Saturday, February 3, 2018

ကိုးပါသီလအထိ ပါဠိ/ မြန်မာ/ အင်္ဂလိပ်

ကိုးပါသီလအထိ ပါဠိ/ မြန်မာ/ အင်္ဂလိပ် သုံးဘာသာနှင့် မျှဝေပေးလိုက်ပါတယ်

သိက္ခာပုဒ် (၉)ပါး

(၁) ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ၊
-သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ခြင်းတည်ဟုသော သိက္ခာပုဒ်ကို ကောင်းစွာ စောင့်ထိန်းပါမည်။
-I undertake  to observe well the precepts of abstaining from taking the life of any beings.

(၂) အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
-သူတစ်ပါး ပစ္စည်း ခိုးယူခြင်းမှရှောင်ကြဉ်ခြင်းတည်ဟုသော သိက္ခာပုဒ်ကို ကောင်းစွာ စောင့်ထိန်းပါမည်။
-I undertake to observe well the precepts of abstaining from stealing other's things  and possessions.

(၃) အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
-မမြတ်သော မေထုန်အကျင့်ကို ကျင့်ခြင်းမှရှောင်ကြဉ်ခြင်းတည်ဟုသော သိက္ခာပုဒ်ကို ကောင်းစွာ စောင့်ထိန်းပါမည်။
-I undertake to observe well the precepts of abstaining from the ignoble practice of sexual intercourse.

(၄) မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
-လိမ်ညာ ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း တည်ဟုသော သိက္ခာပုဒ်ကို ကောင်းစွာ စောင့်ထိန်းပါမည်။
-I undertake  to observe well the precepts of abstaining from telling lie.

(၅) သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
-သေရည် အရက်သောက်ခြင်းမှ ရှောင်ကြဉ်ခြင်း တည်ဟုသော သိက္ခာပုဒ်ကို ကောင်းစွာ စောင့်ထိန်းပါမည်။
I undertake to observe well the precepts of abstaining
from taking any intoxicant drank.

(၆) ၀ိကာလ ဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
နေ့လွဲ ညစာ စားခြင်းမှ ရှောင်ကြဉ်ခြင်း တည်ဟုသော သိက္ခာပုဒ်ကို ကောင်းစွာ စောင့်ထိန်းပါမည်။
I undertake to observe well the precepts of abstaining
from taking any meal in the post time.

(၇) နစ္စ ဂီတ ၀ါဒိတ ၀ိသုက ဒဿန မာလာဂန္ဒ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
-ကခြင်း သီဆိုခြင်း တီးမှုတ်ခြင်း ပွဲလမ်းသဘင်ကြည့်ရှုခြင်း ပန်နံသာ နံသာပြောင်းကို လိမ်းကျံခြင်းမှ အမွှေးနံသာဆွတ်ဖြန်းမှ ရှောင်ကြဉ်ခြင်း တည်ဟုသော သိက္ခာပုဒ်ကို ကောင်းစွာ စောင့်ထိန်းပါမည်။
- I undertake to observe well the precepts of abstaining
from seeing and listening such as dancing, singing, playing music, and so using fragrance.

(၈) ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
-မြင့်သောနေရာ မြတ်သောနေရာ၌ ထိုင်ခြင်း နေခြင်းမှ ရှောင်ကြဉ်ခြင်း တည်ဟုသော သိက္ခာပုဒ်ကို ကောင်းစွာ စောင့်ထိန်းပါမည်။
- I undertake to observe well the precepts of abstaining from residing and sleeping on the high and holy place. 

(၉) မေတ္တာ သဟဂတေန စေတသာ သဗ္ဗ ပါဏ ဘူတေသု ဖရိတွာ ၀ိဟရနံ သမာဒိယာမိ"
-အလုံးစုံသော သတ္တ၀ါတို့ အပေါ်၌ မေတ္တာနှင့်ယှဉ်သောစိတ်ဖြင့် ပြန့်နှံ့၍ နေထိုင်ခြင်းကို ကောင်းစွာဆောက်တည်ပါမည်။
-I undertake living and keeping with loving kindness upon the living things.

May this merit be aid to develop the perfection of wisdom!
ဤကောင်းမှူသည် ဗော်ဓိဉာဏ်၏ အထောက်အပံ့ ဖြစ်ပါစေသာ

No comments:

Post a Comment