Tuesday, February 6, 2018

English Speaking Basics (49)

English Speaking Basics (49)
အင်္ဂလိပ်စကားပြောအခြေခံများ (၄၉)
……………………………………………………………..
I have something to + (verb)
…………………………………
When using the expression 'I have something' you are communicating that you possess something or need to do something that is unspecified or undetermined.
ဘာရယ်လို့ သေသေချာချာတိတိကျကျ ပြောလိုတာမျိုး မဟုတ်ပဲ တစ်စုံတစ်ရာကို လုပ်ဖို့လိုအပ်တယ် ၊ လုပ်ဖို့ရှိနေတယ် ..ဆိုတာမျိုးကို ပြောချင်တဲ့အခါ သုံးပါတယ် ၊
.
(1) I have something / to complete.
ကျနော့်မှာ အပြီးသတ်ဖို့ တစ်ခုခုရှိနေပါတယ်
.
(2) I have something / to share with you.
ကျနော့်မှာ ခင်ဗျားနဲ့ မျှဝေဖို့ တစ်ခုခု ရှိနေပါတယ်
.
(3) I have something / to encourage you.
ကျနော်က ခင်ဗျားကို အားပေးအားမြှောက်ပြုဖို့ (အကြောင်း) တစ်ခုခုရှိနေပါတယ်
.
(4) I have something / to explain to you.
ကျနော် ခင်ဗျားကို ရှင်းပြချင်တာတစ်ခုခု ရှိနေပါတယ်
.
(5) I have something / to attend tonight.
ကျနော်က ဒီနေ့ညမှာ တက်ရောက်ဖို့ တစ်ခုခုရှိနေပါတယ်
.
(6) I have something / to ask you.
ကျနော် ခင်ဗျားကို မေးဖို့တစ်ခုခု ရှိနေပါတယ်
.
(7) I have something / fun for you / to do.
ကျနော့်မှာ ခင်ဗျားအတွက်လုပ်ပေးဖို့ ပျော်စရာတစ်ခုခုရှိနေပါတယ်
(something ကို အထူးပြုချင်တာလေးတွေကို နောက်ကနေ ကပ်ထည့်လိုက်ပါ ၊ ရှေ့က မဟုတ်ဘူးနော်)
.
(8) I have something/ important / to tell you.
ကျနော့်မှာ ခင်ဗျားကိုပြောဖို့ အရေးကြီးတဲ့ တစ်ခုခုရှိနေပါတယ်
.
(9) I have something /else / to consider.
ကျနော်မှာ စဉ်းစားဖို့ အခြားတစ်ခုခု ရှိနေပါတယ်
.
(10) I have something / special planned for your birthday.
ကျနော့်မှာ ခင်ဗျားရဲ့မွေးနေ့အတွက် အထူးစီစဉ်ထားတဲ့ တစ်ခုခု ရှိနေပါတယ်
…………………………….
တိတိကျကျဖေါ်ပြမထားတဲ့တစ်ခုခု something ကို ပိုင်ဆိုင်ထားတယ် (possess) ဆိုတာ ပေါ်လွင်စေဖို့ ရှိ “နေ” ပါတယ်.. လို့သုံးထားတာ ဖြစ်ပါတယ် ..
.
something ဟာ နာမ်စား pronoun တစ်ခုဖြစ်ပြီး something important/better/wrong/special etc: စသည်ဖြင့် adjective များကို နောက်က ကပ်ထည့်ပြီး အထူးပြုနိုင်ပါတယ် fun (adj) = enjoyable ကတော့ informal မှာ သုံးတဲ့ပုံစံပါ ။
.
something else (=something different): ကွဲပြားခြားနားသော အခြားတစ်ခုခု.. လို့ သုံးနိုင်ပြီး else ကို 'nothing', 'anyone', or 'everyone' တို့နောက်မှာလည်း ကပ်ထည့်ပြီး သုံးလေ့ရှိပါတယ် ..
......................................................................
တကယ်လို့သာ တိကျတဲ့သဘောကိုဆောင်ပြီး ရည်ညွှန်းပြောဆိုမယ်ဆိုလျင်တော့ something နေရာမှာ one thing ကို ပြောင်းသုံးလို့ရပါတယ်
.
(11) I have one thing to say. Please read the post carefully before you leave a comment.
ကျနော့်မှာ ပြောဖို့တစ်ခုရှိပါတယ် ၊ မှတ်ချက်တစ်ခု ချန်မထားခဲ့မှီမှာ ကျေးဇူးပြု၍ ရေးတင်ထားတဲ့စာကို သေချာ ဖတ်ပေးပါ
.
(12) I have one thing important to say to you. But I just can't find the right words to make you understand.
ကျနော်ခင်ဗျားကို အရေးကြီးတဲ့တစ်ခု ပြောစရာရှိပါတယ် ၊ ဒါပေမယ့် ခင်ဗျားနားလည်အောင် ပြောဖို့ သင့်တော်တဲ့ စကားလုံးတွေမရှာနိုင်ပဲ ဖြစ်နေပါတယ်
..........................................................
တစ်စုံတစ်ခု ပြောစရာရှိပါသလားလို့ မေးချင်လျှင်တော့ anything ကို ပြောင်းသုံးပါ
(13) Do you have anything to say to me?
ခင်ဗျားကျနော့်ကို ပြောစရာတစ်ခုခု ရှိပါသလား
........................................................
တစ်ခုခုနဲ့ ပတ်သက်ပြီး ပြောစရာမရှိဘူး ပြောဖို့မရှိဘူး ဆိုလျှင်တော့ nothing ကိုသုံးပါ
.
(14) I have nothing to say about that.
အဲဒါနဲ့ စပ်လျဉ်းပြီး(ပတ်သက်ပြီး) ကျနော့်မှာဘာမှ ပြောစရာ ဘာမှမရှိပါဘူး
.
ကျနော့်မှာလို့..တိတိကျကျမရည်ညွှန်းလိုလျှင်တော့
(15) There is nothing to say about that.
အဲဒါနဲ့ ပတ်သက်ပြီး ဘာမှ ပြောစရာ မရှိပါဘူး
..
ဒါဆို တိတိကျကျ ပြောချင်တဲ့အခါ ဖြစ်စေ အကြမ်ဖျဉ်းပြောချင်တဲ့အခါဖြစ်စေ မပြောချင်တဲ့အခါဖြစ်စေ .. ဘာပဲဖြစ်စေ ..အိုကေပြီပေါ့နော
.
မေတ္တာဖြင့် <3

#Win Naing Oo

No comments:

Post a Comment