အခြေခံ အင်္ဂလိပ်စာ အရေးအသား (၁၈)
Pre-noun modifiers (2)
(B) adjective + noun
Adjective ဆိုတာ noun ရဲ့ရှေ့မှာနေပြီး noun ကို အထူးပြုမှန်းသိကြပြီးသားပါ။
- Beautiful girl
adj n
- Beautiful flower
adj n
- Clever boy
adj n
- Interesting problem
adj n
- Boring film
adj n
ဒါပေမဲ့ ….
♥ Noun ဆိုတာ C noun(ရေတွက်ရ)ဖြစ်မယ်… singular(တစ်ခုကိန်း)လည်းဖြစ်မယ်ဆို သူ့ရှေ့က a/ an/ the တစ်ခုခုပါရပါတယ်။ အထက်မှာပြခဲ့တဲ့ girl/ flower/ boy/ problem/ film တို့ဟာ C noun တွေမို့ ရေးတဲ့ခါ ဒီလိုလေး article(a/ an/ the)ထည့်ရေးရပါတယ်။
- A beautiful girl = လှပသော ကောင်မလေးတစ်ယောက်
The beautiful girl = လှပသော (ဒီ)ကောင်မလေး
- A beautiful flower = လှပသော ပန်းလေးတစ်ပွင့်
The beautiful flower = လှပသော (ဒီ)ပန်းကလေး
- A clever boy = လိမ္မာသော ကောင်လေးတစ်ယောက်
The clever boy = လိမ္မာသော (ဒီ)ကောင်လေး
- An interesting problem = စိတ်ဝင်စားစရာကောင်းသော ပြဿနာတစ်ခု
The interesting problem = စိတ်ဝင်စားစရာကောင်းသော (ဒီ)ပြဿနာ
- A boring film = ငြီးငွေ့စရာကောင်းသော ရုပ်ရှင်ဇာတ်ကားတစ်ကား
The boring film = ငြီးငွေ့စရာကောင်းသော ရုပ်ရှင်ဇာတ်ကား
a/ an သုံးရမှာလား၊ the သုံးရမှာလား…. ပထမဆုံးအကြိမ်ဖော်ပြတဲ့ noun (သို့) တိတိကျကျ ဘယ်သူဘယ်ဝါရယ်လို့ မသိသေးတဲ့ noun ဆို a/ an သုံးပေါ့။ တကယ်လို့ ပြောသူ၊ ကြားနာသူနှစ်ဦးနှစ်ဖက် တိတိကျကျ ရေရေရာရာသိပြီးသား noun ဆို the ကို သုံးပါ။
♥ noun က plural(အများကိန်းဆိုရင်တော့ a/ an မလိုပါဘူး။
- clever boys = လိမ္မာသော ကောင်လေးများ
- strange things = ထူးဆန်းသော အရာများ
- unforgettable days = မေ့မရနိုင်သော ရက်စွဲများ
- terrible dreams = အလွန်ဆိုးရွားသော အိပ်မက်များ
- beautiful sentences = လှပသော ၀ါကျများ
အပေါ်မှာ ပြောခဲ့သလို ဘယ်သူ့ကို ပြောနေတာလဲ…ဘယ်အရာကို ပြောနေတာလဲ… တိတိကျကျ ရေရေရာရာသိတယ်ဆို the ထည့်ပေးရမှာပေါ့။
- the strange things = ထူးဆန်းသော အချင်းအရာတွေ
- the boring moments = ငြီးငွေ့စရာကောင်းသော အခိုက်အတန့်တွေ
♥ U noun တွေနဲ့ဆိုလည်း ရှေ့ဆုံးက a/ an မလိုတော့ဘူးပေါ့။
- unconditional love = အနှိုင်းမဲ့ မေတ္တာ။ အကြွင်းမဲ့ အချစ်။
- unrequited love = တစ်ဖက်သတ်အချစ်။ ပြန်မရနိုင်တဲ့ အချစ်။
- dirty water = ညစ်ပတ်သော ရေ။
♥ နောက်… V-ing ကို adjective အနေနဲ့ သုံးလို့ ရပါသေးတယ်။ adj အနေနဲ့ သုံးတော့ “နေသော”လို့ အဓိပ္ပာယ်ရပါတယ်။
- a rolling stone = လိမ့်နေသော ကျောက်တုံး/ခဲ။
- a running car = ပြေးနေသော ကား
- a crying girl = ငိုနေသော ကောင်မလေး
- singing birds = တေးသီကျူးနေသော ငှက်ကလေးတွေ
- playing children = ကစားနေသော ကလေးတွေ
♥ V-3 ကိုလည်း adjective အနေနဲ့ သုံးလို့ရပါတယ်။
- a broken leg = ကျိုးနေသော ခြေထောက်။ ကျိုးထားသော ခြေထောက်။
- a broken heart = ကွဲနေသော အသည်း။ အသည်းကွဲခြင်း။
- a retired professor = အင်ြမ်းစားယူပြီးသော ပါမောက္ခ။
- fallen leaves = သစ်ရွက်ကြွေတွေ
- boiled water = ကျိုထားသောရေ။ ရေနွေး။
- fried rice = ကြော်ထားသော ထမင်း။ ထမင်းကြော်။
V-3 က noun တစ်ခုကို ရှေ့ကနေသာမဟုတ်… နောက်ကနေ အထူးပြုတာမျိုးလည်း တွေ့ရတတ်ပါတယ်။ ကျောင်းစာတွေမှာ တွေ့ရတတ်တာလေးတွေ ဥပမာပြမယ်…
- work done = ပြီးမြောက်သော အလုပ်
(work (n)…. Done (V-3 adj)
- time taken = ကြာသော အချိန်
(time (n) … taken (V-3 adj)
- time allowed = ခွင့်ပြုထားသော အချိန်
(time (n) … allowed (V-3 adj)
ကဲ… ဒီလောက်ဆို adjective တစ်လုံးက noun ကို ရှေ့ဘက်ကနေ အထူးပြုတာ အတော်သဘောပေါက်လောက်ရောပေါ့။ နည်းနည်း ဆက်ပြောပါဦးမယ်။ ဘာလဲဆိုတော့ ရှေ့မှာ ပြောခဲ့တဲ့ determiner ရယ်… ခုပြောနေတဲ့ adj ရယ်ကို တစ်ပြိုင်းတည်းသုံးပြီးရေးတဲ့ ပုံစံ….
Determiner + adj + noun
- some beautiful teachers
လှပသော ဆရာမတချို့
- many lazy workers
အလုပ်မလုပ်ချင်တဲ့ အလုပ်သမားများစွာ
- a lot of homeless people
အိုးအိမ်မဲ့ လူတွေအများကြီး
- some boiled water
ရေနွေးနည်းနည်း/တချို့
- two drowning girls
ရေနစ်နေသော ကောင်မလေးနှစ်ယောက်
- any broken chairs
ကျိုးနေသော ဘယ်ကုလားထိုင်မဆို
- all the old clothes
ဟောင်းနေသော အ၀တ်အစားအားလုံး
ကဲ... နားပါဦးမယ်။
Saya Than Naing
100+ENGlish
4-11-2017(Sat)
U Dham Ma
No comments:
Post a Comment