Thursday, March 8, 2018

GLC-05

5 (1.19)
နောက်တစ်ဆင့်အနေနဲ့ တည်ဆောက်ပြီးသားဝါကျတွေကို tense ခွဲကြည့်ရပါမယ်.. အဲလိုခွဲကြည့်တဲ့အချိန်မှာ မသင်ရသေးတဲ့အပိုင်းဖြစ်တဲ့ ဘာသာပြန်တာတို့ .. ဘာအဓိပ္ပာယ်လဲတို့ ဆိုတာတွေလုံးဝမတွေးပါနဲ့.. တစ်ဆင့်ခြင်းကိုသာ ယုံယုံကြည်ကြည်နဲ့လိုက်လုပ်ပေးပါ..

အင်္ဂလိပ်ဘာသာစကားက Tenses 12 ခုနဲ့တည်ဆောက်ထားတယ်ဆိုတာပြောပြီးပါပြီ.. ပထမဆုံး ကိုယ်ကိုယ်တိုင်အသုံးမချနိုင်သေးခင် သူတို့ ရေးထားပြီးသားစာတွေကို ဘယ်စာကြောင်းက ဘယ် Tense လဲအရင်ခွဲတတ်ဖို့လိုပါတယ်.. အဲလိုခွဲတတ်ပြီဆိုတော့မှ နောက်တစ်ဆင့်တက်ရပါမယ်..

ဒီဘာသာစကားက tense 12 မျိုးနဲ့ပဲတည်ဆောက်ထားတဲ့အတွက် သူတို့ပြောတဲ့ ရေးတဲ့ဝါကျတွေအကုန်လုံးက ဒီ 12 မျိုးထဲမှာပဲရှိရမယ်ဆိုတဲ့အတွေးနဲ့လိုက်ကြည့်မှာပါ.. အဲဒါကိုကျွမ်းကျွမ်းကျင်ကျင်သိပြီဆိုရင် ပထမဆုံးခြေလှမ်းကို အောင်အောင်မြင်မြင်လှမ်းလိုက်နိုင်ပြီလို့သတ်မှတ်လို့ရပါပြီ..
အဲဒါမစခင်မှာ ဒါလေးအရင်မှတ်ပါ

Sentence = Time + Situation
ဝါကျတစ်ခုဖြစ်ပေါ်လာဖို့ဆိုရင် ရည်ရွယ်တဲ့ကာလ Time နဲ့ ပြောလိုတဲ့အခြေအနေ Situation နှစ်မျိုးပေါင်းစပ်မှရတာပါ..

Tense ခွဲဖို့အတွက်က Verb ဆိုတဲ့နေရာကိုကြည့်ပြီးခွဲရမှာပါ..
The engine / is making / too much noise. ဆိုတဲ့စာကြောင်းကို နမူနာအနေနဲ့ခွဲကြည့်ပါမယ်..

ဒီစာကြောင်းမှာ verb က /..../ ကြားထဲကစကားလုံးပါ..အဲဒါကိုကြည့်ပြီးခွဲရပါမယ်..
အဲဒီ /..../ ကြားမှာရှိတဲ့စကားလုံးတွေမှန်သမျှက situation 4 မျိုးထဲက တစ်မျိုး ကျိန်းသေဖြစ်ရပါမယ်

အခုတွေ့တာက ‘is making’
is ဆိုတာက (be) ကနေလာတာဖြစ်လို့ သူ့ကို (be) လို့သတ်မှတ်ပါ.. သူ့ရဲ့နောက်က -ing ဆိုတော့
အခုပုံစံက (be) + ing

(be) + ing ဆိုတာက Situation 4 ခုထဲက နံပါတ် 2 အခြေအနေကိုပြောတာပါ.. Progressive ပါ..
Sentence ဖြစ်ဖို့အတွက် Situation တော့ရပါပြီ Time အတွက်ရှာရပါအုံးမယ်..
Helping verb ပါတဲ့ situation မှန်သမျှ helping verb ကိုကြည့်ပြီး ကာလ ခွဲရပါတယ် အခု helping verb က 'is' ဆိုတော့ present ပါ..
ဒါကြောင့် ဒီဝါကျကိုနာမည်ပေးရင် Present (time) Progressive (situation)
Present Progressive လို့နာမည်ပေးရပါမယ်..

လေ့ကျင့်ခန်းနည်းနည်းလုပ်ကြည့်ပါမယ်.. ပြီးတော့မှ တစ်ကယ်ဖြေရမယ်ဟာကိုပေးပါမယ်..

1. She /was thinking/ hard.
2. They /have taken / away.
3. She / has been living / alone for ages.
4. I /took/ her car.
5. We /will come/ back.

No comments:

Post a Comment