Continuous နှင့် non continuous နှစ်မျိုးသုံးလို့ရသော mixed verbs များ (၃)
…………………………………………………………………………………………..
ဒီတစ်ခါ အလှည့်ကျတဲ့ စကားလုံးလေးကတော့ မြင်တွေ့နေကျ စကားလုံးလေးဖြစ်ပါတယ် ၊ ဖေါ်ပြပေးထားတဲ့ အဓိပ္ပါယ်လေးတွေကြောင့် နားလည်ဖို့ နဲ့ ဘာသာပြန်ဖို့ လွယ်ကူသွားစေမယ်ဆိုတာကို သိရမှာဖြစ်ပါတယ် ၊ ပြီးတော့မှ ကျနော့်ထုံးစံအတိုင်း မှတ်ဖို့မှတ်ရာအဖြာဖြာ လေးများကို သတိပေးသွားမှာဖြစ်ပါတယ် ၊ မသိသေးလျှင်တော့လည်း အသိပေးသွားတယ်လို့ သဘောထားနိုင်ပါတယ် ။ ကဲ..ဖတ်ချင်နေလောက်ပြီမို့ တင်ဆက်မှုကို စတင်လိုက်ပါပြီ ..
..
(1) Have (stative)
..
(1.1) မှာရှိသည် ၊ ပိုင်ဆိုင်သည်
…
I have a lot of friends.
ကျနော့်မှာ သူငယ်ချင်းတွေ အများကြီး ရှိပါတယ်
(သူငယ်ချင်းတွေ အများကြီး ရှိနေပါတယ် ..ဆိုချင်လို့ I am having a lot of friends. လို့ မသုံးရပါဘူး)
.
I have a car.
ကျနော့်မှာ ကားတစ်စီး ရှိပါတယ် ၊ ကျနော် ကားတစ်စီးကို ပိုင်ဆိုင်ပါတယ်
(ဒီမှာလည်း အတူတူပဲ ကျနော့်မှာ ကားတစ်စီးရှိနေပါတယ် .. I am having a car. လို့ လုပ်လို့မရပါဘူး)
………………………
(1.2) ရောဂါတစ်ခုခုရသည်
..
I have (got) a flu.
ကျနော် တုပ်ကွေးမိသွားပြီ
(ကျနော့်မှာ တုပ်ကွေးရောဂါရနေတယ် ..ဆိုတဲ့သဘောနဲ့ I am having a flu. လို့ မသုံးရပါဘူး)
ဒီလိုရေးထားပါတယ်
Don't use a progressive form to say that someone has an illness or disease.
…………………………………….
(2) Have (action)
ဒီလိုမျိုးတွေ action verb အဖြစ် သုံးတဲ့အခါမှာတော့ -ing ပေါင်းတယ် continuous form သုံးလို့ ရပြန်ပါတယ် ..
..
(2.1) စားသည် ၊ သောက်သည်
I am having dinner.
ကျနော် ညစာစားနေပါတယ်
.
(2.2) ကျင်းပသည်
I am having a party.
ကျနော် ပါတီပွဲ ကျင်းပနေပါတယ်
.
(2.3) ပြုမူဆောင်ရွက်သည်
I am having a bath.
ကျနော် ရေချိုးနေပါတယ်
.
(2.4) ကြုံတွေ့ခံစားသည်
I am having a good time here in Taung Gyi now.
ကျနော်က အခု ဒီတောင်ကြီးမြို့မှာ ပျော်ရွှင်ချမ်းမြေ့တဲ့အချိန်တွေ ရရှိခံစားနေရပါတယ်
.
(2.5) ခံယူရသည်
I am having a treatment for asthma.
ကျနော်ရဲ့ ပန်းနာရင်ကြပ်ရောဂါအတွက် ဆေးဝါးကုသမှုကို ခံယူနေရပါတယ်
..
(2.6) ကိုယ်ဝန်ရှိနေသည်
I hear his wife's having a baby.
သူ့အမျိုးသမီးမှာ ကိုယ်ဝန်ရှိနေပြီလို့ ကြားမိတယ်
..
ဒီစကားလုံးတွဲက ထူးဆန်းပါတယ်
..
Have a baby ကျတော့ ကလေးမွေးဖွားသည် (give birth to a baby) လို့ ဖြစ်နေပြီး
Having a baby ကျတော့ ကိုယ်ဝန်ရှိနေသည် (be pregnant) တဲ့
ဥပမာတစ်ခုကြည့်ပါ
My mother had me at home.
ကျနော့်အမေက ကျနော့ကို အိမ်မှာမွေးဖွားခဲ့ပါတယ်
(ဒီလိုဝါကျမျိုးမှာ had အဓိပ္ပါယ်ကို ရအောင် မဖမ်းနိုင်လျှင် ဘယ်လိုနားလည်ရမှန်းမသိ ဖြစ်သွားနိုင်ခြေရှိပါတယ်)
..
နောက်ထပ် မှတ်သားဖွယ်ရာ တစ်ခုကတော့ .. အခု အထက်မှာ တင်ပြခဲ့တဲ့ have (action verb) ပါတဲ့သုံးစွဲပုံတွေ နေရာမှာ Take a bath (ရေချိုးသည် ), take a walk (လမ်းလျှောက်သည်) , take a nap (ခေတ္တတမှေးအိပ်သည်) .. စသည်ဖြင့် take နဲ့လည်း ပုံစံတစ်မျိုး တွေ့ရနိုင်ပါတယ် ၊ အဲဒါဆိုလျှင် အမေရိကန်သုံးလို့ နားလည်လိုက်ပါ ။ When talking about some activities, American speakers often use take. လို့ ရေးထားတာ ရှိပါတယ် ။
.
အခုတင်ဆက်ခဲ့တာတွေက Have ကို main verb အဖြစ် သုံးစွဲပုံတွေဖြစ်ပါတယ် ၊ အကူကြိယာ (Helping verb) အဖြစ်သုံးစွဲပုံတွေဟာ သင်ခန်းစာနဲ့ မသက်ဆိုင်တဲ့အတွက် မပါဝင်ပါဘူး ..
သတိပြုရမယ့် အချက်ကတော့ Have ကို အကူကြိယာအဖြစ်သုံးစွဲစဉ်မှာသာ အတိုကောက် ပုံစံဖြင့် ရေးသားနိုင်ပြီး ၊ အဓိကကြိယာ Main verb အဖြစ်သုံးစွဲလျှင် အတိုကောက် ပုံစံ ရေးသားခြင်း ပြောဆိုခြင်း မပြုရပါဘူး
I’ve changed my mind.
ကျနော်စိတ်(ဆုံးဖြတ်ချက်) ပြောင်းသွားပြီ
( I’ve ဟာ I have ရဲ့ အတိုကောက် ရေးထားတာဖြစ်ပါတယ် ၊ have ဟာ နောက်က changed နဲ့ပေါင်းပြီး ပြီးပြီ ဆိုတဲ့ သဘောရဖို့ ကူညီရတာဖြစ်ပါတယ် ၊ ဒါကြောင့် အကူကြိယာဖြစ်ပါတယ် ၊ အဲလိုအခါမျိုးမှာ အတိုကောက် ရေးလို့ရပါတယ်)
.
ဒီလိုရေးလို့ ပြောလို့မရပါဘူး
I’d a bath in milk and honey.
ကျနော် နွားနို့တွေပျားရည်တွေနဲ့ ရေချိုးခဲ့ပါတယ်
(I’d ဟာ I had ရဲ့ အတိုကောက်ဖြစ်ပါတယ် ၊ သို့သော် အခုဝါကျမှာ had ဟာ main verb phrase အဖြစ်ပြုမူတာဖြစ်လို့ I had a bath in milk and honey. လို့ ပုံစံပြည့် ရေးရ ပြောရမှာဖြစ်ပါတယ်)
……………..
အလှတရားနဲ့ နာမည်ကျော်ကြားတဲ့ ကလီယိုပါထရာ ဟာ နွားနို့ပျားရည်တွေနဲ့ ရေချိုးလေ့ရှိပါသတဲ့ ၊ သူ့လို အသားအရေ လှချင်တဲ့ ပျိုမေများအတွက် နည်းလမ်းပေးလိုက်တာလည်းဖြစ်ပါတယ် ..
..
မေတ္တာဖြင့် <3
Saturday, February 3, 2018
Continuous နှင့် non continuous နှစ်မျိုးသုံးလို့ရသော mixed verbs များ (၃)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment