English Speaking Basics (38) အင်္ဂလိပ်စကားပြော အခြေခံများ (၃၈)
……………………………………………………………………………….
ကျနော်တို့ဟာ တစ်ခါတလေမှာ ကိစ္စတစ်ခုရဲ့ အဖြေကို သိပြီး ၊ ဒါမှမဟုတ် ခန့်မှန်းပြီးတော့ ..အော် ဒါကြောင့် ဒီလိုဖြစ်တာကိုး ၊ ဟိုလိုဖြစ်တာကိုး.. စသည်ဖြင့် ကောက်ချက်ဆွဲပြီး ပြောတတ်ကြပါတယ် ၊ အဲလိုမျိုး ပြောနည်းကို အင်္ဂလိပ်လို ပြောချင်တဲ့ အခါမှာတော့ အောက်မှာ ဖေါ်ပြတဲ့ ပုံစံအတိုင်း ပြောနိုင်ပါတယ်
.
That's why + (subject + verb)
…………………………………………
အဓိပ္ပါယ်အားဖြင့်ကတော့ That’s why ဟာ because of this, therefore တို့နဲ့ အတူတူပါပဲ
.
(1)That's why people admire you.
အဲဒါကြောင့် လူတွေက ခင်ဗျားကို ကြည်ညိုလေးစားကြတာကိုး
(2) That's why babies crawl before they can walk.
အဲဒါကြောင့် ကလေးလေးတွေက သူတို့လမ်းမလျှောက်နိုင်ခင် လေးဖက်ထောက် တွားသွားကြတာကိုး
(3) That's why Pam cries at sad movies.
အဲဒါကြောင့် ပန်က ၀မ်းနည်းစရာ ရုပ်ရှင်ကားတွေမှာ ငိုတာကိုး
(4) That is why you help out people in need.
အဲဒါကြောင့် ခင်ဗျားက လိုအပ်သူတွေကို လုံ့လစိုက်ထုတ် ကူညီတာကိုး
Help out = လိုအပ်သူများကို လုံ့လစိုက်ထုတ်ကူညီသည်
(5) That is why you lock your doors when you leave home.
အဲဒါကြောင့် ခင်ဗျားအိမ်ကထွက်တဲ့အခါ တံခါးပေါက်တွေကို သော့ခတ်တာကိုး
(6) That is why I quit the job.
အဲဒါကြောင့် ကျနော် အလုပ်ထွက်တာပေါ့
(quit= အလုပ်ထွက်သည်)
(7) That is why she is so angry.
အဲဒါကြောင့်သူမ အရမ်းစိတ်ဆိုးတာကိုး
…………………………………………………
Why ရဲ့ အမျိုးမျိုး သုံးစွဲပုံလေးကို ပိုသိသွားစေဖို့ အခြားဝါကျပုံစံလေးများကိုပါ တပါတည်း ဆက်ဆွဲလိုက်ကြရအောင်လား
.
(1) Do you know why she is crying?
သူမဘာကြောင့် ငိုနေတာလဲ ခင်ဗျားသိပါသလား
(2) Nobody knows why.
ဘာကြောင့်ဆိုတာ ဘယ်သူမှ မသိပါဘူး
(3) I wonder why John is always late for work.
ဂျွန်က အမြဲတန်းအလုပ်နောက်ကျနေတာ ဘာကြောင့်လဲ ကျနော် စူးစမ်းသိရှိလိုပါတယ်
( wonder = သိလိုသည် ၊ စူးစမ်းလိုသည်)
(4) I have no idea why the meeting was postponed.
အစည်းအဝေးက ဘာကြောင့် ဆိုင်းငံ့ရွှေ့ဆိုင်းခဲ့တယ်ဆိုတာ ကျနော်မသိပါဘူး
(Postpone = ရွှေ့ဆိုင်းသည်)
(5) I couldn’t understand why she smiled at him.
သူမက သူ့ကို ပြုံးပြခဲ့တာ ဘာကြောင့်ဆိုတာ ကျနော် နားမလည်နိုင်ပါဘူး
(smile (v) ပြုံးပြသည်)
(6) I don’t see any reason why I have to apologize you.
ကျနော်က ခင်ဗျားကို တောင်းပန်ဖို့ ဘာကြောင့်ဆိုတာ အကြောင်းပြချက် မတွေ့ပါဘူး (မတောင်းပန်နိုင်ပါဘူး)
(apologize = တောင်းပန်သည်)
(7) There is no reason why his wife left him.
သူ့မိန်းမက သူ့ကိုထားသွားခဲ့တာ ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက် မရှိပါဘူး
( reason = အကြောင်းပြချက် ၊ အကျိုးအကြောင်း)
………………………………
အဲဒါကြောင့်..ဘာကြောင့်..စတဲ့ အသုံးအနှုန်းတွေကို ဘာကြောင့်ပဲ ဖြစ်ဖြစ် ပြောဖြစ်အောင်သာ ပြောလိုက်ကြပေတော့ဗျာ
.
မေတ္တာဖြင့် <3
မူရင်း #ဆရာ Win Naing Oo
------------------------------------------------------------------
U Dham Ma
https://www.facebook.com/UDMenglish/
No comments:
Post a Comment