✨Lesson 2 (Week 1 - Introduction)✨ 🎓📚😍📚🎓
✨✨✨✨✨✨✨✨✨✨✨✨ ✨
Deadline: January 12, 2018
::::::::::::::::::::::::::::::::::::::::::::::::
🎓📚😍📚🎓
✨
Good evening, ladies and gentlemen!
✨
အိုကေ...ကျနော်တို့ဆက်ပြီးတော့ နိုင်ငံခြားသားတစ်ယောက်ကိုစတင်တွေ့တာနဲ့ မေးသင့်တဲ့အရေးကြီးဆုံး၊ အသုံးအများဆုံးမေးခွန်းလေးတွေ လေ့လာရအောင်ပါ။
✨
၁။ What is your name? (What's your name?)
မိတ်ဆွေရဲ့နာမည်ကဘယ်သူလဲ။ ဒါဆိုရင် သူ့နာမည်ကိုပြောပြမှာပါ။ သေသေချာချာမကြားရင် ပြန်မေးပါ။ I'm sorry. Can you repeat? အားနာပါတယ်။ ပြန်ပြောနိုင်မလားလို့ မေးရပါတယ်။
၂။ Where are you from?
ခင်ဗျားဘယ်ကလဲ။ ဒါဆိုရင် သူ့ရဲ့နိုင်ငံကိုပြောပြမှာဖြစ်ပါတယ်။ ဒီ့ထက်ပိုအသေးစိတ်မေးချင်ရင်တော့
Where are you from originally? From which city? လို့မေးလို့ရပါတယ်။
၃။ How long have you been here?
ခင်ဗျားဒီရောက်တာကြာပြီလား။ သူက four weeks, three months, one and half year တစ်နှစ်ခွဲစသည်ဖြင့်ပြန်ဖြေမှာဖြစ်ပါတယ်။
၎။ Is it your first time here?
ဒါပထမဆုံးရောက်ဖူးတာလား။ ဆိုရင် သူက Yes ဒါမှမဟုတ် No ဆိုပြီးဖြေပေးမှာဖြစ်ပါတယ်။
ပြီးရင် Welcome to Myanmar! လို့ပြောလိုက်ရင် သူက Thank you. လို့ပြန်ပြောပါလိမ့်မယ်။
ကဲဒီမေးခွန်း (၄) ကြောင်းထဲကို Comment မှာ ပထမ Lesson လိုပဲ စာအုပ်ပေါ်ရေး ရှင်းရှင်းလင်းလင်းပုံရိုက်ပြီး တင်ကြရအောင်ပါ။ ဒါမှမဟုတ်လဲ Screenshot တင်ကြရအောင်ပါ။
✨✨✨
Grammar Points!
၁။ မေးခွန်းလေးတွေဖြစ်တဲ့အတွက် ၀ါကျအဆုံးမှာ Question Mark ? လေးတွေမကျန်ရပါ။ ကျန်ရင် မုန့်ဝယ်ကျွေးရမှာဖြစ်ပါတယ်။ ;)
၂။ နံပါတ် ၁၊ ၂ နှင့် ၃ တို့ကို Wh Questions များဟုခေါ်ပြီး နံပါတ် ၄ ကိုတော့ Yes/No Questions ဟုခေါ်ပါတယ်။ Yes ဒါမှမဟုတ် No တစ်ခုခုဖြေပေးရသောကြောင့်ဖြစ်ပါတယ်။ Yes/No Questions အမျိုးအစားများကို နောက်ပိုင်းပိုမိုလေ့လာသွားကြမှဖြစ်ပါတယ်။
✨✨✨
မှတ်ချက်။ ။ သင်တန်းမှတင်သော ပို့စ်များအားလုံးကို Like မလုပ်ရပါ။ မေးချင်တာမြန်မာလိုမေးနိုင်ပါတယ်။
✨✨✨
OK, let's finish this today!!!!! 🎓📚😍📚🎓
✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨
Min Ko Ko
Friday, March 9, 2018
Lesson 2 (Week 1 )
Labels:
NC
Subscribe to:
Post Comments (Atom)
No comments:
Post a Comment