အပြောများဆုံး အင်္ဂလိပ်စကားပြော
••••••••••••••••••••••••••••••
I'll pay you back for that.
ဒီအတွက် မင်းကို ဒဏ်ခတ်ရလိမ့်မယ်။
Are you quite clear about what I mean?
ငါပြောတာ ရှင်းလား ။
Talk it over between you.
မင်းတို့ချင်း ညှိလိုက်ကြဦး။
Honour before wealth!
ချမ်းသာဖို့ထက် ဂုဏ်သိက္ခာရှိဖို့က အဓိက ။
Can I come and pick your brains for a minute?
ခဏလောက် မင်းကိုလာမေးလို့ရမလား။
Pick one's brains >>တယောက်ယောက်အားမေးမြန်းသည်။
I backed down in the face of strong opposition.
တဖက်ကို မလွန်ဆန်နိုင်လို့ လက်လျှော့လိုက်တာ။
I know about him inside out.
ငါသူ့အကြောင်း အိတ်သွန်ဖာမှောက်သိတယ်။
Inside out>အတွင်းအပြင် အကုန်
Don't sit too near to the door.
တံခါးနား သိပ်ကပ်မထိုင်နဲ့။
Don't you know I get along very well with her?
ငါ သူနဲ့ သိပ်ပလဲပနံသင့်တာ မင်းမသိဘူးလား။
Get along with>>သင့်မြတ်သည်။
My patience gave out.
ငါ့ရဲ သည်းခံနိုင်တဲ့ အတိုင်းအတာကုန်ပြီ။
I think the facts speak for themselves.
အထူးရှင်းပြနေစရာ မလိုဘူးထင်တယ်။
Speak for itself/themselves>သိသာထင်ရှားသည်
Keep your language clean.
ကြမ်းတမ်းတဲ့ စကားမပြောနဲ့။
What do you mean by doing that?
အဲလိုလုပ်တာ ဘာသဘောလဲ။
In laziness,you come next to me.
ပျင်းတဲ့နေရာမှာတော့ ငါပြီးမင်းပဲ ဟျောင့်..
I'm up to my ears in work.
ငါခေါင်းမထောင်နိုင်အောင် အလုပ်ရှုပ်နေတယ်။
Up to one's ears>အလွန်အကျွံဖြစ်သည်။
အသုံးများတာလေးတွေ ရေးပေးထားတာပါ....
****************************************
အင်္ဂလိပ်စာ တကယ်တော်ချင်တတ်ချင်ရင် self-study လုပ်ဖို့လဲလိုပါတယ်။ဆရာတွေဘယ်လောက်ကောင်းကောင်း သင်တန်းတွေဘယ်လောက်ကောင်းကောင်း ကိုယ်တိုင်က တကယ်တော်ချင်တတ်ချင်စိတ်မရှိရင် ထင်သလောက်ခရီးမပေါက်နိုင်ပါဘူး။အင်္ဂလိပ်စာကို တကယ် crazy ဖြစ်ဖို့လဲလိုပါတယ်ဗျ။
တကယ်အင်္ဂလိပ်စာ စိတ်ဝင်စားရင် Add ထားကြပါ
Thank you to all readers,
Aung SoeThenn
No comments:
Post a Comment