လုံးဝ မမေးထိုက်သော မေးခွန်း
**********************
(ကျွန်မနဲ့ ရှင့်အမေ) ဒီနှစ်ယောက်ထဲက
ဘယ်သူ့ကို ရွေးမှာလဲ ဆိုတဲ့မေးခွန်းမျိုးကို
မိန်းကလေးတွေအနေနဲ့
မိမိတို့ရဲ့ချစ်သူကောင်လေးတွေကို
လုံးဝ (လုံးဝ) မမေးသင့်ပါဘူး။
မမေးထိုက်တဲ့ မေးခွန်းတွေထဲမှာ ဒီမေးခွန်း ပါပါတယ်။
အမှန်တကယ်လည်း မေးစရာကို မလိုတာပါ။
လူတိုင်းဟာ အမေမွေးပေးလိုက်လို့ Oxygen ကို
ရှူ ရှိုက်ပြီး အသက်ရှင်ခွင့် ရနေကြတာပါ။
အချစ်ဆိုတာကို ရှူ ရှိုက်ပြီး
အသက်ရှင်နေကြတာမဟုတ်ပါဘူး။
ကောင်လေးတွေအနေနဲ့လည်း
ဒီလိုမေးခွန်းမျိုး အမေးခံလာရရင်
မင်းကိုပဲ ရွေးမှာပေါ့ဆိုတဲ့ အဖြေမျိုး မဖြေမိကြပါစေနဲ့။
ကောင်လေးတွေကလည်း မိမိတို့ကောင်မလေးတွေကို
ကိုယ်နဲ့ မင်းမိဘ ထဲကမှ ဘယ်သူ့ကို ရွေးမှာလဲဆိုပြီး
မမေးဖို့တော့ အပြန်အလှန် ဆင်ခြင်ကြပါ။
နောက်ဆုံးပြောချင်တာကတော့
နောင်တစ်ချိန် ကိုယ်တွေ မိဘဖြစ်လာရင် ဆိုတဲ့
အတွေးလေး ဝင်လိုက်ကြပါလို့
တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။
……………………………………………………………………
With love and best wishes !
#ဆရာဦးသိုက်ထွန်း-အင်္ဂလိပ်စာ
No comments:
Post a Comment