Music Lesson 4 (Week 4) 😍
✨✨✨✨✨✨✨✨✨✨
Deadline: March 6, 2018
::::::::::::::::::::::::::::::::::::::::::::
Good evening, ladies and gentlemen!!!
✨
အားလုံးသိကြတဲ့အတိုင်းပဲ အင်္ဂလိပ်စာလေ့လာပြီဆိုရင် အင်္ဂလိပ်သီချင်းလေးတွေနဲ့ဆိုရင်ပိုပြီးပျော်ဖို့ကောင်းသလို ပိုပြီးလည်းတိုးတက်မှုလေးတွေရှိပါတယ်။ ဒါကြောင့် ဒီတစ်ပါတ်ရဲ့နောက်ဆုံးသင်ခန်းစာအနေနဲ့ နာမည်ကျော်ကာတွန်းကားဖြစ်တဲ့ Ice Age 3 ထဲကဇာတ်ဝင်ခန်းလေးတစ်ခုမှာပါတဲ့ သီချင်းလေးတစ်ပုဒ်ကို လေ့လာရအောင်ပါ။ ဒီသီချင်းလေးရဲ့ တီးလုံးလေးတွေက အင်မတန်နားထောင်လို့ကောင်းပါတယ်။ ကျနော့်အကြိုက်ဆုံးတွေထဲက တစ်ပုဒ်ဆိုလည်းမမှားပါဘူး။ 😊
✨
ဘာလုပ်ရမလဲဆိုတော့....
၁။ ဒီသီချင်းလေးကို ကြည့်ပါ။ ပြီးရင် အောက်မှာကျနော်ဖော်ပြထားတဲ့ သီချင်းရဲ့စာသားလေးတွေကို ချရေးပါ။ ပြီးရင် ကိုယ်သိတဲ့ စာကြောင်းလေးတွေကိုပါ တခါတည်းဘာသာပြန်ပါ။ နားမလည်တဲ့စာကြောင်းလေးတွေရှိရင် ချန်ခဲ့နိုင်ပါတယ်။ ဘာသာပြန်ရာမှာ အတက်နိုင်ဆုံးစီလျှော်အောင်ဘာသာပြန်ရင်ရပါတယ်...အတိအကျဖြစ်စရာမလိုပါဘူး..ဒါကြောင့် စိတ်ကြိုက်ပြန်နိုင်ပါတယ်။ မီးနင်းလေးတွေလည်း ကိုယ့်ဘာသာကိုရှာကြည့်ကြတာပေါ့။
၂။ ပြီးသွားရင် ဒီသီချင်းလေးဟာ ဘာအကြောင်းကို သီဆိုထားတာလဲဆိုတဲ့ကိုယ်ပိုင်အမြင်လေးရေးပေးပါ။ တကယ်လို့ အဲ့ဒီ့ဇာတ်ကားမကြည့်ဖူးလည်းကိစ္စမရှိပါဘူး။ ကိုယ့်အမြင်နဲ့ကိုရေးလို့ရပါတယ်။
၃။ အဲ့ဒါလေးတွေပြီးသွားရင် ဒီသီချင်းကို ကိုယ့်အနီးအနားမှာရှိတဲ့ မိသားစုဝင် (သို့) ဆွေမျိုးသားချင်း (သို့) သူငယ်ချင်းမိတ်ဆွေတစ်ယောက်ယောက်ကို တစ်ခါတည်းဆိုပြလိုက်နိုင်ပါတယ်။ 😍 သီချင်းလေးကိုလေ့ကျင့်တဲ့သဘောပါပဲ။ ဒါကိုတော့ ဒီမှာပြန်ပြောစရာမလိုပါဘူး။ 😍 (သံဃာတော်များနှင့် ဆရာလေးများအနေဖြင့် လုပ်စရာမလိုပါ။)
✨
😍
✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨
Video File မှာပါတဲ့စာသားတစ်ချို့က မှားနေပါတယ်။ ယခုအောက်မှာပြထားတဲ့စာသားလေးတွေကအမှန်ဖြစ်ပါတယ်။
✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨
"Alone Again Naturally"
*********************
alone again,naturally
I shouldn't be hangin' round, when the world's turned upside down
you abandoned me,I fell off the tree, to the hard and lonely ground
you've found somebody new,and cracked my shell in two,
how could I foresee? you'd turn out to be, such a buck toothed casanova...
now there's only strife and my life has lost all meaning...
how I miss your furry lips, your shallow, rapid breathing...
I wish you only knew...that I'm only nuts for you!!!
alone again...naturally....
now there's only strife and my life has lost all meaning...
how I miss your furry lips, your shallow, rapid breathing...
I wish you only knew...that I'm only nuts for you!!!
alone again...naturally....
✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨
OK. Let's finish it today! Have Fun! ✌️✌✌😍
✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨
KweeTeacher
Download link ကအောက်ပါအတိုင်းဖြစ်ပါတယ်။
https://my.pcloud.com/publink/show?code=XZtg9TZEFmaLQMmT6JCabo6dXaT6R3Ok2OX
နတ်မောက်စင်တာ လက်ထောက်ဆရာမ
အားလုံးပဲမင်္ဂလာပါရှင်.☺️🍃🌷
အဖြေလေးတွေကို တတ်နိုင်သလောက်အကောင်းဆုံးကြိုးစားဖြေထားတာတွေ့ရပါတယ်ရှင်။ အဲ့ဒီ့တော့ ဇာတ်ကားလေးကိုကြည့်ဖြစ်မယ်ဆိုရင် ကျွန်မတို့ ဒီသီချင်းလေးရဲ့ အဓိပ္ပာယ်လေးက တကယ်တော့ သစ်ကြားသီးလေးရဲ့ ခံစားချက်လေးဖြစ်တယ်ဆိုတာကို လေ့လာမိမှာဖြစ်ပါတယ်...သူက Ice Age 3 ကာတွန်းကားလေးထဲမှာပါဝင်တဲ့ ဇာတ်ဝင်ခန်းသီချင်းလေးဖြစ်ပါတယ်…. 🐿 🐿 ဒီဇာတ်ကားထဲမှာ ဆိုရင် ရေခဲပြင်တွေထဲမှာ နေတဲ့ 🐿 🐿ရှဥ့် လေးတစ်ကောင်က သစ်ကြားသီးလေးကို အလွန်နှစ်သက်မြတ်နိုးသူဖြစ်ပါတယ်. သို့ပေမယ့် တစ်နေ့မှာ ရှဥ့်မလေးတစ်ကောင်ကိုတွေ့သွားတဲ့ အခါမှာ သစ်ကြားသီးလေးကိုဂရုမစိုက်တော့ပါဘူး အဲ့ ခါမှာ သစ်ကြားသီးလေးရဲ့ အလွမ်းသီချင်းလေးဖြစ်သွားတာကို ပုံဖော်လိုက်တဲ့သီချင်းလေးဖြစ်ပါတယ်...😋😄😍.အဲ့ဒီ့တော့အနီးစပ်ဆုံး ဘာသာလေးပြန်ကြည့်မယ်ဆိုရင်... 😊
Alone Again Naturally
ငါတစ်ယောက်ထဲ ပဲပေါ့လေ ….
SI shouldn't be hangin' round, when the world's turned upside down
ကမ္ဘာကြီး ကမောက်ကမ ဖြစ်နေ ချိန်မှာ ငါ လေ….အချိန်မဖြုန်းနေသင့်တော့ဘူး …..
you abandoned me, I fell off the tree, to the hard and lonely ground
မင်းစွန့်ပစ်သွားတဲ့ ငါဟာ ကြမ်းတမ်းပြီး အထီးကျန်ဆန်တဲ့ မြေပြင်ကိုဆင်းသက်ခဲ့ရတယ်……
you've found somebody new, and cracked my shell in two,
မင်းကတော့အသစ်တစ်ယောက် တွေ့ပြီး ငါ့အသဲကိုနှစ်ခြမ်းခွဲ ခဲ့ တယ်လေ……
how could I foresee? you'd turn out to be, such a buck toothed Casanova...
အဖူးအငုံဘ၀ကနေ ရူပ်ပွေသူတစ်ယောက်လိုမျိုး မင်းပြောင်းလဲမယ်ဆိုတာ ငါ ဘယ်လို ကြိုသိနိုင်ခဲ့ပါ့မလဲ
now there's only strife and my life has lost all meaning...
အဓိပ္ပာယ်မဲ့စွာနဲ့ ငါ့ဘ၀ အခုတော့ ရုန်းကန်နေခဲ့ ရပြီ…….
how I miss your furry lips, your shallow, rapid breathing...
မင်းရဲ့ အမွေးထူထူနူတ်ခမ်းလေးတွေ မင်းရဲ့ အသက်ရူသံပြင်းပြင်းလေးတွေ ငါဘယ်လောက်တောင် အောက်မေ့ လွမ်းဆွတ်နေခဲ့ရလဲ ……
I wish you only knew...that I'm only nuts for you!!!
ငါဟာ မင်းအတွက် အခွံမာသီးလေးတွေ ပဲ ဆိုတာ မင်းသိဖို့ ဘဲ ငါဆန္ဒရှိပါတယ်ကွာ ……
alone again...naturally....
အခုတော့လည်းအရင်လို …ငါတစ်ယောက်ထဲ ပါပဲလေ…😌😄😊😍 ကဲဒါဆို ကိုယ့်ရဲ့ အဖြေလေးတွေနဲ့ ပြန်စစ်ကြည့်လိုက်ပါဦးနော်!
Well done, everyone! ! ! Excellent!!!
No comments:
Post a Comment