Monday, March 12, 2018
အလုပ်​ခွင်​ ဆက်​ဆံ​ရေး​အောင်​မြင်​​စေဖို့ စိတ်​ခံစားချက်
ပြီးခဲ့​သော  ရက်​ပိုင်း​လေးက ​အောက်​စ်​ဖိုဒ့်ဆရာ​တော်
ပါ​မောက္ခ ​ဒေါက်​တာဓမ္မသာမိ Dphil(Oxford)၏ အလုပ်​ခွင်​ ဆက်​ဆံ​ရေး​အောင်​မြင်​​စေဖို့ စိတ်​ခံစားချက်​ ၂ ရက်​သင်​တန်း တက်​ဖြစ်​ခဲ့ပါသည်​။
ထိုသင်​တန်းမှ ကျွန်​မ သိသမျှ နားလည်​ခဲ့သမျှလိုက်​နာချင်​ခဲ့သမျှ ဥာဏ်​ ရှိသ​လောက်​​ရေးသားပါမည်​။
``Auto mind´´
အလိုအ​လျောက်​ ဖြစ်​​တတ်​​သောစိတ် (သတိထိမ်းချုပ်​မှုမရှိ​သော)
(သို့မဟုတ်​)
မသိစိတ်​{ control မလို​သောစိတ် }
အဘိဓမ္မာနည်းဆိုလျှင်​ ဥဒ္ဓစ္စ (​မောဟ)
ကျွန်​မတို့​နေ့စဉ်​ဘဝ သတိလစ်​လွတ်​ ​နေထိုင်​မိစဉ်​ ကိုယ်​မ​တွေးပါဘဲ
တွေးသ​ယောင်​, ကိုယ်​ ​မေ့​ပျောက်​​နေခဲ့​သော
စိတ်​ကူး​လေးများ ဖြတ်​ကနဲ ​ပေါ်လာတာမျိုး ,
တစ်​ခါတစ်​ရံ ကိုယ်​ အာရုံစိုက်​ စာဖတ်​​နေစဉ်​ ရည်​ရွယ်​ချက်​မရှိ တိုးဝင်​လာ​သော, ဖတ်​လက်​စ စာ​မေ့သွားနိုင်​​သော စိတ်​ဖြစ်​စဉ်​ အတိုအစများ ,
ဆွဲယူ​ခေါ်​ဆောင်​ခံရတာမျိုး ,
စသည်​တို့ဖြစ်​ပါသည်​။
ထိုစိတ်​မှာမ​ကောင်းမြင်​​ခြင်း ( negative)လည်းဖြစ်​နိုင်​သလို
အ​ကောင်းမြင်​ခြင်း(positive )လည်းဖြစ်​နိုင်​ပါသည်​။
မနက်​ပိုင်း အိမ်​မှ ထွက်​လာစဉ်​ ကားက ကြပ် လူကများ​ အလုအယက်​ တိုး​ဝှေ့​နေချိန်​ ပန်းအတင်း လာ​ရောင်း တတ်​​သော လူတစ်​​ယောက်​၏ အပြုအမူ​ကြောင့်
စိတ်​အ​နှောက်​အယှက်​ ဖြစ်​ခြင်း,
ဟွန်းတီးသံကျယ်​ကျယ်​ ကြားရခြင်း,
မနက်​ အစည်းအ​ဝေးမှာ ကိုယ့်​တင်​ပြချက်​ကို မာန ထိခိုက်​​အောင်​ ငြင်းပယ်​ခံရ​သော စိတ်​ဖြစ်​အင်​မျိုး ,
ကိုယ့်​ကိုမ​လေးမစား​စော်​ကားခံရသည်​ဟု ထင်​မှတ်​စရာအ​ခြေအ​နေမျိုး,
နောင်​တရစရာလုပ်​ရပ်​လုပ်​မိခြင်းမျိုး,
ထို အဆင်​မ​ပြေဖွယ်​ အဖြစ်​အပျက်​ များမှ တစ်​ခုခု ကြုံခဲ့လျှင်​ ကိုယ်​မ​တွေး​သော်​ငြားလည်း တစ်​​နေကုန်​ စိတ်​က ဒါကို ထပ်​တလဲလဲ ပြန်​​ရောက်​​နေတာမျိုး ,
အိမ်​ပြန်​ ည အိပ်​ချိန်​လည်းစိတ်​ထဲ မ​ကြေလည်​တာမျိုး
အဖုအကျိတ်​ များ အဖန်​ဖန်​ဖြစ်​ခါ စိတ်​ကိုစုစည်းမရနိုင်​။
ဒါက ​ဒေါသ အမြင်​ အ​တွေး ကြုံရခြင်းမျိုးဖြစ်​ပါသည်​။
Negativeများသာ။
ရံခါ ကိုယ်​မြင်​ချင်​​တွေ့ချင်​သူဆီက အပြုံး​လေးမြင်​ရခြင်း,
မနက်​စာ ကိုယ်​ ကြိုက်​​သောရှားပါးအရာ​လေး စားရခြင်း​ကျေနပ်​မှုမျိုး ,
ကိုယ့်​ ​လေးစား​သောသူဆီ မှ အသိမှတ်​ပြုခံရခြင်း ,
လက်​​ဆောင်​ရခြင်း,​မျှော်​လင့်​​သောစကားကြားရခြင်း,
စ​သော တစ်​​နေကုန်​အ​တွေးရိပ်​မှ ​ကျေနပ်​စရာများ ထပ်​ခါ ထပ်​ခါ ပြန်​မြင်​​ယောင်​​နေ တတ်​တာမျိုး
ဒါက ​ကောင်း​သော​ကျေနပ်​စရာ စိတ်​ ဖြစ်​သည်​။
ဒါက​တော့ positiveစိတ်​အစဉ်​။
ဤသို့ ကိုယ်​မ​တွေး ပါဘဲ သူ့အလိုလို တဝဲလည်​လည်​ခဏခဏ ဖြစ်တတ်​ပါသည်​။
ပေါ်ပြီးရံခါ အချိန်​ကြာကြာ ဖြစ်​​စေ
ရံခါ သတိ ထား ကိုယ်​လက်​ရှိလုပ်​စရာကိစ္စ ဆီ စိတ်​ကို​ရွေ့​ပြောင်း လိုက်​လျှင်​ ​ပျောက်​ကွယ်​သွားတာမျိုး ကို
Auto mind ဟု​ခေါ်ပါသည်​။
Auto mind ထပ်​ခါ ထပ်​ခါ ဖြစ်​ရခြင်းမှာ တစ်​စုံတစ်​​ယောက်​ခိုင်း​စေ​ နေခြင်း အပြင်​မှ ဝင်​လာခြင်းမဟုတ်​ ။
ကိုယ်​ဖြစ်​ဖူး ကြုံဖူး​သော မ​ဖြေရှင်းနိုင်​ခဲ့​သော ​ကျေနပ်​မှု မ​ကျေနပ်​မှု ​ကြောင်းကျိုးဆက်​နွယ်​မှု မှ ဖြစ်​တည်​လာခြင်း
သာ ဖြစ်​ပါသည်​။
အိပ်​နေစဉ်​ အခါ ဖြစ်​တတ်​​သော ဘဝင်​စိတ်​မဟုတ်​ပါ။
သတိမရှိ​သောအခါ  အလိုအ​လျောက်​ အတိတ်​က ဖြစ်​ရပ်​များနဲ့ ဆက်​စပ်​ဖွဲ့တည်​လာ​သော စိတ်​အတိုအစ
အပိုင်းအပြတ်
စိတ်​ဖြစ်​စဉ်​အ​တွေးစ​လေးများသာဖြစ်​ပါသည်​။
ထိုထို auto mind များ ထပ်​တလဲလဲ တဝဲလည်​လည်​ ​တွေး​ပေါ်လာမှုသည်​ မ​ကျေနပ်​ မှု ဆိုလျှင်​ မ​ကျေနပ်​​သော အိတ်​တစ်​လုံးထဲ တွင်​ ပြဿနာများစုပုံထည့်​သကဲ့သို့
အစုအ​ဝေးများလာ တတ်​ကာ ခံစားချက်​ပို၍ပို၍ စိတ်​​လာ​တတ်​ပါသည်​။
ထမင်းစားလည်းဒါ ​တွေးမြင်​​ယောင်​ခြင်း။
အလုပ်​လုပ်​လည်းဒါ ​တွေးမြင်​​ယောင်​ခြင်း။
အိမ်​ပြန်​သွားရင်​ ​တောင်​ ဒါ ကို မိမိစိတ်​က အ​ထွေးလိုက်​သယ်​​ဆောင်​ တတ်​ကြသည်​။
အိပ်​ရာဝင်​ရင်​​တောင်​ ထို ခံစားချက်​များ တစ်​စိမ့်​စိမ့်
ထည့်​သိမ်း ​နေတတ်​တာမျိုး။
စိတ်​၏ ခံစားချက်​က အ​တွေးများထပ်​ခါ စု​ဆောင်းမိသည်​နဲ့အမျှ စိတ်​ခံစားမှု emotion အဖြစ်​ ​လေးလံလာ​တော့သည်​။
စိတ်​ခံစားမှု ကိ​လေသာများက ကြည်​လင်​​တောက်​ပ​နေ​သောမူရင်းစိတ်​ ကို ညစ်​​ထေး​စေသည်​။
ဤသို့ ဖြစ်​ မလာ​စေရန်
auto mind  အလိုအ​လျောက်​ စိတ်​ဖြစ်​စဉ်​မှာကတည်းက သတိ​လေးကပ်​ကပ်​ပြီး သူ့ဖြစ်​စဉ်​ မရှည်​မှီ သိ​နေဖို့ လိုအပ်​သည်​။
သတိမပါဘဲ ကိုယ့်​အကြံအစည်​ မပါဘဲ
သူ့ဖာသာ ​တွေး​နေ​တတ်​​သော auto mind သည်​ ခန္ဓာ ကိုယ်​​ရော စိတ်​ပါ အင်​အား( engery )ကို ထိခိုက်​​စေသည်​။
ကိုယ့်​ပ​ယောဂမပါဘဲ သူ့ဖာသာအလိုအ​လျောက်​ တဝဲလည်​လည်​ ပျံ့ လွှင့်​​သော စိတ်​သည်
auto mind မှ auto thinking ကိုဖြစ်​​စေသည်​။
အလိုအ​လျောက်​ ဖြစ်​လာ​သောစိတ်​ဖြစ်​စဉ်​ မှ အလိုအ​လျောက်​ ​တွေး​နေမိ​သော သတိမပါ​သော မရပ်​မနားကိုယ်​မသိဘဲ​တွေးမိ​နေခြင်းသို့ ​ရောက်​လာတတ်​သည်​။
auto mind တွင်​ ​ကောင်း​သောစိတ်​ခံစားချက်​​ပျော်​ရွှင်​မှု က energyကိုသိပ်​အသုံးပြုခြင်း မရှိ​သော်​လည်း
မ​ကောင်း​သောခံစားချက်
(​ကြောက်​ရွံခြင်း, မလှုံခြုံခြင်း ,​ဒေါသထွက်​ ခြင်း ,ဝမ်းနည်းမှု , အံ့သြခြင်း )
တို့ ဖြစ်​လာလျှင်
အလိုအ​လျောက်​ တွန်းထုတ်​ခြင်း, ​ရှောင်​ရှားခြင်း, တိုက်​ခိုက်​ခြင်း စ​သောဆန့်​ကျင်​သော,အလိုအ​လျောက်​ စိတ်​ခံစားချက်​များဖြစ်​​ပေါ်လာ၍ energy ကိုပို၍ အသုံးပြုရ​ပေသည်​။
ထိုသို့စိတ်​တို့ စွမ်းအင်​ဖြုန်းတီး​နေချိန်​တွင်
သတိထား၍ခန္ဓာကို ​စောင့်​ကြည့်​လျှင်​ အသက်​ရှူ ပိုမြန်​လာခြင်း,
နှလုံးပိုခုန်​လာခြင်း, ​အောက်​ဆီဂျင်​ပိုလိုအပ်​လာခြင်း,
မျက်​နှာများ အသားအ​ရေ တင်းမာလာခြင်း ,ဇက်​ခိုင်​လာခြင်း,
ပူ​လောင်​လာခြင်း, စသဖြင့်​ တုန့်​ပြန်​မှု များ သိလာနိုင်​​ပေသည်​။
ဥပမာ သိ​စေရန်​ ဆရာ​တော်​မှ လက်​​တွေ့ ချက်​ချင်း အချိန်​၁၅မိနစ်​​ပေး၍တရားထိုင်​ ၍ ကိုယ့်​အာရုံကို နှာသီး ဝ သို့ပို့​စေသည်​။
ပထမ နှာသီးဝ ​လေဝင်​​လေထွက်​ကို မှတ်​နိုင်​ပါ​သော်
လည်း အ​လေ့ အကျင့်​ အလိုက်​ auto mind များ ကိုယ်​မရည်​ရွယ်​​သော
အ​တွေးစ စိတ်​ကူးအချို့ ​မောဟအသွင်​ဖြင့်​ ဝင်​လာပါ​တော့သည်​။
အချို့ ဝင်​ဝင်​ချင်းသိနိုင်​​သော်​လည်း ရံခါ auto mind မှ auto thinking အဖြစ်​​ပြောင်းလဲသွားမှ သိနိုင်​သည်​။
ရံခါ အ​တွေးနဲ့ မိနစ်​အနည်းငယ်​မျှ လည်​ပတ်​​နေပြီးမှ သိနိုင်​သည်​လည်းရှိသလို
သိသိချင်း ရပ်​တန့်​ပြီး မူလ နှာသီးဝဆီ ပြန်​ထိမ်းလိုက်​နိုင်​တာမျိုးလည်း ရှိနိုင်​သည်​။
၁၅ မိနစ်​အတွင်း auto mind ဘယ်​နှစ်​ကြိမ်​ဝင်​ခဲ့သလဲ။
သိသိချင်း သိလျှင်​သိချင်း ပြန်​ ပြီးမူရင်းအာရုံသို့ ​ရောက်​ နိုင်​ဖို့ သတိကပ်​ နိုင်​ဖို့သာလိုသည်​။
အပြစ်​တင်​ဖို့ အလိုမကျဖို့ ကိုယ့်​ဖာသာ ​ဒေါသထွက်​ဖို့ အားမရ​စေဖို့​ မဟုတ်​။
auto mind ဖြစ်​တာကိုသိလိုက်​​သောအချိန်​မှာ ကိုယ့်​ ဖာသာ သတိထားနိုင်​ဖို့ သာ အ​ရေးကြီးပါသည်​။
သတိကပ်​လိုက်​နိုင်​ဖို့သာလိုအပ်​သည်​။
သတိကပ်​​နေချိန်​ ခန္ဓာတွင်​ ​အောက်​ဆီဂျင်​က အပြည့်​ရ​နေသည်​။
energery ကို ထိမ်းသိမ်းနိုင်​သည်​။
စိတ်​ခံစားမှုကို မလွန်​မကျွံ​စေရန်​ စီမံနိုင်​သည်​။
control ထိမ်းသိမ်းမှု မရှိ​သောစိတ်​ auto mind က အဝိဇ္ဇာ ဖြစ်​​စေသည်​။
အဝိဇ္ဇာ ဖြစ်​မှန်းသိလျှင်​ ပင်​ သတိ ​ကြောင့်​ ဝိဇ္ဇာဖြစ်​ပြီ ။
ဥာဏ်​ဖြစ်​လာသည်​။
auto mind က ဖြစ်​လာ​သော ဆွဲ​ဆောင်​​သောအာရုံသည်​ သိစိတ်​မှ မကြိုက်​လျှင်​fighting တိုက်​ခိုက်​ ​နေသည်​ကိုသတိထားမိမည်​။
ပျော်​​နေလျှင်​လည်း​လောဘ အလိုဖြင့်​ ​မျှောလိုက်​​နေပါလိမ့်​မည်​။
မလိုချင်​ အင်​အားမမျှလျှင်​ ထွက်​​ပြေး​ရှောင်​ပုန်း​နေ​သောမိမိ စိတ်​က​လေးကို ပြန်​မြင်​ပါလိမ့်​မည်​။
ပြန်​တိုက်​ခိုက်​​နေ​သောစိတ်​ကို ​ဒေါသမထွက်​ပါနဲ့။
ပုန်း​ရှောင်​​နေ​သောစိတ်​ကိုကြည့်​၍ ဝမ်းမနည်းပါနဲ့ ။
ထိုထို စိတ်​က​လေးများကို Register အသိမှတ်​ပြုလိုက်​ပါ။
Receive လက်​ခံလိုက်​ပါ။
Release ထားခဲ့လိုက်​ပါ။
ထပ်​၍ဆွဲယူ ထပ်​မ​တွေးပါနဲ့။
သူ့သဘာဝအတိုင်းဖြစ်​​နေသည်​မို့ သတိကပ်​ သိရုံ လက်​ခံရုံထားခဲ့ရုံပါ။
သတိကိုကပ်​ထားခြင်းဖြင့်​ စိတ်​ခန္ဓာ အင်​အားများ
မဖြုန်းတီး​စေဘဲ ကိုယ့်​သတိဖြင့်​ ကိုယ့်​အသိဖြင့်​ ​နေနိုင်​ပါလိမ့်​မည်​။
ထိုသည်​ကို Mindfulness baed insight meditation
သတိပဋ္ဌာန်​ဖြင့်​​နေထိုင်​ခြင်းမည်​သည်​။
ဆက်​၍​ဖော်​ပြပါမည်​။
ဓမ္မများသ​ဘော​ပေါက်​နားလည်​လွယ်​​စေရန်​သင်​ကြား​ပေးခဲ့​သောဓမ္မဗျူဟာမှဆရာမများကိုဦးချပါသည်​။
No comments:
Post a Comment