Tuesday, February 7, 2017

The Eight parts of speech ဝါစင်္ဂ(၈)မျိုး

………………………………………………………………
                                 Lesson-1
…………………………………………………………………
      The Eight parts of speech  ဝါစင်္ဂ(၈)မျိုး 
…………………………………………………………………
အမှန်တကယ်တော့ အင်္ဂလိပ်စာသင်ယူလေ့လာတယ်ဆိုတာ ဒီ (The Eight parts of speech) (အိပ်ထ်ပတ်စော့စ်စပိခ်ျ) လို့  ဝါစင်္ဂ(၈)မျိုး  ကို ပထမဦးဆုံး ရက် ကတည့်က သင်ပေးရမှာပါ။ ပထမဦးဆုံးရက်တုန်းက ကျွန်တော် ဒါကိုတင်ပေးဖို့ မေ့သွားခဲ့ပါတယ်။ဒီ (The Eight parts of speech) (အိပ်ထ်ပတ်စော့စ်စပိခ်ျ) လို့ ခေါ်တဲ့  ဝါစင်္ဂ(၈)မျိုးဟာအင်္ဂလိပ်စာလေ့လာသင်ယူရမှာအရေးကြီးဆုံးအပိုင်းကဏ္ဍန်ပဲဖြစ်တယ်နော်…ဒီ (The Eight parts of speech) (အိပ်ထ်ပတ်စော့စ်စပိခ်ျ) လို့ ခေါ်တဲ့  ဝါစင်္ဂ(၈)မျိုးကို  စာလေ့လာသူတို့ကမှ အလွတ်မရထားဘူးဆိုရင် အင်္ဂလိပ်စာလေ့လာသင်ယူရတာ နားမလည်တော့ဘူးနော်  ပြီးတော့  အင်္ဂလိပ်စာဟာ ဘာတွေမှန်းလဲ မသိဘူး ဆိုတာ ဖြစ်သွားတတ်တယ်နော်… အဓိက ကျတဲ့ အချက်တစ်ချက်ကတော့ တစ်ခြားမဟုတ်ပါ။
ဒီ (The Eight parts of speech) (အိပ်ထ်ပတ်စော့စ်စပိခ်ျ) ဝါစင်္ဂ(၈)မျိုး လို့ ခေါ်တဲ့အရာတွေကို တစ်ခုချင်းစီ နားလည်သဘောပေါက်ဖို့ အရမ်းကိုလိုအပ်ပါတယ်။
………………………………………………………………………
ဥပမာ(1) Noun - နာမ်ပုဒ် ဆိုတာက ဘာကိုဆိုတာလဲ။ Noun - နာမ်ပုဒ် ဆိုတာက ဘာလဲ။ ဆိုတာ သိသိကျကျ သိထား နားလည်ထား သဘောပေါက်ထားဖို့ လိုပါတယ်။
ဆိုလိုချင်တာက (noun)ဆိုတဲ့ သဘောတရားကို နားလည်
ထားဖို့အရမ်းလိုပါတယ်။
………………………………………………………………………
ပြီးတော့ ဥပမာ (2) Pronoun - နာမ်စားပုဒ် ဆိုတာက ဘာကိုဆိုတာလဲ။ Pronoun - နာမ်စားပုဒ် ဆိုတာက ဘာလဲ။ ဆိုတာ သိသိကျကျ သိထား နားလည်ထား သဘောပေါက်ထားဖို့ လိုပါတယ်။ ဆိုလိုချင်တာက (Pronoun)ဆိုတဲ့ သဘောတရားကို နားလည်ထားဖို့အရမ်းလိုပါတယ်။
………………………………………………………………………
ဒါမှ ရှေ့ကို ဆက်လက်လေ့လာရမှာ အဆင်ပြေတာပါ။
ကယ် အဲဒီတော့ သင်ခန်းစာ စသွားကြရအောင်နော်စာလေ့လာတို့ အလွတ်ကျက်မှတ်ရမည့် စာတွေကိုတော့ အောက်မှာ ကျွန်တော် ဇယားနဲ့ပြထားတယ်နော်။
………………………………………………………………………
                 The Eight parts of speech ဝါစင်္ဂ(၈)မျိုး                                                           ……………………………………………………………………
(1) Noun   (n)  နာမ်ပုဒ် ……………………………………………………………………
(2) Pronoun  (pron) နာမ်စားပုဒ် 
…………………………………………………………………
(3)  Adjective (adj) နာမဝိသေသန {သော}နဲ့ဆုံးသောစကားလုံး 
……………………………………………………………………
(4) Verb (v)  ကြိယာ {သည်}       နဲ့ဆုံးသောစကားလုံး   
………………………………………………………………………
(5) Adverb (adv) ကြိယာဝိသေသန   
………………………………………………………………………
(6) Preposition (Prep)  ညွန်ပြပုဒ် (ရှေ့ဆောင်ပုဒ်)
………………………………………………………………………                                                                    (7)  Conjunction (conj) စကားဆက် 
…………………………………………………………………
(8)  Interjection (inter) အာမေဍိတ်
………………………………………………………………………
နာမူနာ - တစ်လုံး နှစ်လုံးစီလောက်နဲ့ တစ်ခုစီ ကျွန်တော်ရေးပြမယ်နော်…                                                                                         ……………………………………………………………………
(1) Noun နာမ်ပုဒ် 

(Noun) နာမ်ပုဒ် ဆိုတာက လောကမှာ ရှိရှိသမျှ အမည်နာမ ဟူသမျှကို (Noun) နာမ်ပုဒ်  ဖြစ်ပါသည်။

ဥပမာ -

Book - စာအုပ်
Cat - ကြောင်
Dog - ခွေး 
girl - မိန်းခလေး
boy - ကောင်လေး  

It is a book. ဒါက စာအုပ် တစ်အုပ်ပါ။
It is a cat. ဒါက ကြောင် တစ်ကောင်ပါ။
It is a dog. ဒါက ခွေး တစ်ကောင်ပါ။
It is a boy. ဒါက ကောင်လေးတစ်ဦးပါ။
It is a girl. ဒါက မိန်းကလေးတစ်ဦးပါ။

Noun - ပုဒ်ရဲ့အတိုကောက်ပုံစံ (n) ပါ။
…………………………………………………………………                                     
(2) Pronoun  နာမ်စားပုဒ်

(Pronoun)  နာမ်စားပုဒ် ဆိုတာက (noun) နာမ်ပုဒ်ရဲ့ အစား အသုံးပြုထားတဲ့ စကားလုံးကို (Pronoun) နာမ်စားပုဒ် ဖြစ်ပါသည်။

ဥပမာ (I . we . You. You. He . She . It . They .)

(girl)ဆိုတဲ့(မိန်းကလေး)ရဲ့အစား(She)ကိုသုံးတယ်။
(boy)ဆိုတဲ့(ကောင်လေး)ရဲ့အစား(He)ကိုသုံးတယ်။
(dog)ဆိုတဲ့(ခွေး)ရဲ့အစား(it)ကိုသုံးတယ်။
(girl)ရယ်(boy)ရယ်(dog)ရယ်။ ဆိုတဲ့(အများ(၃)ခုပေါင်း)
ရဲ့အစား(They)ကိုသုံးတယ်။

(a girl is beautifu.)လို့မရေးချင်ဘူးဆိုရင်
(She is beautiful.) လို့ရေးတယ်။
(a boy speaks English.)လို့မရေးချင်ဘူးဆိုရင်
(He speaks English.) လို့ရေးတယ်။
(a dog is lovely.)လို့မရေးချင်ဘူးဆိုရင်
(It is lovely.) လို့ရေးတယ်။
(The girls are singing.)လို့မရေးချင်ဘူးဆိုရင်
(They are singing.) လို့ရေးတယ်။

Pronoun - ပုဒ်ရဲ့အတိုကောက်ပုံစံ (Pron) ပါ။

(Subject)ခေါ် (ကတ္တား)ပုဒ်တွေဆိုတာ ဒီ( I . we . You. You. He . She . It . They .) တွေပါပဲ။

………………………………………………………………………

(3)  Adjective နာမဝိသေသန {သော}နဲ့ဆုံးသောစကားလုံး ဆိုတဲ့ စကာလုံး။

(Noun) ပုဒ် များကို အထူးပြုပြီး အထောက်အပံ့ပေးကာ ကွဲပြားအောင် ပြုလုပ်ပေးသောပုဒ်သည် (Adjective) နာမဝိသေသန ပုဒ်ဟုခေါ်ပါသည်။

ဥပမာ

good.ကောင်းသော။
kind.ကြင်နာသော။

(Adjective) ဆိုတာ(Noun-နာမ်)ပုဒ်ကို ကွဲပြားအောင်ပြုလုပ်ပေးသော (ပုဒ်)ပါ။
(girl)ဆိုတဲ့(noun-နာမ်)ပုဒ်ကမကွဲပြားသေးတဲ့အတွက် ကြောင့်၊အဲဒီ (girl)ဆိုတဲ့(noun-နာမ်)ပုဒ်ကိုကွဲပြားလာအောင်
(Adjective)ကပြုလုပ်ပေးတာပါ။
(a girl ) ဆိုရင် မကွဲပြားသေးဘူး။ (မိန်းကလေး)မှန်းတော့ သိပါတယ်။ ဒါပေမဲ့ (ဘယ်လိုမိန်းကလေးအမျိုးစားမှန်းမသိရပါ။)
အဲဒီ (မိန်းခလေး)ဟာ (အရပ်ရှည်သလား)(အရပ်ပုသလား)
(ဝသလား)(ပိန်သလား)(လှသလား)(မလှသလား)မသိနိုင်သေးပါ။အဲဒီ (မိန်းကလေး) ဟာ(ဘယ်လိုအမျိုးစားမှန်း) သိလာနိုင်
အောင် ကွဲပြားလာနိုင်အောင်(Adjective)က ဆောင်ရွှက်ပေး
တာပါ။ နာမူနာ - (a girl ) နဲ့ (a beautiful girl ) နဲ့ မတူနိုင်သလို (a beautiful girl ) နဲ့ (a clever girl )
ဟာမတူပါ။ (လှတဲ့မိန်းကလေးဟာ လိမ္မာချင်မှ လိမ္မာမည်။)
(လိမ္မာတဲ့ မိန်းခလေး ဟာလည်း လှချင်မှ လှမည်။) အဲဒါတွေ ကွဲပြားအောင် (Adjective) က ဆောင်ရွှက်ပေးတာပါ။

Adjective - ပုဒ်ရဲ့အတိုကောက်ပုံစံ (Adj) ပါ။
…………………………………………………………………

(4) Verbv  ကြိယာ
{သည်} နဲ့ဆုံးသောစကားလုံး  ဆိုတဲ့ စကားလုံး။

ပြုမှုလုပ်ရှားသော ပုဒ်ကို (Verb ) ကြိယာပုဒ် ဖြစ်ပါသည်။

{သည်} နဲ့အဆုံးသတ်သောစကားလုံးမှန်သမျှကို (Verb) ကြိယာပုဒ် တွေပါပဲ။

ဥပမာ

go.သွားသည်။
know.သိသည်။
see. မြင်သည်။
come.လာသည်။
study. လေ့လာသည်။
need.လိုအပ်သည်။
want.လိုချင်သည်။

Verb - ပုဒ်ရဲ့အတိုကောက်ပုံစံ (V) ပါ။

ကယ် Verb ဆိုတာက  {သည်} နဲ့ဆုံးသောစကားလုံး ဟု ကျွန်တော်ပြောပြထားသလိုပဲ( Verb )ဆိုတဲ့ စကားလုံး တွေဟာ  {သည်} နဲ့  အဆုံးသတ်ကြတယ်နော်… အဲလို သိထားတော့ မှတ်ရတာ လွယ်တာပေါ့……ဟုတ်ပြီလား………ကယ် ကျန်တာ ဆက်သွားရအောင်။
………………………………………………………………………

(5) Adverb  ကြိယာဝိသေသန  အများစုအားဖြင့် {စွာ}နဲ့ဆုံးသောစကားလုံး  ဆိုတဲ့ စကာလုံး။

(Verb) ပုဒ် များကို အထူးပြုပြီး အထောက်အပံ့ပေးကာ ကွဲပြားအောင် ပြုလုပ်ပေးသောပုဒ်သည် (Adverb) ကြိယာဝိသေသနပုဒ် ဟုခေါ်ပါသည်။

ဥပမာ

slowly. နှေးကွေးစွာ။
kindly. ကြင်နာစွာ။

(Adverb) ဆိုတာ(Verb-ကြိယာ)ပုဒ်ကို ကွဲပြားအောင်ပြုလုပ်ပေးသော (ပုဒ်)ပါ။
(go)ဆိုတဲ့(Verb-ကြိယာ)ပုဒ်ကမကွဲပြားသေးတဲ့အတွက် ကြောင့်၊အဲဒီ (go)ဆိုတဲ့(Verb-ကြိယာ)ပုဒ်ကိုကွဲပြားလာအောင်
(Adverb)ကပြုလုပ်ပေးတာပါ။
(go ) ဆိုရင် မကွဲပြားသေးဘူး။ (သွားတယ်။)မှန်းတော့ သိပါတယ်။ ဒါပေမဲ့ (ဘယ်လိုသွားနေမှန်းမသိရပါ။)
အဲဒီ (သွားတယ်)ဆိုတာ (ဖြည်းဖြည်းသွားသလား)
(မြန်မြန်သွားသလား)(ပုံမှန်သွားသလား)ဆိုတာမသိနိုင်သေးပါ။အဲဒီ (သွားတယ်) ဆိုတာ(ဘယ်လိုသွားနေမှန်း) သိလာနိုင်
အောင် ကွဲပြားလာနိုင်အောင်(Adverb)က ဆောင်ရွှက်ပေး
တာပါ။ နာမူနာ - (go ) နဲ့ (go slowly ) နဲ့ မတူနိုင်သလို (go slowly) နဲ့ (go quickly) ဟာမတူပါ။ အဲဒါတွေ ကွဲပြားအောင် (Adverb) က ဆောင်ရွှက်ပေးတာပါ။

Adverb - ပုဒ်ရဲ့အတိုကောက်ပုံစံ (Adv) ပါ။
………………………………………………………………………

(6) Preposition  ညွန်ပြပုဒ် 

( Preposition )  ညွန်ပြပုဒ် က (Noun)
ပုဒ်များ နဲ့ (Pronoun) ပုဒ်များ တည်ရှိရာကို ညွန်ပြပေးသောပုဒ်သည် (Preposition) ညွန်ပြပုဒ်ဟု ခေါ်ပါသည်။

(Preposition) ဆိုတာက (Noun)ပုဒ်များနှင့်
(Pronoun)ပုဒ်များတည်ရှိရာကို (ညွန်ပြ)ပေးတဲ့ပုဒ်ပါ။
(သို့မဟုတ်) (Preposition) ဆိုတာက
(Subject)ပုဒ်များတည်ရှိရာကို (ညွန်ပြ)ပေးတဲ့ပုဒ်ပါ။
ဥပမာ = ဝါကျတစ်ချောင်းကို ဖွဲ့ပြမယ်နော်။
(I am at home. ငါအိမ်မှာရှိတယ်။) ဒီဝါကျမှာ (Subject)ပုဒ်ဖြစ်တဲ့(I)ရဲ့တည်ရှိရာကို(home)
စကားလုံးလည်း(မညွန်ပြ)ပေးနိုင်ပါ။ပြီးတော့(I)ရဲ့တည်ရှိ
ရာကို(am)စကားလုံးလည်း(မညွန်ပြ)ပေးနိုင်ပါ။ (I)ရဲ့တည်ရှိရာကို(ညွန်ပြ)ပေးနိုင်တဲ့စကားလုံးက(at)ဆိုတဲ့စကားလုံးပဲရှိတယ်။ ဒီ(at)စကားလုံးက
(Preposition)စကားလုံးဖြစ်ပါတယ်။ နောက်ထပ် နာမူနာတစ်ချောင်း (The girl is in the class. မိန်းခလေးကအတန်းထဲမှာရှိတယ်။) ဒီဝါကျမှာ (Subject)ပုဒ်ဖြစ်တဲ့(The girl)ရဲ့တည်ရှိရာကို (the)
စကားလုံးလည်း(မညွန်ပြ)ပေးနိုင်ပါ။ပြီးတော့
(The girl)ရဲ့တည်ရှိရာကို(is)စကားလုံးလည်း
(မညွန်ပြ)ပေးနိုင်ပါ။နောက်ထပ် (The girl)ရဲ့တည်ရှိရာ ကို(class)စကားလုံးလည်း(မညွန်ပြ)ပေးနိုင်ပါ။
(Thegirl)ရဲ့တည်ရှိရာကို(ညွန်ပြ)ပေးနိုင်တဲ့စကားလုံးက
(in)ဆိုတဲ့စကားလုံးပဲရှိတယ်။ ဒီ(in)စကားလုံးက
(Preposition)စကားလုံးဖြစ်ပါတယ်။ ဒါကြောင့် (Preposition) စကားလုံးများကို (Noun)နဲ့ (Pronoun)တည်ရှိရာကို (ညွန်ပြ)ပေးသောပုဒ် လို့သတ်မှတ်တာပါ။ (သို့မဟုတ်)(Subject)ပုဒ်များတည် ရှိရာကို (ညွန်ပြ)ပေးတဲ့ပုဒ် လို့ သတ်မှတ်တာပါ။
ပြီးတော့ (Preposition) ပုဒ်ကို (ညွန်ပြပုဒ်) လို့သင်ပေး
ရင် စာလေ့လာသူတွေအတွက် ပိုမိုနာလည်လွယ်ကူစေလို့ ပါ။

ဥပမာ

in.အထဲမှာ။
on.အပေါ်မှာ။
at.၌။မှာ။တွင်။
under - အောက်မှာ
up အပေါ်မှာ

Preposition - ပုဒ်ရဲ့အတိုကောက်ပုံစံ (Prepo) ပါ။

……………………………………………………

(7)  Conjunction  စကားဆက်

(Conjunction) စကားဆက် ဟု ဆိုသည်မှာ
ဝါကျတစ်ချောင်းနှင့်တစ်ချောင်း ပေါင်ဆက်လာအောင် ပြုလုပ်ဆောင်ရွှက်ပေးသောပုဒ်သည် (Conjunction)  စကားဆက် ပုဒ်ဟုခေါ်ပါသည်။

(Conjunction)(စကားဆက်)ဆိုတာက (ဝါကျ)တစ်
ချောင်းနှင့်တစ်ချောင်း(ပေါင်းဆက်)သွားအောင်
(ပြုလုပ်ပေး)တဲ့ စကားလုံးပေါ့။ ဥပမာ =
(I go. ငါသွားတယ်။)ဆိုတာ (ဝါကျ)တစ်ချောင်းပါ။
(I come back. ငါပြန်လာတယ်။)
ဆိုတာ (ဝါကျ)တစ်ချောင်းပါ။ သူတို့နှစ်ချောင်းဟာ တစ်ချောင်းနဲ့တစ်ချောင်း မပေါင်းဆက်သေးပါဘူး။ ဒီ
(I go. ငါသွားတယ်။) နဲ့ (I come back. ငါပြန်လာတယ်။) ဆိုတဲ့ (ဝါကျ)နှစ်ချောင်းကို တစ်ချောင်းထည်းဖြစ်သွားအောင်ပြုလုပ်ဖို့အတွက်
(Conjunction)(စကားဆက်)ပုဒ်လိုနေတယ်။
………………………………………………………………
သူတို့နှစ်ချောင်းကို (and) (ပြီးတော့) ဆိုတဲ့ (စကားဆက်ပုဒ်) နဲ့ ပေါင်းကြည့်လိုက်မယ်။
( I go and I come back.
ငါသွား ပြီးတော့ ငါပြန်လာတယ်။) သူတို့နှစ်ချောင်းကို (and) (ပြီးတော့) ဆိုတဲ့ (စကားဆက်ပုဒ်) နဲ့ ပေါင်းကြည့်လိုက်တဲ့
အခါမှာ (ဝါကျ) တစ်ချောင်းထဲဖြစ်သွားပါပြီ။
………………………………………………………………………
နောက်ထပ် နာမူနာ (I go. ငါသွားတယ်။)
(I arrive there. ငါအဲဒီကိုရောက်ရှိတယ်။) (ဝါကျ) နှစ်ချောင်းပါ။
……………………………………………………………………
သူတို့နှစ်ချောင်းကို (so)(ဒါကြောင့်) ဆိုတဲ့ (စကားဆက်ပုဒ်) နဲ့ ပေါင်းကြည့်လိုက်မယ်။
( I go so I arrive there. ငါသွားတယ် ဒါကြောင့် ငါအဲဒီကိုရောက်ရှိတယ်။)သူတို့နှစ်ချောင်းကို (so)(ဒါကြောင့်) ဆိုတဲ့ (စကားဆက်ပုဒ်) နဲ့ပေါင်းကြည့် လိုက်တဲ့အခါမှာ (ဝါကျ) တစ်ချောင်းထဲဖြစ်သွားပါပြီ။
………………………………………………………………………
နောက်ထပ် နာမူနာ (I go. ငါသွားတယ်။)
(I don't arrive there. ငါအဲဒီကိုမရောက်ဘူး။) (ဝါကျ) နှစ်ချောင်းပါ။
………………………………………………………………………
သူတို့နှစ်ချောင်းကို (but)(ဒါပေမဲ့) ဆိုတဲ့ (စကားဆက်ပုဒ်) နဲ့ ပေါင်းကြည့်လိုက်မယ်။
( I go but I don't arrive there. ငါသွားတယ် ဒါပေမဲ့ ငါအဲဒီကိုရောက်ဘူး။)သူတို့နှစ်ချောင်းကို (but)(ဒါပေမဲ့) ဆိုတဲ့ (စကားဆက်ပုဒ်) နဲ့ပေါင်းကြည့် လိုက်တဲ့အခါမှာ (ဝါကျ) တစ်ချောင်းထဲဖြစ်သွားပါပြီ။
………………………………………………………………………
ဒါဆို ဒီ ( and - ပြီးတော့) (so - ဒါကြောင့်) (but - ဒါပေမဲ့) အစရှိတဲ့ (စကားလုံးလေးတွေ)ဟာ
(Conjunction)(စကားဆက်) (စကားလုံးလေးတွေ)ပဲပေါ့။
………………………………………………………………………

ဥပမာ

why.ဘာကြောင့်လဲ။
where. ဘယ်မှာလဲ။
When.ဘယ်အချိန်လဲ။
How. ဘယ်လိုလဲ။
what.ဘာလဲ။
who.ဘယ်သူလဲ။
but ဒါပေမဲ့
so ဒါကြောင့်
and ပြီးတော့၊နှင့် 

Conjunction - ပုဒ်ရဲ့အတိုကောက်ပုံစံ (Conj) ပါ။
………………………………………………………………………                                                        (8)  Interjection အာမေဍိတ်

(Interjection) အာမေဍိတ် မိမိကို အံသြစေခြင်း
တုံလှုပ်စေခြင်း အစရှိသည်ဖြင့် ဆောင်ရွှက်ပေးသော
ပုဒ်သည် (Interjection)အာမေဍိတ် ဟု ခေါ်ပါသည်။

(Interjection)(အာမေဍိတ်)ဆိုတာက မိမိ(တ)တဲ့အ
ပေါ်မှာပဲမူတည်တာပါ။လူတစ်ဦးနဲ့တစ်ဦးဟာ (တ)တာချင်း
မတူပါ။ ဥပမာ = မိမိက လမ်းလျှောက်သွားနေစဉ် ရုတ်တရက် မထင်မှတ်ပဲ ခလုတ်တိုက်မိသွားတယ်ဆိုရင်၊
ဘယ်လို(တ)တတ်သလဲ။ တစ်ချို့က (ဘုရားရေ)လို့(တ)
ကြတယ်။ တစ်ချို့က (အမလေး)လို့(တ) ကြတယ်။
တစ်ချို့က (အမေရေ)လို့(တ) ကြတယ်။ တစ်ချို့က (ကယ်ပါဦး)လို့(တ)ကြတယ်။ တစ်ချို့က (ဘုရား။ ဘုရား။)လို့(တ) ကြတယ်။ တစ်ချို့က (အ)လို့(တ)
ကြတယ်။ တစ်ချို့က (နာလိုက်တာ)လို့(တ)
ကြတယ်။ အဲဒီတော့ မိမိ(တ)မိတဲ့အသံဟာ (Interjection) (အာမေဍိတ်) အသံပါပဲ။ လူတိုင်းလို
လိုကြားဖူးတဲ့ စကားလုံးတစ်လုံးပြောပြမယ်။ နိုင်ငံခြား အင်္ဂလိပ် ဇာတ်လမ်းတွေမှာ အများစု အားဖြင့် ပါပါလာ တတ်တဲ့ စကားလုံးတစ်လုံးပါ။ (Oh My Got!) ဆိုတာလေ အဲဒီစကားလုံးကို အများစုအားဖြင့် (ဘာသာပြန်ကြပါတယ်။) ဒီ (Interjection) (အာမေဍိတ်) အသံကို မိမိကြိုက်သလို နားလည်လွယ်သလို ဘာသာပြန်လို့ရပါတယ်နော်။

ဒီ (Interjection)  အာမေဋိတ် ဆိုတဲ့ စကားကြတော့အံသြမှူဖြစ်တဲ့နေရာတွေမှာရုတ်
တစ်ရက် လန့် ဖျန့် တဲ့ နေရာတွေမှာ အစရှိတဲ့ အဲလိုနေရာတွေမှာ သုံးတာနော်…ဒီ (Interjection) အာမေဋိတ် ဆိုတဲ့ စကား ကို စာအဖြစ်ဖြင့် ရေးလိုက်တိုင်းမှာ ဒီ { ! } (Exclamation) (အဲက်စ်လန်မေးရှင်း) (အိုင်မောက်ခုန်) ဆိုတဲ့ အမှတ်သား(သင်္ဂေတ)လေးနဲ့ အမြဲထည့်ရေးပြပေးရတယ်နော်။

ဥပမာ

Oh! အိုး..အိုး..
Ha.Ha! ဟ..ဟ..
Nice! သိပ်ကောင်းတယ်။
Great! အရမ်းကိုကောင်းတာပဲ။

Interjection - ပုဒ်ရဲ့အတိုကောက်ပုံစံ (Inter) ပါ။

………………………………………………………………
The Eight parts of speech  ဝါစင်္ဂ(၈)မျိုး အပိုင်းပြီးပြီ။
…………………………………………………………………

အားလုံးအဆင်ပြေကြပါစေ။

1 comment:

  1. မှတ်လွယ်အောင်ရှင်းပြပေးထားတာ ကျေးဇူးတင်ပါတယ်ရှင်

    ReplyDelete