Lesson 5 (Week 1- Introduction) 📱📲 😃😃
================================
Deadline: January 17, 2018
:::::::::::::::::::::::::::::::::::::::::::::::::
Video Lesson for Lesson 1, 2 and 3
✨✨✨✨✨✨✨✨✨✨✨✨
ကဲ...ကျနော်တို့စကြရအောင်ပါ။ မြန်မာ့ပထမဆုံးလေ့လာနည်း PCP နဲ့အင်္ဂလိပ်စာကိုလေ့လာကြတော့မယ်ပေါ့နော်ခင်ဗျ။ 😍😍😍
လေ့လာနည်း။
✨✨✨✨✨
1. ဒီ Video Lesson နှင့် Practise လုပ်ရန် Lesson 1, 2, 3, 4 ကိုပြန်လေ့လာရမှာဖြစ်ပါတယ်။
2. Video Lesson ထဲမှာ Lesson 1 အတွက် ကျနော်နှင့်အတူလိုက်ဆိုပြီးလေ့ကျင့်ရမှာဖြစ်ပါတယ်။
3. Lesson 2 အတွက်လည်း ကျနော်နှင့်အတူလိုက်ဆိုပြီးလေ့ကျင့်ရမှာဖြစ်ပါတယ်။ ကျနော်မေးတာကို တစ်ခါတည်းဖြေပြီးပြောသွားလည်းရပါတယ်။
4. Lesson 3 မှာတော့ မေးခွန်းတွေ (၁) ကနေ (၄) အထိကျနော့်ကိုမေးသွားရမှာဖြစ်ပါတယ်။ ကျနော့်အဖြေလေးတွေကိုလိုက်မှတ်ထားပြီး အဖြေကိုရေးပြီး ယခင် Lesson များလိုယခုပို့စ်အောက်မှာ Comment ပေးရမှာဖြစ်ပါတယ်။
✨
Video File ကို Download ထားနိုင်ပါတယ်။ Save ထားနိုင်ပါတယ်။ သို့သော်မည်သည့်နေရာမှ Share ခွင့်မရှိပါ။
Video Download Link ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
https://my.pcloud.com/publink/show?code=XZS6LSZfU1Lewwygw75t5egrwpx25y241Pk
Download ပြုလုပ်နည်းကို စီမံတာဝန်ခံမှတင်ပေးသွားမှာဖြစ်ပါတယ်။
OK, let's practice!!! 😍
✨✨✨✨✨✨✨✨✨
Phone Call Practice (PCP)
===================
Video Lesson ကိုလေ့လာပြီးသွားရင် တစ်ခါတည်း PCP လုပ်ကြရအောင်ပါ။ PCP ကိုတော့ကိုယ်ပိုင်အဖြေလေးတွေနဲ့လုပ်ရမှာဖြစ်ပါတယ်။
✨
၁။ Lesson 1 မှ 4 အထိကိုသွားရောက်ပြန်လည်လေ့လာပါ။
၂။ Lesson 4 မှချိတ်ထားသည့် သူငယ်ချင်း(၂)ယောက်နှင့် Practice လုပ်ရန် Deadline မကျော်တဲ့ရက်၊ အချိန်တိတိကျကျသတ်မှတ်ပါ။ ထိုအချိန်တွင် ဖုန်းကိုအဆင်သင့်ပြင်ထားပါ။ Charging သွင်းထားပါ။ Bill ဖြည့်ထားပါ။
၃။ ဖုန်းခေါ်ပါက မြန်မာလိုစတင်မိတ်ဆက်ပါ။ ထို့နောက် Ready ဖြစ်ပြီဆိုမှ Practise လုပ်ပါ။ ဖုန်းလိုင်းမကောင်းပါက နှစ်ဘက်လုံးစိတ်ရှည်သည်းခံပါ။ တစ်လိုင်းမကောင်းပါက နောက်တစ်လိုင်းဖြင့်ပြောင်းခေါ်ပါ။
၎။ Practise ကို အနည်းဆုံး(၂)ကြိမ်လေ့ကျင့်ပါ။ ထို့နောက် တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ကျေးဇူးတင်စကားပြောပါ။ နောင်တွင်လည်း ဤသူငယ်ချင်းဖြင့်ပင် Practice များလုပ်သွားရမည်ဖြစ်ပါသည်။
၅။ အောင်မြင်စွာပြီးဆီးပါက ကိုယ်နဲ့ Practise လုပ်ခဲ့သောသူငယ်ချင်းများ၏ Facebook Account နာမည်များကို ဤပို့စ်အောက်တွင်လာရောက် Comment ပေးပါ။ နှစ်ဖက်လုံးမှရေးရမှာဖြစ်ပါတယ်။ ပြောခဲ့သောနေ့ရက်နှင့်အချိန်ကိုပါထည့်ရေးရမှာဖြစ်ပါတယ်။
ဥပမာ၊
1. Aye Thaung (9 PM) January 15
2. May Grace (10 AM) January 17
✨😍
OK, အဲ့ဒီ့တော့ ချိတ်ထားတဲ့သူမရှိသေးရင် ယခင် Lesson 4 ကိုသွားပြီးချိတ်ပါ။ အများကြီးကျန်ပါသေးတယ်။ Comment တွေအများကြီးရှိပါသေးတယ်။ မတွေ့တွေ့အောင်ရှာပါ။ နောက်ဆုံးဘယ်သူမှမတွေ့ရင် အဆင်ပြေမဲ့သူတစ်ယောက်ယောက်ကိုအကူအညီတောင်းပါ။ စိတ်ရှည်ပါ။ အဆင်ပြေမှာပါ။
✨
မည်သူမဆို ရိုးရိုးဖုန်းဖြင့်ပြောနိုင်ပြီး Viber (သို့) Skype (သို့) Facebook အဆင်ပြေရာဖြင့်လည်းခေါ်ဆိုလေ့ကျင့်နိုင်ပါတယ်။
✨Important!!! 😍
အရေးကြီးတာက ကိုယ်နဲ့ချိတ်ထားတဲ့ သူငယ်ချင်းနဲ့အကြောင်းတစ်ခုခုကြောင့် မလေ့ကျင့်ဖြစ်ခဲ့ရင် နောက်တစ်ယောက်ပြောင်းချိတ်နိုင်ပါတယ်။ တကယ်လို့ကိုယ်က ချိန်းထားတဲ့နေ့၊ အချိန်မှာမအားဘူးဆိုရင်လည်း သူငယ်ချင်းကိုကြိုပြောပါ။ နှစ်ဦးနှစ်ဘက်ညှိညှိနှိုင်းနှိုင်းနဲ့ကြိုးစားပါ။ အဆင်ပြေမှာဖြစ်ပါတယ်။
✨✨✨😍
အဲ့ဒီ့တော့ ဘာလုပ်ရမလဲဆိုတာ အတိုခြုံ့ပြောရမယ်ဆိုရင်...(၂) ခုပဲရှိပါတယ်။
၁။ Video Lesson ရဲ့ Lesson 3 မှာကျနော်ဖြေထားတဲ့အဖြေလေးတွေကို စာအုပ်မှာရေးပြီး ဒီပို့စ်အောက်မှာ Comment လာပေးပါ။
၂။ PCP လုပ်ပြီး အောက်မှာကိုယ်နဲ့အတူလေ့ကျင့်ခဲ့တဲ့ သူငယ်ချင်းရဲ့ Facebook Account နာမည်၊ လေ့ကျင့်ခဲ့တဲ့ရက်စွဲ၊ လေ့ကျင့်ခဲ့တဲ့အချိန်ကို လာရောက်ရေးရမှာဖြစ်ပါတယ်။
✨နံပါတ်(၁)ပြီးမှ နံပါတ်(၂)ကိုလုပ်ရမှာဖြစ်ပါတယ်။✨
မေးချင်ရာကို ပွင့်ပွင့်လင်းလင်း ယခုပို့စ်အောက်မှာ Comment ပေးမေးနိုင်ပါတယ်။ Like မသုံးရပါ။
OK, good luck!!! 😜😉😜 😍😍😍
✨✨✨✨✨✨✨✨✨
မှတ်ချက်။ တစ်ဦးနှင့်တစ်ဦးလေးလေးစားစားပြောဆိုဆက်ဆံပါ။ အခြားအနှောက်အယှက်ဖြစ်စေမည့်အရာများကို ရှောင်ကျဉ်ပါ။ ပျော်ရွှင်စွာလေ့လာပါ။ ကျေးဇူးတင်ပါတယ်။
Min Ko Ko
No comments:
Post a Comment