ပါး
117. medicine (UN) = ဆေးပညာ
118.journalism = သတင်းပညာ
*medicine/ medicines ( CN)= ဆေးဝါး
( ဆေးဝါးဆိုရင်ရေတွက်လို့ရတယ် ၊ဆေးပညာ ကတော့ ရေတွက်လို့မရတဲ့ UN ပါ )
ရေတွက်၍ မရသော နာမ် များလို့ လွယ်လွယ် နဲ့ ပြောလိုက်ပေမယ့် -လက်တွေ့ မှာနည်းနည်းတော့ အခက်အခဲတွေ့နိုင်ပါတယ် ၊ ဘာဖြစ်လို့လဲဆိုတော့ -တစ်ချို့ အင်္ဂလိပ်စာလုံးတွေဟာ မြန်မာ တွေ အနေနဲ့ -ရေတွက်လို့ ရတယ်လို့ထင်မှတ်မှားတာ မျိုးတွေ ရှိပါတယ်၊ ဥပမာ - စက္ကူ တို့ ၊ပေါင်မုန့် တို့ ၊ ပိုက်ဆံတို့ပေါ့။
paper , money ,bread တွေ ဟာရေတွက်လို့ မရပါဘူး၊
medicine =ဆေးပညာ UN ( ဒါမှမဟုတ်) ဆေးဝါး CN ရှိတယ်ဆိုတာရော မှတ်ထားရမည်။
ကလေးများအတွက် မေတ္တာဖြင့်
Primary English : { 32 } Grammar & Poem for Kids
ကလေးများအတွက် ကဗျာ နှင့် သဒ္ဒါ စာစဉ်များ
Noun Part { 2 }
ကဗျာနဲ့ သဒ္ဒါ ကဏ္ဍမှာ အောက်ပါ ကဗျာလေးကို စိတ်ထဲကဆိုတာထက် အသံထွက် ရွတ်ဆိုကြည့်ပါ ၊
* ပြထားတာတွေကို ကဗျာမှာ ထည့်မဆိုပါနဲ့ ၊ကဗျာထဲ မှာ ရေတွက်လို့မရတဲ့ Uncountable Noun နာမ်တချို့ကို မှတ်လို့လွယ်ကူအောင် ထည့်သွင်းစပ်ဆိုထားပါတယ် ၊ ဒီကဗျာလေးကို ဆိုရင်းနဲ့ဘဲ ဖြစ်ဖြစ် ကျက်ရင်းနဲ့ဘဲဖြစ်ဖြစ် ၊ ဖတ်ရင်းနဲ့ဘဲ ဖြစ်ဖြစ် UN တွေကို သိသွားစေဖို့ ရည်ရွယ်ပါသည်။
ရေတွက်၍ မရသော နာမ်အချို့  အကြောင်း ကဗျာ ( ၁ )
ရေတွက် မရ နာမ်အချို့ ၊ ငါ တို့ မှတ်ကြစို့ ၊
အကြံဥာဏ် ဟာ advice အဲ ဒါ မှတ်ထားလိုက် ၊
တွင်း နှိုက်ရတဲ့ ရတနာ ၊ gold , silver , ruby ပါ ၊
အသိပညာသတင်းပေး ၊ information , knowledge လေး ၊
coffee , tea လေးခပ်ခါးခါး၊ sugar , flour , နို့ -အသား ၊ *( milk , meat )
money များက ငွေ ပိုက်ဆံ ၊ soap , fruit , fish ကိုမှတ်ကြ ရန်၊
ဖန် -မှန် -သစ်သား (* glass , wood ) ၊ အ၀တ်အစား၊ clothing , cloth ကိုမှတ်ပါလား၊
အစားအစာ food , rice , bread ၊ မြေဖြူ chalk ကိုပျက်အောင်ဖျက် ။
အိမ်ပေါ် ထက်က ပရိဘောဂ ၊ furniture လို့ခေါ်တယ်ဗျ၊
ရှင်းကြ ခုတ်ကြ grass မြက်လေး ၊ hair ဆံပင်မွေး ၊
ဆေးလိပ်ဆေးက tobacco ၊ rain ဆိုတာက မိုး ၊
အကျိုး ရှိတာ ရေ -လေ ပေါ့ ၊ air , water , မှတ်လိုက်ပေါ့၊
salt ဆား paper,news ,butter , ရေတွက် မရပါ ၊
သာသာယာယာ ရှုမျှော်ခင်း ၊ scenery နဲ့ stone ကိုသွင်း ၊
ဘာဟင်းဖြစ်ဖြစ် မှတ်လို့ထား ၊ ၀က် သား ၊ အမဲသား beef ,pork များ၊
garlic ကိုလဲ မမေ့နဲ့ ဗျို့ ၊ ကြက်သွန်ဖြူ လို့ မှတ်လိုက်စို့ ၊
ငါတို့ မှတ်စရာ စုံပြီ လား ၊ Uncountable Noun တဲ့ ဗျား ။
Uncountable Noun တွေမှာ singular သာရှိပြီး plural မရှိဘူးလို့ပြောခဲ့ပါတယ် ၊ အကယ်၍ ရှိခဲ့ရင် ဘာဖြစ်သွားမလဲ ၊ အဓိပ္ပါယ်ပြောင်း သွားမှာပေါ့၊ အဲဒါဟာ ပြဿနာတစ်ခုပါ ၊ဒါကြောင့် ပြဿနာကဗျာ တစ်ခုကို တင်ပြပေးလိုက်ပါတယ် ၊
Fish / Fruit ငါး နဲ့ သစ်သီး ပြဿနာ အဖြေရှာ ( ကဗျာ )
ငါး -သစ်သီး ရဲ့ ပြဿနာ ၊ အထူးမှတ်ကြပါ ၊
စားစရာ လိုသဘောထား ၊ a နဲ့ အများ ရှောင်ပါလား၊
ငါးအကောင်ကိုပြောလိုသော် ၊ a သုံးရမယ်နော်၊
ငါး မျိုးစုံတာ ပြောလိုတော့ ၊ fishes သုံးလိုက်ပေါ့ ၊
မေမေကတော့ ဟင်းချက်တယ် ၊ နေ့တိုင်းပါဘဲ ကွယ်၊
ဈေးတွေ ရယ် ပေါသလား၊ ငါးကို များများ စား၊
အကောင်ငါးကို a သုံးမယ် ၊ singular နဲ့ plural .
ရေ ထဲမယ် ကူးလို့သွား ၊ ရေ ထဲက ငါး fish အများ
အမျိုးအစား မျိုးစိတ် တွေ့ ၊ fishes သုံးလိုက်ဟေ့ ၊
မေ့ မရအောင် မှတ်လို့ထား၊ ငါး နဲ့ သစ်သီး ပြဿနာများ ။
ရှင်းလင်းချက် ။ ။ ငါး နဲ့သစ်သီး ပြဿနာဆိုတာကတော့ ငါးနဲ့ သစ်သီး ကို အနည်းအများအတူတူထားလို့မှတ်ထားပါ ။
fish , fruit , glass , paper ,stone စသည်တို့ဟာ Uncountable Nouns တွေထဲမှာလည်း ပါနေတယ်၊ တစ်ခါ တစ်ခါ ကျတော့လည်း s ပေါင်းတယ် ၊တစ်ခါတစ်ခါ ကျတော့လည်း s မပေါင်းဘူး ၊ a/ an နဲ့ တွဲ မသုံးဘူး၊ ကျောင်းသားတွေ အနေနဲ့ ရှုပ်ထွေး နိုင်တာမို့ ပြဿနာတစ်ရပ်လို သဘောထားပြီး ရှင်းပြပေးပါမယ်။
/
၁။ အဓိက ကတော့ စားစရာလိုသဘော ထားလိုက်မယ်ဆိုရင် ၊
fish နဲ့ fruit ဟာ Uncountable Noun ဖြစ်သွားပါတယ်၊
စားစရာ ငါးဟင်းကို Plural လုပ်လို့ မရ ဘူး ၊ s မပေါင်းရ ဘူး ၊ a မသုံးရဘူး ၊
စားစရာ သစ်သီးကို Plural လုပ်လို့ မရ ဘူး ၊ s မပေါင်းရ ဘူး ၊ a မသုံးရဘူး ၊
၂။ ငါး အကောင်ကို ပြောချင် ရင် a ကိုသုံးရပါမယ်၊ ရေထဲက ငါး တွေကိုတော့ အများကိန်းသဘောယူပါ ၊
၃။ ငါး မျိုးစိတ်ဆိုရင် Fishes ကိုသုံးပါ ၊
၎။ ငါး ဟာ အနည်းကိန်းလည်း fish ဘဲ ၊ အများကိန်းလည်း fish ပါဘဲ ၊ ငါး ကိုအနည်းအများအတူတူထားလို့ပြောတာ အဲဒီအဓိပ္ပါယ်ပါ ၊အောက်ပါ ဥပမာ များကိုလေ့လာပါ။
1. Mother cooks fish every day . မေမေ နေ့တိုင်း ငါး ဟင်းချက်သည်။
2. Fish is cheap . ငါးသည် ဈေးပေါသည်။
3. We must eat a lot of fish . ကျွန်ပ်တို့ ငါးကို များများစားရမည်။
4. He caught a fish yesterday . သူမနေ့က ငါးတစ်ကောင်ဖမ်းမိခဲ့သည်။
5. He caught ten fish yesterday. သူ မနေ့က ငါး ၁၀ ကောင်ဖမ်းမိခဲ့သည်။
6. We caught several fish yesterday. ကျွန်ပ်တို့ မနေ့ကငါးအများကြီး မိခဲ့သည်။
အထက်မှာဖော်ပြခဲ့တဲ့ စာကြောင်းတွေ မှာ အနည်းကိန်းရော အများကိန်းရော fish ဘဲရေးတာကိုသတိပြုပါ၊ ဒါကြောင့် ငါးကို အနည်း -အများအတူတူထားလို့ပြောတာပါ။
7. Fish swim .
ငါးများရေကူးသည်။ရေထဲက ငါးတွေက အများကြီးဘဲ မဟုတ်လား၊ ဒီစာကြောင်းကို သတိပြုပါ။
8. Fish live in water .ငါးများသည် ရေထဲမှာနေသည်။
9. The number of fish in coastal waters has decreased .
ကမ်းရိုးတမ်းရေတွင်နေသော ငါးများသည် အရေအတွက် နည်းပါးလာကြပြီ၊
10. There are some rare fishes lurking in the deeper British lakes.
ဗြိတိန်နိုင်ငံ၏ ရေကန်နက်များတွင် ရှားပါးငါးမျိုးစိတ်များခိုအောင်းနေကြသည်။
11. He studies in particular the fishes of the Indian Ocean .
သူသည် အိန္ဒိယ သမုဒ္ဒရာတွင်နေထိုင်သော ငါးမျိုးစိတ်များကို လေ့လာသည်။
နောက်တစ်ခုက သစ်သီးဆိုတဲ့ fruit ပါ ၊ သစ်သီးဆိုတာ စားစရာ အာဟာရ အဖြစ်ပြောရင် fruit ဟာ Uncountable Noun ဖြစ်ပြီး၊ အလုံးလိုက်သဘော ပြောရင် Countable Noun ဖြစ်ပါတယ်၊
Eg/ 1. Fruit is good for our health.
သစ်သီး ဟာ ကျွန်ပ်တို့၏ ကျန်းမာရေးအတွက်ကောင်းပါတယ် ။( U N )
2. An apple is a fruit .
ပန်းသီးဆိုတာ သစ်သီးပါ ၊ ( C N )
နောက်တစ်ခုက glass ပါ ၊
ဖန်သား - မှန်သားကိုပြောရင် glass ဟာ Uncoutable Noun ပါ ၊ ဖန်ခွက်ကိုပြောရင်တော့ Countable Noun ပါ ။
Eg/ 1. A window is made of glass .( U N ) ပြတင်းပေါက်ကို မှန်နဲ့ လုပ်တယ်၊
2. I want a glass of water .(C N) ငါ ရေ တစ်ဖန်ခွက် လောက်လိုချင်တယ်၊
အောက်ပါတို့ကို မှတ်ပါ ၊
စက္ကူအဓိပ္ပါယ် paper = UN
သတင်းစာ ၊ အဖြေလွှာ newspaper / answer paper = C N
ကျောက် ( ဆောက်လုပ်ရာ၊ ထုလုပ်ရာပစ္စည်း အဓိပ္ပါယ် ) stone = UN
ကျောက်ခဲ အဓိပ္ပါယ် = CN
Note : Uncountable Nouns တွေကို
1. plural လုပ်လို့မရဘူး၊
2. singular ဘဲ သုံးရတယ်၊
3. a နဲ့ an လည်း ထပ်သုံးစရာမလိုဘူး၊
ရေ ကို တစ်ရေ - နှစ်ရေ လို့ ရေလို့ မရဘူး ၊
ရွှေ ကို တစ်ရွှေ - နှစ်ရွှေ လို့ ရေ လို့ မရဘူး၊
ပေါင်မုန့်ကို တစ်ပေါင်မုန့် - နှစ်ပေါင်မုန့် လို့ ရေ လို့မရဘူး၊
စက္ကူကို တစ်စက္ကူ - နှစ်စက္ကူလို့ ရေ လို့ မရဘူး၊
ရေ တွက်လို့ မရတဲ့ အရာတွေကို အကြောင်းကြောင်းကြောင့် ရေတွက်စရာ ဖြစ်လာတယ် ဆိုကြပါစို့ ၊ ရေတွက်နိုင်တဲ့ ပစ္စည်းတစ်ခု နဲ့ အောက်မှာ နမူနာ ပြထားသလို တွဲ သုံးရပါတယ်။
ပေါင်မုန့်တစ်လုံး = a loaf of bread
နို့တစ်ခွက် = a glass of milk
ရေတစ်ခွက် = a glass of water
အကြံဥာဏ်တစ်ခု = a piece of advice
ဆပ်ပြာအပိုင်းအစ = a piece of soap
ကြိုးတစ်ချောင်း = a piece of string
ရေ နှစ်ပုလင်း = two bottles of water
ပေါင်မုန့် သုံးချပ် = three slices of bread
ရွှေ နှစ်ကီလို = two kilos of gold
ဆန် ၅၀၀ ဂရမ် = 500 grams of rice
စက္ကူစများ = some pieces of paper
ဓာတ်ဆီအမြောက်အများ = a lot of petrol
သကြားငါးဇွန်း = five spoons of sugar
ကော်ဖီတစ်ခွက် = a cup of coffee
နွားနို့အမြောက်အများ = much milk
ဓာတ်ဆီ ၂၀ လီတာ = twenty litres of petrol
မြေဖြူတစ်ချောင်း = a piece of chalk
ဟင်းချိုတစ်ခွက် = a bowl of soup
မင်အိုးတစ်လုံး = a pot of ink
ဆပ်ပြာတစ်တုံး = a cake of soap
ငါးတစ်တုံး = a piece of fish
ကြက်သားတစ်တုံး = a piece of chicken
ကော်ဖီမှုန့်တစ်ဗူး = a tin of coffee
လက်ဖက်ခြောက်တစ်ထုပ် = a packet of tea
သကြားတစ်ထုပ် = a packet of sugar
ရေ နှစ်ခွက် = two glasses of water
လက်ဖက်ရည်သုံးခွက် = three cups of tea
သကြားတစ်ဆယ်သား = ten ticals of sugar
ရွှေတစ်ဆယ်သား = ten ticals of gold
ရေခဲ နှစ်တုံး = two lumps of ice
EngChinMyan at 4:14 AM
Share
No comments:
Post a Comment