Friday, March 9, 2018

Lesson 4 (Week 1 )

Lesson 4 (Week 1 - Introduction) 🎓📚😍📚🎓
✨✨✨✨✨✨✨✨✨✨✨✨✨✨
Deadline: January 15, 2018
:::::::::::::::::::::::::::::::::::::::::::::
Good evening, everyone! ;)

Week 1 မှာလေ့လာထားသမျှကို ကျနော်တို့ သူငယ်ချင်းတွေနဲ့အတူတူလက်တွေ့ Practice လုပ်ဖို့အချိန်ကျပါပြီ။ ဒီအတွက် ဒီမှာပြင်ဆင်ကြရအောင်ပါ။ သင်တန်းရဲ့ ပျော်ရွှင်စရာအကောင်းဆုံးနဲ့ စိတ်အရှည်ရဆုံးအပိုင်းကိုရောက်လာပြီဆိုလည်းမမှားပါဘူး။ ဘာလဲဆိုတော့ PCP ပါ။ 🤗🤗🤗

ဟုတ်ပါတယ်...Phone Call Practice(PCP) စတင်တော့မှာဖြစ်ပါတယ်။
၁။ PCP ဆိုတာဘာလဲ။
လေ့လာထားသမျှသင်ခန်းစာတွေအားလုံးကို သူငယ်ချင်းနဲ့အတူ ဖုန်းခေါ်ပြီး Practise လုပ်တာဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင်တီထွင်ထားတဲ့ ခေတ်သစ်အင်္ဂလိပ်စကားပြော လေ့ကျင့်နည်းဖြစ်ပါတယ်။
၂။ ရည်ရွယ်ချက်ကဘာလဲ။
သင်ခန်းစာတွေ တကယ်နားလည်ရန်နှင့် တကယ်လက်တွေ့လေ့ကျင့်မှုရရှိရန်ရည်ရွယ်ထားပါတယ်။
၃။ အရေးကြီးပါသလား။
သင်တန်းအောင်မြင်ပြီးမြောက်ဖို့ဆိုရင် ယခု Level 1 မှာ PCP စုစုပေါင်း(၄) ခုမှ (6)ခုအထိရှိမှာဖြစ်ပါတယ်။ ဒီ(6)ခုလုံးပြီးမှအောင်မှာဖြစ်ပြီးသင်တန်းဆင်းလက်မှတ်ရမှာဖြစ်ပါတယ်။
၎။ ဒီအတွက်ဘာတွေလေ့လာထားရမှာလဲ။
Week အလိုက်သင်ခန်းစာတွေအားလုံးကိုလေ့လာထားရမှာဖြစ်ပါတယ်။ အားလုံးကိုလေ့လာထားမှသာလျှင် Practice လုပ်နိုင်မှာဖြစ်ပါတယ်။
၅။ နည်းလမ်းလေးတွေကကော။
အောက်ပါအတိုင်းဖြစ်ပါတယ်။ 😉
✨✨✨✨✨✨✨✨✨✨
🎓📚😍📚🎓
Phone Call Practice (PCP)
•••••••••••••••••••••••••
၁။ (က) မိမိနာမည်အရင်း
(ခ) မိမိလက်ရှိနေထိုင်ရာမြို့အမည်၊
(ဂ) တိုင်း (သို့) ပြည်နယ်အမည်၊
(ဃ) နိုင်ငံအမည်နှင့်
(င)ကိုယ် PCP လုပ်နိုင်မည့်အချိန်တစ်ခု (မနက်ပိုင်း၊ နေ့လည်ပိုင်း၊ ညနေပိုင်း၊ ည ၉ နာရီနောက်ပိုင်း)
စသည့်အချက်(၅)ချက်လုံးကို ဤပို့အောက်တွင် မြန်မာလိုရေးပါ။ ဒါကိုအရင်ဆုံးရေးပါ။ စာအုပ်မှာရေးစရာမလိုပါ။ ဥပမာ -
*မင်းကိုကို
*ရန်ကုန်မြို့(ရန်ကုန်တိုင်း)၊ မြန်မာနိုင်ငံ
*PCP လုပ်နိုင်မည့်အချိန် - မနက်ပိုင်း

၂။ ပြီးရင် PCP လုပ်နိုင်မည့်အချိန်တူတဲ့သူ ကိုယ်နဲ့မြို့တူတဲ့သူကိုရှာပါ။ မြို့တူတဲ့သူမတွေ့ရင် ကိုယ့်မြို့နဲ့အနီးဆုံးမြို့ကိုရွေးပါ။ ထို့နောက် Reply မှ နံပါတ်(၁)ကအချက်တွေအားလုံးပြောပြီးတစ်ယောက်နှင့်တစ်ယောက်မိတ်ဆက်ကြပါ။ ပြီးရင် Friend Request ပို့ပြီး Friend ဖြစ်ပါ။ မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံလည်းချိတ်နိုင်ပါတယ်။

၃။ မြန်မာလိုပဲ ခင်ခင်မင်မင်နှုတ်ဆက်ပါ။ အများဆုံး(၃)ယောက်နဲ့အနည်းဆုံး(၂)ယောက်ချိတ်ရပါမယ်။ ကိုယ့်လာပြောတာက တစ်ယောက်။ ကိုယ်ကသွားပြောရမှတစ်ယောက်။ ဘယ်လိုပဲဖြစ်ဖြစ် စုစုပေါင်းအနည်းဆုံး(၂)ယောက်ဖြစ်ရပါမယ်။ တစ်ယောက်နဲ့မအားတာ၊ ဒါမှမဟုတ်ချိတ်ရတာအဆင်မပြေရင် နောက်တစ်ရောက်ထပ်ရှာပါ။ စိတ်ရှည်ဖို့လိုအပ်ပေမဲ့ နောက်ဆုံးအဆင်ပြေမှာပါ။

၎။ Friend ဖြစ်သွားတာနဲ့ ဆက်လက်ပြီး Messenger ကနေဖုန်းနံပါတ်ချင်းဖလှယ်ထားပါ။ မိတ်ဆွေဖွဲ့ထားပါ။ ယခု PCP လုပ်စရာလုံးဝမလိုသေးပါဘူး။ မကြာခင် ချိတ်ဆက်ပြုလုပ်ရန်အတွက်ကြိုတင်စီစဉ်ထားခြင်းဖြစ်ပါတယ်။

၅။ ချိတ်ရမဲ့သူမတွေ့ရင် ကိုယ့်ကိုယ်ကိုမိတ်ဆက်ပြီး မတွေ့သေးတဲ့အကြောင်း ဤပို့စ်အောက်မှပြောပြအကူအညီတောင်းပါ။ အဲ့လိုအကူအညီတောင်းတာတွေ့ရင် ကျန်တဲ့သူတွေကကူညီပေးပါ။

Tip! 🎓📚😍📚🎓
ကိုယ့်မြို့ကိုယ်အရင်ရေးပါ။ ရေးထားသူများမတွေ့လျင် View more comments ကိုထိနှိပ်ရှာဖွေပါ။ စီစဉ်ပြီးသူများဆီသို့သွားရောက်မစီစဉ်လည်းရပေမဲ့ အများဆုံး(၃)ဦးထက်ပိုပြီးစီစဉ်ခွင့်မရှိပါဘူး။ တစ်ယောက်ထဲစီစဉ်လို့မရပါဘူး။
OK! Fighting!!! 💪💪💪

ဟုတ်ပြီ။ OK, အဲ့ဒီ့တော့ မေးချင်တာ Comment ပေးပြီးမေးနိုင်ပါတယ်။ No likes. Like မသုံးရပါ။
✨✨✨
မှတ်ချက်။
(၁)မကြာခင် Video Lessons များလည်းတင်ပြပေးသွားတော့မှာဖြစ်ပါတယ်။ပြီးရင် ကိုယ်ချိတ်ထားတဲ့သူနှစ်ယောက်နဲ့ ဖုန်းပြောပြီး Practice လုပ်ရတော့မှာပါ။ ဒီအတွက် အသေးစိတ်အချက်အလက်တွေကို ဆက်လက်ပြောပေးသွားမှာဖြစ်ပါတယ်။ အခုလုံးဝပြောစရာမလိုသေးပါဘူး။
(၂)တစ်မြို့ထဲမို့ အပြင်မှာတွေ့ပြီး Practise လုပ်ချင်တယ်ဆိုရင်လည်း လုပ်ခွင့်ပေးပါတယ်။ သို့သော် ဤသည်မှာကျောင်း၏တရားဝင်ညွှန်ကြားချက်မဟုတ်ပါ။ ကိုယ့်သဘောနှင့်ကိုယ်ဖြစ်ပါတယ်။
(၃)ပုဂ္ဂိုလ်ရေးရာလုံခြုံမှုအတွက် နတ်မောက်စင်တာမှတာဝန်ခံပါတယ်။ အဆင်မပြေမှုတစ်စုံတစ်ရာရှိခဲ့ပါက ချက်ချင်းတိုက်ရိုက်တိုင်ကြားနိုင်ပါတယ်။ ထို့ကြောင့်အားလုံးအဆင်ပြေမှာဖြစ်ပါတယ်။ ပျော်ရွှင်စွာအတူလေ့လာနိုင်မှာဖြစ်ပါတယ်။
🤗🤗🤗 🎓📚😍📚🎓
✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨
Min Ko Ko

No comments:

Post a Comment