English Grammar အားနည်းသူများအတွက်
=============================
သင်ခန်းစာ - ၆
=========
ကဲ noun အမျိုးအစားတွေနည်းနည်းပဲ ကျန်တော့တယ်
လေ့လာလိုက်ရအောင်ဗျာ
Noun Phrases
==========
Noun Phrases ဆိုတာကတော့လွယ်ပါတယ်
Phrase ဆိုတာစကားစု
ဒီတော့ တစ်လုံးထက်ပိုတဲ့ noun တွေမှန်သမျှ noun phrase ပဲ
ဥပမာ -
dog ဆိုတာ noun
ရှေ့က article လေး ထည့်လိုက်မယ် >>> a dog
ဒါဆို a dog က noun phrase
ဒါကို ခွဲခြားကြည့်ရင် a ဆိုတဲ့ indefinite article က dog ဆိုတဲ့ noun ကို အထူးပြု(modify)တယ်
ဒီတော့ noun phrase = နာမ်စကားစု
Nominalization (Creating Nouns)
=====================
Nominalization ဆိုတာက verb တွေ ဒါမှမဟုတ် adjective တွေကနေ noun ဖြစ်လာတဲ့ noun တွေကိုခေါ်တာ
ဥပမာ -
accept = လက်ခံသည် (verb)
acceptance = လက်ခံမှု (noun >> Nominalization)
acceptance ဆိုတဲ့ noun က accept ဆိုတဲ့ verb ကဖြစ်လာတာ
ဒီတော့ acceptance က Nominalization
difficult = ခက်ခဲသော (adjective)
difficulty = ခက်ခဲခြင်း (noun >> Nominalization)
difficulty ဆိုတဲ့ noun က difficult ဆိုတဲ့ adjective ကဖြစ်လာတာ
ဒီတော့ difficulty က Nominalization
Nominalization ကိုလေ့လာရင် သိထားသင့်တာလေးတွေရှိပါတယ် အောက်မှာလေ့လာကြည့်ပါ
Nominalization ဖြစ်တဲ့ ပုံစံသုံးမျိုးရှိတယ်
1)suffixes
2)conversion (or) zero derivation
3)Infinitives
Suffixes
======
Suffixes ကိုသုံးပြီး ဖြစ်လာတဲ့ nominalization ဆိုတာက ပုံစံပြောင်းပြီး noun ဖြစ်လာတာ
ဥပမာ-
walk - လမ်းလျှောက်သည်
walking - လမ်းလျှောက်ခြင်း
walk က verb
နောက်က ing လေးပေါင်းပြီး ပုံစံပြောင်းလိုက်တော့ noun ဖြစ်သွားတယ်
(ပေါင်းလိုက်တဲ့ ing ကို gerund လို့ခေါ်တယ် မှတ်ချင်ရင် မှတ်ထား)
teach - သင်ကြားပေးသည်
teacher - ဆရာ
ဒီမှာလဲ နောက်က -er လေးပေါင်းပြီး ပုံစံပြောင်းလိုက်တယ်
ဒီတော့ noun ဖြစ်လာတယ်
Conversion
========
Conversion ဆိုတာက ပုံစံမပြောင်းပဲ noun ဖြစ်လာတာတွေကိုခေါ်တာ
ဥပမာ-
Please answer the phone,Aung Aung.
We'll need an answer by tomorrow.
ဒီဝါကျနှစ်ကြောင်းမှာ answer ဆိုတဲ့စကားလုံးပါတယ်
ဒါပေမယ့် အပေါ်က answer က verb အဖြစ်သုံးထားတာ
အောက်က answer က noun အဖြစ်သုံးထားတာ
ပုံစံကတော့မပြောင်းဘူး answer - answer ပဲ
ဒါပေမယ့် ဝါကျမှာရောက်တဲ့နေရာကိုကြည့်ပြီး(context ကိုကြည့်ပြီး) အဓိပ္ပါယ်ပြောင်းသွားတယ်
We all want the best for her.
best ဆိုတာ adjective ဆိုတာ ကျွန်တော်တို့ အားလုံးသိတယ်
ဒါပေမယ့် ဒီ ဝါကျမှာကျ best က noun ဖြစ်သွားတယ်
context ကိုလိုက်ပြီး adjective ကနေ noun ဖြစ်သွားတယ်
ပုံစံကတော့ ပြောင်းမသွားဘူး
(ဒီဝါကျထဲက best ကို Nominal adjective လို့ခေါ်တယ်)
ဒါမျိုး ပုံစံမပြောင်းပဲ noun ဖြစ်လာတာတွေကို Conversion
Infinitives
=======
Infinitive ဆိုတာတော့ to ပေါင်းလိုက်တာ
to ပေါင်းလိုက်တာနဲ့ noun ဖြစ်သွားတာတွေ
ဥပမာ-
To study English at Oxford was her ultimate dream.
ဒီစာကြောင်းမှာ study က verb
ရှေ့မှာ to ပေါင်းထားတယ်
ရောက်နေတာ subject နေရာမှာဆိုတော့ noun ဖြစ်သွားပြီ
ဒါမျိုး ရှေ့မှာ to ပေါင်းပြီးလဲ noun ဖြစ်လာနိုင်တယ်
ဒါက Nominalization ဖြစ်နိုင်တဲ့ ပုံစံသုံးမျိုးပါ
နည်းနည်းလေးဖြည့်စွတ်ချင်တာက Suffixes သုံးတာတွေပါ
Suffixes သုံးပြီး ပုံစံပြောင်းတော့မယ်ဆိုတော့ နောက်က စကားလုံးတွေပေါင်းရတော့မယ်
ပေါင်းရတာတွေကအများကြီးဗျ ဥပမာ-
-or , -er , -r , -ee , -sion , -ance , -ment , -ence , -ness ,
ဒါတွေကို post တစ်ခု သီးသန့် တင်ပါမယ်
××××××××××××××××××××××××××××××××××
Noun အမျိုးအစားတွေ ပြီးပါပြီ
Grammar ရဲ့ သဘောတရား (3)ခု
အဲ့ဒီသဘောတရား (3) ခုထဲက ပထမဆုံးတစ်ခု
အဲ့ဒီ ပထမဆုံးတစ်ခုမှာ ရှိတဲ့ အမျိုးအစား 12 မျိုးထဲက ပထမဆုံးတစ်မျိုးပြီးတာပါ
နောက်မှာ grammar rule တွေ လေ့လာစရာ အများကြီးကျန်သေးတယ်ဆိုတာလေး သတိပေးတာပါ
Grammar ဆိုတာကြီးကို နားလည်ချင်ရင် ဇွဲရှိဖို့တော့လိုတယ်နော့😊
သင်ခန်းစာ 6 ခုလောက်နဲ့ ရပ်မသွားကြနဲ့အုံး😁
အမှားပါရင် အားမနာတမ်းဝေဖန်ပေးဖို့လဲ တောင်းဆိုပါတယ်ဗျ
#KT
No comments:
Post a Comment