Tuesday, February 6, 2018

အခြေခံ အင်္ဂလိပ်စာ အရေးအသား (၁၉)

အခြေခံ အင်္ဂလိပ်စာ အရေးအသား (၁၉)

Pre-noun modifiers (3)

(C) noun + noun

အရင်အမှတ် (၁၈)မှာတုန်းက noun တစ်ခုရဲ့ရှေ့ကနေပြီး အဲဒီ noun ကို အထူးပြုပေးတဲ့ determiners တို့… adjectives တို့အကြောင်းကို ပြောပြပြီးပါပြီ။ ဒီနေ့… noun တစ်ခုက တခြား noun တစ်ခုကို အထူးပြုလို့ရတာကိုပြောပြမယ်။

tea(n)…. လက်ဖက်ရည်
shop(n) … ဈေးရောင်းသည့်ဆိုင်
tea shop(n)… လက်ဖက်ရည်ဆိုင်

ဟော…  tea ကလည်း noun …. shop ကလည်း noun ပဲလေ။ tea shop လို့ noun နှစ်ခုကို ပေါင်းရေးလိုက်တယ်။ compound noun လို့ ခေါ်တယ်။ ရှေ့ noun (tea)က နောက် noun (shop)ကို အထူးပြုပေးတာပေါ့နော်။

 tea(n) …. adj အနေနဲ့ အလုပ်လုပ်တဲ့ noun
 shop(n) … အထူးပြုခြင်းခံရတဲ့ noun

အလားတူပါပဲ….

tea spoon … လက်ဖက်ရည်ဇွန်း
spoon တော့ spoon ပဲ…ဘာ spoon လဲ။ tea spoon လက်ဖက်ရည်ဇွန်း။ tea ဆိုတဲ့ noun က spoon ဆိုတဲ့ noun ကို အထူးပြုတယ်။

 tea(n) … adj အနေနဲ့ အလုပ်လုပ်တဲ့ noun
 spoon(n) … အထူးပြုခံ ပင်မ noun

bedroom(n) … အိပ်ခန်း
room တော့ room ပဲ… ဘာ room လဲ။ bedroom အိပ်ခန်း

 bed(n) … adj အလုပ်ကိုလုပ်တဲ့ noun
 room(n) … အထူးပြုခံ ပင်မ noun

waste(n) … အညစ်အကြေး။ အမှိုက်သရိုက်။
basket(n) …. ခြင်းတောင်း
waste-basket(n) … အမှိုက်ခြင်း။ အမှိုက်တောင်း။

 basket ခြင်းတောင်း ဘာခြင်းတောင်းလဲ။ waste ထည့်တဲ့ ခြင်းတောင်း။ waste က ဘာခြင်းတောင်းလဲဆိုတဲ့ အမျိုးအစားကို သတ်မှတ်ပေးတယ်။ ဒါကြောင့်… waste က adj အလုပ်ကိုလုပ်တဲ့ noun။ basket ကတော့ waste ရဲ့ အထူးပြုခြင်းကို ခံရတဲ့ noun ပေါ့။

ဒီလို noun + noun တွေကို ကိုယ်ကိုယ်တိုင် အများကြီး ရေးဖွဲ့ကြည့်လို့ရပါတယ်။ ကဲ… သဘောတရားကို နားလည်လောက်ရောပေါ့…. နမူနာခပ်များများ ရေးပြမယ်။ ပြီးရင် ကိုယ်တိုင်လေ့ကျင့်ပေါ့…..

- water tank(n) … ရေစည်ပိုင်း
- beer tank(n) … ဘီယာစည်ပိုင်း
- tea pot(n) … လက်ဖက်ရည်အိုး
- coffee cup(n) … ကော်ဖီခွက်
- book shelf(n) … စာအုပ်စင်
- TV program(n) … TV အစီအစဉ်
- cigarette box(n) … စီးကရက်ဘူး
- tea break(n) … လက်ဖက်ရည်သောက် နားချိန်
- coffee break(n) …ကော်ဖီသောက် နားချိန်
- break time(n) … အားလပ်ချိန်
- morning break(n) … မနက်ပိုင်းကျောင်း/ရုံးနားချိန်
- lunch break(n) … နေ့လယ်စာစားချိန်
- lunch hour(n) …နေ့လယ်စာစားချိန်
- dinner party(n) … ညစာစားပွဲပါတီ
- staff party(n) … ၀န်ထမ်းများတွေ့ဆုံပွဲပါတီ
- birthday party(n) … မွေးနေ့ပွဲ
- birthday present(n) … မွေးနေ့လက်ဆောင်
- party dress(n) … ပါတီပွဲတက်ဝတ်စုံ
- party leader(n) …(နိုင်ငံရေး)ပါတီခေါင်းဆောင်
- evening meal(n) … ညနေခင်းစာ။ ညစာ။
- evening class(n) … ညကျောင်း။ ညခင်းပိုင်းသင်တန်း
- evening dress(n) … ညခင်းပိုင်းပွဲတက်ဝတ်စုံ
- lunch box(n) … ထမင်းဘူး။ ထမင်းချိုင့်။
- car park(n) … ကားရပ်ရန်နေရာ
- bus stop(n) … ဘတ်စကားမှတ်တိုင်
- bus shelter(n) ဘတ်စကားမှတ်တိုင်ရှိ ခရီးသည်များ နားခိုသည့်အမိုးတဲ။
- bus lane(n) … ဘတ်စကားများအတွက် သီးသန့်ထားသည့် ယာဉ်ကြော။
- car production(n) … ကားထုတ်လုပ်ခြင်း
- pulley wheel(n) … ပူလီဘီး
- book cover(n) … စာအုပ်အဖုံး
- love story(n) … မေတ္တာဇာတ်လမ်း။ အချစ်ဇာတ်လမ်း။
- milk bottle(n) … (ကလေးတိုက်သည့်) နို့ဘူး
- breast feeding(n) … မိခင်နို့တိုက်ခြင်း
- beer can(n) … ဘီယာဘူး
- beer bottle(n) … ဘီယာပုလင်း
- waste-basket(n) … အမှိုက်ခြင်း။ အမှိုက်ပုံး။
- waste-paper basket(n) … အမှိုက်ခြင်း။ အမှိုက်ပုံး။
- engine-shed(n) … (အင်ဂျင်)စက်တဲ
- cattle-shed(n) … နွားတဲ။ နွားထားသည့်တဲ။
- cowshed(n) … နွားတဲ။ နွားထားသည့်တဲ။
- cartwheel(n) … လှည်းဘီး
- bullock cart(n) … နွားလှည်း။ နွားဖြင့်ဆွဲသည့်လှည်း။
- horse cart(n) … မြင်းလှည်း။ မြင်းဖြင့်ဆွဲသည့်လှည်း။
- boyfriend(n) … ရည်းစား(ကောင်လေး)
- boy friend(n) … ယောင်္ကျားလေး သူငယ်ချင်း
- girlfriend(n) … ရည်းစား (မိန်းကလေး)
- girl friend(n) … မိန်းကလေး သူငယ်ချင်း
- breakdancing(n) … ဘရိတ်ဒန့်ကခြင်း

ကဲ... နားပါဦးမယ်
ပေးတော့ ပေးနေတာပါပဲ...ယူတတ်သူ ရစေ

Saya Than Naing
100+ENGlish
10-11-2017(Fri)
--------------------------------------------------------------------

No comments:

Post a Comment