Friday, March 9, 2018

Lesson 2 (Week 2 )

Lesson 2 (Week 2 - Talking About Jobs) 🤓
✨✨✨✨✨✨✨✨✨✨✨✨✨✨
Deadline: January 26, 2018
:::::::::::::::::::::::::::::::::::::::::::::::
Good afternoon, ladies and gentlemen! 😉

ဆက်လက်ပြီးကျနော်တို့ အတွေးအခေါ်လေးနဲနဲပါတဲ့အကြောင်းအရာလေးတွေလေ့လာကြည့်ရအောင်ပါ။ ဘယ်လိုအလုပ်မျိုးက ဘာလုပ်ရလဲဆိုတဲ့မေးခွန်းလေးတွေနဲ့အဖြေလေးတွေဖြစ်ပါတယ်။

(1) Who wears a uniform? ဘယ်သူက ယူနီဖောင်း ၀တ်ပါသလဲ။
(2) Who stands all day? ဘယ်သူကတနေကုန်မတ်တပ်ရပ်နေရသလဲ။
(3) Who sits all day? ဘယ်သူကတနေကုန်ထိုင်နေရသလဲ။
(4) Who handles the money? ငွေနဲ့ပတ်သက်ပြီး ဘယ်သူက ဖြေရှင်း ရပါ သလဲ။
(5) Who talks to people? ဘယ်သူကလူတွေကိုစကားပြောရသလဲ။
(6) Who works at night? ဘယ်သူက ညမှာ အလုပ်လုပ်သလဲ။
(7) Who works hard? ဘယ်သူကအလုပ်ကြိုးစားသလဲ။
(8) Who writes tickets? ဘယ်သူက လက်မှတ် ဖြတ်ပေးရသလဲ။

အဲ့ဒီ့တော့ မေးခွန်း(၈)ကြောင်းလုံးကိုပြန်ရေးပြီးတော့ မေးခွန်းတစ်ခုစီရဲ့အောက်မှာအဖြေ (1) ကြောင်းဆီ ရေးရအောင်ပါ။
ဖော်အိပ်ဇမ်ပယ် - ;)
1. Who wears a uniform?
A police officer wears a uniform.

အရှေ့က Who နေရာမှာ အလုပ်အကိုင်တစ်ခုခုကိုအစားထိုးဖြေယုံပါပဲ။ မေးခွန်းနဲ့ကိုက်ညီတယ်ထင်တဲ့အလုပ်ဆိုရပါတယ်။ ဘယ်အလုပ်အကိုင်ကိုဖြေရမှန်းမသိရင် Lesson 1 ကသူငယ်ချင်းတွေဖြေထားတဲ့ အလုပ်အကိုင်တွေရှိပါတယ်။ အဲ့ဒါလေးတွေထဲက ကိုယ်ကြိုက်ရာယူလာပြီးဖြေနိုင်ပါတယ်။

အဲ့ဒီ့တော့မေးခွန်း(၈) ကြောင်းနဲ့ အဖြေ (၈)ဆိုတော့ စုစုပေါင်း (၁၆) ကြောင်းရှိမယ်။ အဖြေတွေမှာ အလုပ်အကိုင်မတူရပါဘူး။

Grammar Point!
အဖြေဖြေတဲ့အခါမှာ Question Mark (?) လေးတွေချန်ခဲ့ရပါမယ်။ ပြီးရင် အလုပ်အကိုင်ရှေ့မှာ A/An ထည့်ပေးရပါမယ်။

ဟုတ်ပြီ...ကျနော်တို့ အရင်အတိုင်းအဖြေတွေကိုစာအုပ်မှာရေးပြီး Photo Comment ပါမယ်။ Screenshot ပါမယ်။ မေးလိုရာမေးနိုင်ပါတယ်။

OK. Fighting!!! 🤓😄🤓
✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨
Min Ko Ko

No comments:

Post a Comment