Lesson 1 (Week 4 - Talking about a Person) 😍✌️😍
✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨
Deadline: February 15, 2018
:::::::::::::::::::::::::::::::::::::::::::::::
How you doing, ladies and gentlemen!!! ;)
ကျနော်တို့ တဖြည်းဖြည်းနဲ့နောက်ဆုံး Week 4 ကိုရောက်လာပြီဖြစ်ပါတယ်...ဆက်လက်ပြီးတော့ လူတစ်ယောက်အကြောင်းပြောနည်းလေးတွေလေ့လာကြရအောင်ပါ။ My best friend နဲ့စကြပါမယ်။ ကိုယ့်ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်ပါတယ်။ အဲ့တော့ မေးပုံမေးနည်းလေးတွေလေ့လာရအောင်ပါ။
✨
၁။ Who's your best friend? မင်းရဲ့ချစ်သူငယ်ချင်းကဘယ်သူလဲ။ နာမည်ကိုမေးတာဖြစ်ပါတယ်။
၂။ How old is he/she? ယောင်္ကျားလေးဆိုရင် He မိန်းကလေးဆိုရင် She ပေါ့။
၃။ Where is he/she from? သူကဘယ်ကလဲ။ မြို့နာမည်ကိုမေးတာပါ။
၎။ What's he/she like?
သူက ဘယ်လိုလဲ။ ဒီမေးခွန်းက သူငယ်ချင်းရဲ့ Appearance သွင်ပြင်ပုံစံနဲ့ Personality/Character စိတ်နေစိတ်ထားကိုမေးတာဖြစ်ပါတယ်။
၅။ Where did you meet him/her? မင်းတို့ဘယ်မှာတွေ့တာလဲ။ How did you meet him/her? ဘယ်လိုတွေ့ခဲ့ကြတာလဲ။ ဆိုပြီးလည်းမေးလို့ရပါတယ်။
၆။ နောက်ဆုံးမေးမယ်ဆိုရင် Why is he/she your best friend? ဘာကြောင့်သူကမင်းရဲ့ချစ်သူငယ်ချင်းဖြစ်တာလဲဆိုပြီးမေးလို့ရပါတယ်။
✨
မေးခွန်းလေးတွေက လွယ်ပါတယ်။ စုစုပေါင်း (၆) ကြောင်း။ အောက်မှာအရင်လိုပဲ ဖြေပေးရမှာဖြစ်ပါတယ်။ He (သို့) She တစ်မျိုးပဲသုံးပါ။
✨
Grammar Focus!
မေးခွန်း(၆)ကြောင်းလုံးကို Wh Question လို့ခေါ်ပါတယ်။
✨
Tip!
Best Friend အပြင် Boyfriend, Girlfriend, Best Teacher, Favorite Singer, Favorite Writer စသည်ဖြင့်လည်း ကြိုက်ရာရေးလို့ရပါတယ်။
✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨
ဒီမေးခွန်းလေးတွေအတွက် အဖြေလေးတွေကတော့ အောက်ပါအတိုင်းအများကြီးဖြေပေးရတော့မှာဖြစ်ပါတယ်။ 😍✌️😍
✨
၁။ အလွယ်ဖြေမယ်ဆိုရင်နာမည်ကို တမ်းပြောလို့ရပါတယ်။ Ohn Saw. ဒါမှမဟုတ် Her name's Ohn Saw. လို့ဖြေလို့ရပါတယ်။
၂။ ဒါကတော့ အားလုံးသိပြီးသားဖြစ်ပါတယ်။ She's 26. Just like me. ငါ့လိုပဲ ၂၆။ လို့အလွယ်ဖြေလို့ရပါတယ်။ ဒါမှမဟုတ်ရင်လဲ She's 28. 2 years older than me. ဒါမှမဟုတ် She's 20. 6 years younger than me. လို့ဖြေလို့ရပါတယ်။ ကိုယ်အဆင်ပြေသလိုဖြေပါ။
၃။ She's from Seoul. ပေါ့။ ဒါမှမဟုတ်။ She's from here, too. လို့ဖြေလည်းရပါတယ်။ သူလည်းဒီကပါပဲလို့ပြောတာပါ။
၎။ ဒီမေးခွန်းဖြေဖို့အတွက် Vocabulary လေးတွေအရင်လေ့လာရအောင်ပါ။ She's/ He's...
Appearance အတွက်အရင်လေ့လာရအောင်ပါ။
1.Handsome (ယောင်္ကျားလေးတွေအတွက်ပဲသုံးတာပါ။) ဖြောင့်တယ်ပေါ့။
2. Pretty (မိန်းကလေးတွေအတွက်ပဲသုံးတာပါ။) လှတယ်ပေါ့။ Beautiful သုံးလဲရပါတယ်။ Beautiful ကတော့ နေရာတော်တော်များများမှာသုံးလို့ရပါတယ်။
3. Cute (ချစ်ဆာလေးပေါ့)
4. Tall, Short, Thin, A little heavy(fat),
5. Good looking ကြည့်ကောင်းတယ်။
✨
Personality အတွက်ဆိုရင်တော့
1. Friendly ခင်တက်တယ်။
2. Serious တည်ငြိမ်တယ်။
2. Talkative စကားအရမ်းပြောတယ်။
3. Quiet အနေအေးတယ်။ စကားနည်းတယ်။
4. Smart တော်တယ်။ ထက်တယ်။
5. Funny အရမ်းရယ်ရတယ်။
6. Easygoing သူကဘာမဆိုရတယ်။ အေးဆေးပဲ။
✨😍✌️😍
ဒီ Adjective တွေအားလုံးရှေ့မှာ really, very, so စသည့် Advert လေးတွေသုံးသွားလို့ရပါတယ်။ ကိုယ်ကြိုက်ရာကိုရွေးဖြေပါ။ အခြားဖြေချင်တဲ့အချက်လေးတွေရှိရင်လည်းထည့်ဖြေပါ။ ဥပမာ- He is an online shopping manager. ဆိုပြီးအလုပ်လေးတွေပါထည့်ဖြေလို့ရပါတယ်။ အရေးကြီးတာကဖြေတဲ့အခါမှာ ဥပမာ She's tall. She's pretty and really smart. ဆိုပြီးဖြစ်ပါတယ်။ Like ကိုလုံးဝထည့်ဖြေစရာမလိုပါဘူး။
✨
၅။ Where နဲ့မေးရင်ပဲဖြစ်ဖြစ် How နဲ့မေးရင်ပဲဖြစ်ဖြစ် အပြည့်အစုံဖြေပေးလို့ရပါတယ်။ We met in Mandalay/ at the University/ at the training. နေရာ။ It was in 2012/2013. အချိန်။ ဒီနှစ်ခုဖြေပေးလို့ရပါတယ်။ Grammar သတိထားရမှာက Verb ကို Past Tense သုံးပေးသွားရမှာဖြစ်ပါတယ်။
✨
၆။ ဒါကတော့ ရင်ထဲမှာရှိတဲ့အတိုင်းဖြေကြရအောင်ပါ။ အကြောင်းပြချက်တွေအများကြီးရှိပါတယ်။ Because we studied together. ဒါမှမဟုတ်။ Because she helped me a lot. ဒါမှမဟုတ်။ Because we have the same ideas and we did so many great things together. စသည်ဖြင့် ကိုယ်ရေးချင်သလိုရေးကြည့်ပါ။ Grammar မမှန်မှာကိုမစိုးရိမ်ပါနဲ့ ။ ကျနော်တို့ရဲ့ ချစ်လှစွာသောဆရာဆရာမများမှကူညီပေးသွားမှာဖြစ်ပါတယ်။
✨
Tip!
ကိုယ်မေးခဲ့တဲ့မေးခွန်းက Best Friend ဆိုရင် Best Friend ကိုဖြေပါ။ Girlfriend ဆိုရင်Girlfriend ကိုဖြေပေးပါ။ သူငယ်ချင်းတွေဖြေထားတာကိုသွားလေ့လာပါ။ ကိုယ့်အတွက် Idea လေးတွေနဲ့ Vocabulary အသစ်လေးတွေရလာမှာဖြစ်ပါတယ်။ စုစုပေါင်း (၁ဝ) ကြောင်းနီးပါးရှိမှာဖြစ်ပါတယ်။ ကိုယ်ပိုင်အိုင်ဒီယာလေးတွေနဲ့ (၁ဝ)ကြောင်းထက်ပိုလည်းရပါတယ်။ အရင်လိုပဲဖြေရမှာဖြစ်ပါတယ်။
✨
OK. Let's finish it today! 😍✌️😍
✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨
Min Ko Ko
Friday, March 9, 2018
Lesson 1 (Week 4)
Labels:
NC
Subscribe to:
Post Comments (Atom)
No comments:
Post a Comment