Sunday, March 4, 2018

ကျွန်​ ( The Slave )

ကျွန်​ ( The Slave )
==============

"ဟဲ့... ကိုရင်​"
Hey!  Koyan!

"ဘုရား…"
Yes, Bante.

"စာလာပြန်​တာ စာလည်းမရဘူး၊
စာ​တွေမကျက်​ချင်​​တော့ဘူးလား၊
ဒီမှာ​နေရတာ မ​​ပျော်​​တော့ဘူးလား"
You don’t get your lessons,
coming to me recited by heart yet.
Don’t you learn from your lessons?
Aren’t you happy to stay here?

"မှန်​ပါဘုရား"
Yes, Bante.

"ဘာလို့တုန်းကိုရင်​"
Why not, Koyan?

"တပည့်​​တော်​ လူထွက်​ချင်​လို့ပါဘုရား"
I want to leave this life, Bante.

"​အော်​... ဒါ​ကြောင့်​ကိုး"
Oh, that is why you do.

"ကိုရင်​က လူထွက်​ရင်​ ဘာအလုပ်​လုပ်​မှာတုန်းဟ"
Koran, if you leave this life what will you do?

"တပည့်​​တော်​မိဘလုပ်​​ကျွေးမယ်​၊
အိမ်​​ထောင်​ပြုမယ်​၊လူ့​ဘောင်​မှာပဲ သာသနာပြု​တော့မယ်​ဘုရား"
I am going to treat my parents as a married life
And preserve the Sasana from the laity’s world.

"ဟဲ့ကိုရင်​ရ…
မင်းအိမ်​​ထောင်​ပြုရင်​ မယားကျွန်​ခံရမှာ​ပေါ့ကွ"
Hey! Koyan!
If you are married,
you will be slaved of your wife.

"မှန်​ပါဘုရား"
Yes, Bante.

"ဒီမှာကိုရင်​...
မယားကျွန်​ဆိုတာ​ နောင်​ဘဝ​တွေမှာ
များစွာလုပ်​လို့ရတယ်​ ခံလို့ရတယ်
လုပ်​ခဲ့​ရပေါင်း ခံခဲ့ရ​ပေါင်းလည်း များလှပြီကွ"
Here, Koyan (you think of it).
You can be slaved of wife next lives
and have been slaved for a long time.

"သာသနာ့ကျွန်​ဆိုတာ
ဒီဘဝနဲ့ကြုံတုန်းလုပ်​ရတာကွ"
You has to get an experience of
Sasana when you come across it.

"​နောင်​ဘဝ​တွေမှာ
သာသနာနဲ့​တွေ့ဖို့များမဆိုထားနဲ့
အခု​တောင်​ သာသနာက
ယိုင်​လုလုအခြေအနေဖြစ်​​နေရတဲ့အထဲ
မင်းတို့လို သာသနာရဲ့ ရေသောက်​မြစ်​​တွေက တစ်​ဖြုတ်​ဖြုတ်​​ကြွေ​နေပြီကွ"
You don’t expect to get an experience of Sasana in next lives.
Even now, like you Sasana's generations are
almost about to slip off.

"မယားကျွန်​က ဘယ်​အချိန်​မဆို
ခံလို့ရသေးတယ်​လုပ်​လို့ရတယ်​၊
သာသနာ့ကျွန်​ဆိုတာ
လုပ်​ချင်​တိုင်း ခံချင်​တိုင်းမရဘူး၊
သာသနာနဲ့​တွေ့တုန်း ကြုံတုန်းလုပ်​လို့ရတာ
ခံလို့ရတာကွ"
You can be slaved by wife anytime or any life
but you don’t get Sasana and practice Dhamma,
only if you meet it by accident.

"သာသနာ​တော်​မှာ
လယ်​တီဆရာ​တော်​ကြီးဆိုတာ ရှိခဲ့ဖူးတယ်​၊
အဲဒီဆရာ​တော်​ကြီးက တနေ့မှာ
သံဃာ​တော်​​တွေတက်တဲ့
ကုဋီ​(အိမ်သာ) တွေကို
သန့်​ရှင်း​ရေးလုပ်​နေသတဲ့"
In our Sasana, there was a great monk,
Ledi Sayadaw.
One day, Sayadaw made the toilets in temple clean
in the other monk’s rest hours after lunch.

"အဲဒီအခါ သံဃာ​တွေက လယ်တီဆရာ​တော်​ကြီးကို အခုလိုသံဃာ​တွေရဲ့
ကုဋီ​တွေကို​ဆေး​ကြောသန့်စင်နေတာ
မသင့်​​တော်​​တဲ့အ​ကြောင်း ​လျှောက်​ထားတယ်​၊ အဲဒီအခါဆရာ​တော်​ကြီးက ဒီလို​ပြောတဲ့၊ ငါ ဘဝ​ပါင်းများစွာ
မယားကျွန်​ခံခဲ့ရပြီးပြီ၊
အခု သာသနာနဲ့ကြုံတုန်း
သာသနာကျွန်​ခံပါရ​စေ" လို့​ပြောတယ်​"
When some other monks prevented that, at that time, he said the following: ‘I had been slaved by son and wife for a long time and long life.
So, now, let’s me serve as
Sasana's slave.

"ကိုရင်​ ဒီမှာမင်းမှတ်​ထား၊
ကမ္ဘာမြေကြီးက အကျယ်​ကြီး
အဲဒီထဲမှာ ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်​ငံက ​မြေပုံ​သေး​သေး​လေးနဲ့
မြန်​မာ​နို​င်​ငံပဲ..."
This is why, Koran, you remember that.
This earth is wide but among them,
our Myanmar reached in Sasana now
is very small in the world map.

"​ဟော.. အဲဒီမြန်​မာနိုင်​ငံမှာ​တောင်
ဗုဒ္ဓဘာသာအတုနဲ့အစစ်​ခွဲကြည့်​လိုက်
ဘိုး​တော်​လိုလို၊ နတ်​လိုလိုနဲ့ အ​ယောင်​​အဆောင်​ ဗုဒ္ဓဘာသာ​တွေအများကြီး​..."
Even our country,
if the Buddhists are distinguished,
they are not all real Buddhists but
like tantric Buddhists, so much left.

"ဗုဒ္ဓဘာသာအစစ်​​တွေက ရွှေလိုရှား​နေပြီ၊
ရွှေအစစ်​ကမှ ပိုက်​ဆံရှိရင်​ဝယ်​လို့ ရ​သေးတယ်​၊ အခု မင်းတို့လို တန်​ဖိုးမဖြတ်​နိုင်​တဲ့ သာသနာ​တော်​ကြီးရဲ့ ရှေ့တန်းခံတပ်​သား​တွေက လူထွက်​​တော့မယ်​ဆိုရင်​​တော့ ​ဟောဒီမြန်​မာနိုင်​ငံဟာ ဟိုတုန်းက ဗုဒ္ဓဘာသာဖြစ်​ခဲ့ဖူးဆိုတဲ့ ပုံပြင်​ရာဇဝင်အဖြစ်​ပဲကျန်​ခဲ့မှာ​ပေါ့ကွ"
Real Buddhists are rarely to choose it now like a gold. But gold is bought by money.
Even now, like you, precious stones
who are the fore-defenders of our Sasana
are about to leave from monk-hood...
That is left according to Myanmar tales and
History that had been in Buddhism long long ago!

"တင်​ပါဘုရား
တပည့်​​တော်​ သာသနာ့ကျွန်​ပဲ
ခံပါ​တော့မယ်​ဘုရား"
Yes, Bante,
I will be just slaved of Sasana.

"သာဓု... သာဓု... သာဓု"
Sadhu, Sadhu, Sadhu.

"စိရံ တိဌတု သဒ္ဓ​မ္မော
သာသနာ​ရေရှည်​တည့်​တံ့ပါ​စေ..."
Our Sasana is long-lived for Dhamma.

မေတ္တာဖြင့်​ - မျိုးဆက်​သစ်​အရှင်​{ဖို​လေးလုံး}
With Metta,
Myosetthit Ashin(Phoe Lay Lone)
................
Translated by ဗောဓိသစ္စာ

No comments:

Post a Comment