Tuesday, February 7, 2017

Say, Speak, Talk, Tell တွေနဲ့ပက်သက်ပြီးဝါကျတစ်ရာဖွဲ့လို့

Say, Speak, Talk, Tell တွေနဲ့ပက်သက်ပြီးဝါကျတစ်ရာဖွဲ့လို့ တစ်ရာလုံးမှန်ဖို့အထိသိချင်ရင်တော့အချိန်အကြာကြီးလေ့လာပြီးအတွေ့အကြုံများအောင်လုပ်မှရမှာပါ။ ဒါပေမယ့် 80% လောက် မှန်နိုင်မယ့်နည်းတော့ရှိပါတယ်။ Ok. Here we go.

Speak 1. phone ဆက်တဲ့အခါမှာသုံးမယ်
> I would like to speak to Mr. Smith.
          
            2. language နဲ့ပက်သက်ရင်​သူ့ကိုပဲသုံးရတာ
> Do you speak Spanish?

            3. စကားပြောတဲ့ဟန်၊ ပုံစံကိုပြောချင်ရင်   
> She speaks like a movie star.
> Can you speak a little bit slowly?
> Speak up! (ကျယ်ကျယ်ပြောစမ်းပါ)           

Talk  1. လူကိုယ်တိုင်တွေ့ပြီးစကားပြောလိုတဲ့အခါ
> I would like to talk to Mr. Smith.
     (ဖုန်းနဲ့မဟုတ်ပါ) 
       
         2. ၀ိုင်းဖွဲ့ပြော၊ အပြန်အလှန်ပြော၊ ဆွေးနွေးတိုင်
             ပင်၊
> We talked until 8 o' clock.
> I'll talk to you later.
> That's what I'm talking about.
> Let's talk about love.

Tell   * တစ်ယောက်ယောက်ကို တစ်ခုခုပြော (​ပြောပြ)
> Tell me what you saw.
> This is the third time I have told you not
     to touch my stuff.
> I told her that she was wrong.

Tell နဲ့ Talk ကဆင်​သလိုရှိ​ပေမယ့်​​တော်​​တော်​ကွာပါတယ်​..Talk က စကား​ပြော​နေကြတဲ့သ​ဘောကိုပဲရည်​ညွှန်းတာပါ.. (​ပြောပြ​နေတာမဟုတ်​ပါဘူး ဒါကိုအ​သေအချာစဉ်းစားမှ​ရမှာပါ)

ဥပမာ ..
"လာကွာလက်​ဖက်​ရည်​ဆိုင်​သွားပြီးစကား​လေးဘာ​လေး​ပြောကြတာ​ပေါ့" "ငါ​ရောက်​​တော့သူတို့စကား​ပြောနေကြတယ်​" "ခဏ​စောင့်​ အ​ဖေနဲ့အ​မေစကား​ပြော​နေလို့" အဲလိုအ​ခြေအ​နေ​တွေမှာ talk ကိုသုံးပါတယ်​..

"ငါ့ကိုမင်းသိသ​လောက်​​ပြောပြ"
"John ကငါ့ကိုသူ့အ​ကြောင်း​ပြေပြထားတယ်​"
"ငါမင်းကို​ပြောသားပဲ (​ပြောပြထားသားပဲ)"
"ခရီးစားရိတ်​ဘယ်​​လောက်​ကျလဲ​ပြော​ပေးပါအုံး (​ပြောပြပါအုံး)"
အဲလို ​တစ်​​ယောက်​​ယောက်​ကို​ပြောပြတဲ့သ​ဘောမျိုးဆိုရင်​ tell ကိုသုံးရပါတယ်

Say.    1.  ကြားခဲ့၊ ပြောခဲ့တာတွေကို မူရင်းအတိုင်း ပြန် ပြောတဲ့အခါမှာ   
             (မိန်းကလေးတွေ အတင်းတုပ်တဲ့ အချိန်မှာ
               ပြောလေ့ရှိပါတယ် ပြောတဲ့သူရဲ့ အမူအရာ
              တောင်ပါလိုက်သေးတယ်)
>  I said, " You are totally an abomination!"
     ( နင်ဟာ တော်တော့ကို ရွံစရာ မုန်းစရာကောင်းတဲ့
       လူပဲ လို့ ငါပြောပစ်လိုက်တယ် )
>  She said to John, " Please, please, don't
     leave me."

        2. ဘာသာရေးခေါင်းဆောင်ကြီးတွေရဲ့စကားများ၊ ကျမ်းစာထဲကစကားများ၊ အဆိုအမိန့်များ၊ သတင်းစာ ဆောင်းပါးတွေထဲက စကားများကို ပြန်ပြောပြတဲ့ အခါ
>  Lord Buddha says that nothing lasts forever.
>  I have read an article and it says .....

နောက်ဆုံးတစ်ခုအနေနဲ့ မှတ်ရမှာက Tell တစ်လုံးကလွဲရင် ကျန်တာအားလုံး ( to ) ခံပြီးမှ object လိုက်ရမှာပါ။
eg. She told me ...., She said to me ...., She
      speaks to me ...., She talked to me ... 
* တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ထားလို့ စကားမပြောကြတာမျိုးတွေမှာ speak ကို သုံးရပါတယ်။
eg.  I won't speak to her anymore.  (ငါသူ့ကိုစကားမပြောတော့ဘူး) ( မခေါ်တော့ဘူးလို့လည်း ဘာသာပြန်နိုင်ပါတယ် )
       She is speaking to me again.
   
* ဒီအချက်တွေထဲမှာမပါတဲ့ ချွင်းချက်တွေ ရှိပါသေးတယ်။ ဒါပေမယ့် အခုပေးထားတဲ့ ဘောင်ထဲကနေပဲ ကျွမ်းကျင်အောင် အရင်လေ့ကျင့်ဖို့ အကြံပြုပါတယ်။

*** အတတ်ပညာတစ်ခုကို မြန်မြန်တတ်ချင်ရင် exception ( ချွင်းချက် ) တွေကို ဖယ်ထားပြီးလေ့လာရပါတယ်။ ကျွမ်းကျင်အောင်လုပ်တဲ့အပိုင်းကျတော့မှ ချွင်းချက်တွေပြန်ဖြည့်ရပါတယ်။

# ခေတ်အရ လိုအပ်နေတဲ့ English ဘာသာစကားကို ထိထိရောက်ရောက် လေ့လာတတ်မြောက်နိုင်ကြပါစေ#
••••••••••••••••••••••••••••••••••••••
••••••••••••••••••••••••••••••••••••••
## ဝယ်ယူဖို့ခက်ခဲတဲ့ စာအုပ်တွေ၊ လိုချင်တဲ့ စာအုပ်တွေရှိရင်လည်း ​တောင်းဆိုနိုင်​ပါတယ်​ ##
•••••••••••••••••••••••••••••••••••••••

No comments:

Post a Comment