Friday, March 9, 2018

Lesson 4 (Week 3)

Lesson 4 (Week 3 - General Questions and Answers) 📱📲 😃😃
======================================
Deadline: February 13, 2018
:::::::::::::::::::::::::::::::::::::::::::::
ဟုတ်...ဒီတစ်ပတ်အတွက် PCP ကတော့ ရောက်ရှိလို့လာပြန်ပါပီ... XD
လေ့လာနည်း။
✨✨✨✨✨
1. ဒီ Video Lesson နှင့် Practise လုပ်ရန် Week 3 မှ Lesson 1, 2, ကိုပြန်လေ့လာရမှာဖြစ်ပါတယ်။
2. မေးခွန်းများကိုတော့ Video Lesson ထဲမှာ ကျနော်နဲ့အတူလိုက်ဆိုပြီးလေ့ကျင့်ရမှာဖြစ်ပါတယ်။
3. ဘစ်ကတ်ဘောသမားလေး Ko Ko NC ရဲ့အဖြေလေးတွေကိုတော့ လိုက်မှတ်ရေးသွားရမှာဖြစ်ပါတယ်။

Video Download Link ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
https://my.pcloud.com/publink/show?code=XZH27KZG6ezegnWKtS67mRphjChhStbPXqV
OK, let's practice!!!
✨✨✨✨✨✨✨✨✨
Phone Call Practice (PCP)
===================
Video Lesson ကိုလေ့လာပြီးသွားရင် တစ်ခါတည်း PCP လုပ်ကြရအောင်ပါ။

၁။ Week 3 မှ Lesson 1, 2, ကိုသွားရောက်ပြန်လည်လေ့လာပါ။ ထို Lessons များနှင့်ကိုက်ညီသော အမေးအဖြေများကို PCP ရမှာဖြစ်ပါတယ်။ ကို်ယ်ပိုင်အိုင်ဒီယာလေးတွေနဲ့ဖြေဖို့ကိုအကြံပြုပါတယ်။
၂။ ချိတ်ထားသည့် သူငယ်ချင်း(၂)ယောက်နှင့် Practice လုပ်ရန် Deadline မကျော်တဲ့ရက်၊ အချိန်တိတိကျကျသတ်မှတ်ပါ။ ထိုအချိန်တွင် ဖုန်းကိုအဆင်သင့်ပြင်ထားပါ။ Charging သွင်းထားပါ။ Bill ဖြည့်ထားပါ။
၃။ ဖုန်းခေါ်ပါက မြန်မာလိုစတင်မိတ်ဆက်ပါ။ ထို့နောက် Ready ဖြစ်ပြီဆိုမှ Practice လုပ်ပါ။ ဖုန်းလိုင်းမကောင်းပါက နှစ်ဘက်လုံးစိတ်ရှည်သည်းခံပါ။ တစ်လိုင်းမကောင်းပါက နောက်တစ်လိုင်းဖြင့်ပြောင်းခေါ်ပါ။
၎။ Practice ကို အနည်းဆုံး(၃)ကြိမ်လေ့ကျင့်ပါ။ ထို့နောက် တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ကျေးဇူးတင်စကားပြောပါ။ နောင်တွင်လည်း ဤသူငယ်ချင်းဖြင့်ပင် Practice များလုပ်သွားရမည်ဖြစ်ပါသည်။
၅။ အောင်မြင်စွာပြီးဆီးပါက ကိုယ်နဲ့ Practise လုပ်ခဲ့သောသူငယ်ချင်းများ၏ Facebook Account နာမည်များကို ဤပို့စ်အောက်တွင်လာရောက် Comment ပေးပါ။ နှစ်ဖက်လုံးမှရေးရမှာဖြစ်ပါတယ်။ ပြောခဲ့သောနေ့ရက်နှင့်အချိန်ကိုပါထည့်ရေးရမှာဖြစ်ပါတယ်။
ဥပမာ၊
1. May Grace (9 PM) February 10
2. Aye Thaung (10 AM) February 13

OK, အဲ့ဒီ့တော့ ချိတ်ထားတဲ့သူမရှိသေးရင် ယခု Lesson အောက်မှာ အကူအညီတောင်းခဲ့ပါ။ အများကြီးကျန်ပါသေးတယ်။ စိတ်ရှည်ပါ။ အဆင်ပြေမှာပါ။

မည်သူမဆို ရိုးရိုးဖုန်းဖြင့်ခေါ်ဆို Practice လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် Viber (သို့) Skype (သို့) Facebook အဆင်ပြေရာဖြင့်လည်းခေါ်ဆိုနိုင်ပါတယ်။
✨Important!!!
အရေးကြီးတာက ကိုယ်နဲ့ချိတ်ထားတဲ့ သူငယ်ချင်းနဲ့အကြောင်းတစ်ခုခုကြောင့် မလေ့ကျင့်ဖြစ်ခဲ့ရင် နောက်တစ်ယောက်ပြောင်းချိတ်နိုင်ပါတယ်။ တကယ်လို့ကိုယ်က ချိန်းထားတဲ့နေ့၊ အချိန်မှာမအားဘူးဆိုရင်လည်း သူငယ်ချင်းကိုကြိုပြောပါ။ နှစ်ဦးနှစ်ဘက်ညှိညှိနှိုင်းနှိုင်းနဲ့ကြိုးစားပါ။ လိုအပ်ရင် ကျနော်တို့ဆီကိုလည်း အကျိုးအကြောင်းပြောပြပြီး ခွင့်တိုင်နိုင်ပါတယ်။ အားလုံးအဆင်ပြေအောင်စီစဉ်ပေးမှာဖြစ်ပါတယ်။
✨✨✨
အဲ့ဒီ့တော့ ဘာလုပ်ရမလဲဆိုတာ အတိုခြုံ့ပြောရမယ်ဆိုရင်...(၂) ခုပဲရှိပါတယ်။
၁။ Video Lesson မှာ Ko Ko NC ရဲ့အဖြေတွေကိုရေးပြီး ယခု Lesson အောက်မှာတင်ရမှာဖြစ်ပါတယ်။
၂။ PCP လုပ်ပြီး ဒီ Video Lesson အောက်မှာကိုယ်နဲ့အတူလေ့ကျင့်ခဲ့တဲ့ သူငယ်ချင်းရဲ့ Facebook Account နာမည်၊ လေ့ကျင့်ခဲ့တဲ့ရက်စွဲ၊ လေ့ကျင့်ခဲ့တဲ့အချိန်ကို လာရောက်ရေးရမှာဖြစ်ပါတယ်။
နှစ်ခုကိုခွဲပြီးတင်လည်းရပါတယ်။ တပြိုင်နက်တည်းတင်လည်းရပါတယ်။
မေးချင်ရာကို ပွင့်ပွင့်လင်းလင်း ယခုပို့စ်အောက်မှာ Comment ပေးမေးနိုင်ပါတယ်။
OK, good luck!!! 😜😉😜
✨✨✨✨✨✨✨✨
Min Ko Ko

No comments:

Post a Comment