Lesson 4 (Week 2 - Talking About Jobs) 🤓🤓🤓
✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨
Deadline: January 29, 2018
::::::::::::::::::::::::::::::::::::::::::::::
ဆက်လက်ပြီး အလုပ်နဲ့ပတ်သတ်တဲ့ အင်္ဂလိပ်ဆောင်ပုဒ်လေးတွေကို လေ့လာကြရအောင်ပါ။ ဒီသင်ခန်းစာကတာ့ အလုပ်နဲ့ပတ်သတ်တဲ့ ဆောင်ပုဒ်လေးတွေကို အင်တာနက် (သို့) ယခုဖေ့စ်ဘွတ်ပေါ်ကနေရှာပြီး ကိုယ်အကြိုက်ဆုံးတစ်ခုကိုဖော်ပြပေးရမှာဖြစ်ပါတယ်။ ပြီးရင် အဲ့ဒီ့စာကြောင်းလေးတွေကို ကို်ယ့်ဘာသာကိုယ် မြန်မာလိုပြန်ပြီးရေးပြရမှာဖြစ်ပါတယ်။
✨
အရေးကြီးတာက သူငယ်ချင်းတွေနဲ့မတူရပါဘူး။ ဒါကြောင့် ကိုယ်ကသူငယ်ချင်းတွေဖြေထားတာကို အရင်လေ့လာပြီးသူတို့နဲ့မတူတာကိုရှာဖြေရမှာဖြစ်ပါတယ်။ ပြီးတော့ အလုပ်နဲ့ပတ်သတ်တဲ့ (သို့) စီးပွားရေးနဲ့ပတ်သတ်တဲ့ဆောင်ပုဒ်ပဲဖြစ်ရပါမယ်။ ကိုယ့်ကိုယ်ကို စိတ်ဓါတ်မြှင့်တင်မှုဆောင်ပုဒ်တွေလည်းရပါတယ်။ အခြားအချစ်ရေး၊ နိုင်ငံရေး၊ ဘာသာရေးဆောင်ပုဒ်တွေမဖြစ်ရပါဘူး။
✨
ဘယ်မှာရှာရမလဲမသိရင် Google မှာ Work Quotes လို့အလွယ်ရိုက်ရှာပြီး ကိုယ်အကြိုက်ဆုံးတစ်ခုကိုရွေးဖြေနိုင်ပါတယ်။ မြန်မာလိုကို အတိအကျမပြန်နိုင်လည်း ကိစ္စမရှိပါဘူး။ အဓိကက ကိုယ်နားလည်ဖို့ဖြစ်ပါတယ်။
✨
စာအုပ်ပေါ်မှာရေးလည်းရပါတယ်။ မရေးလည်းရပါတယ်။ ပုံလေးတွေပါလည်းရပါတယ်။ မပါလည်းရပါတယ်။ ဥပမာတစ်ခုကို ကျနော် Comment မှာပြထားပါတယ်။
✨
Okay. Let's do the research! Fighting! 🤓🤓🤓
✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨
Min Ko Ko
Friday, March 9, 2018
Lesson 4 (Week 2)
Labels:
NC
Subscribe to:
Post Comments (Atom)
No comments:
Post a Comment