Wednesday, April 5, 2017

အ​ပြောများဆုံး အင်္ဂလိပ်စကား​ပြော (9)

အ​ပြောများဆုံး အင်္ဂလိပ်စကား​ပြော (9)
••••••••••••••••••••••••••••••••

I'm too simple to see through their lies.
ငါက ရိုးအလွန်း​တော့ သူတို့လှည့်​သမျှခံ​နေရတယ်​။

She is very quiet, but his brother is real live wire.
သူမက​တော့ ​အေးပါတယ်​ ၊ဒါ​ပေမယ့်​ သူ့အကိုက​တော့ လျှပ်​စီးပဲ။

Perhaps she is going to change her mind after all.
နောက်​ဆုံး​တော့ သူ့မစိတ်​​ပြောင်းချင်​​ပြောင်းသွားမှာ။

He has changed since I saw him last.
အရင်​တခါ​တွေ့တာနဲ့ မတူ​တော့ဘူး၊​တော်​​တော်​​ပြောင်းလဲသွားပြီ။

I'll win hands down.
ငါလွယ်​လွယ်​​လေးပဲနိုင်​မှာပါ။
Hands down>easily >လွယ်​လင့်​တကူ

I wouldn't touch a job like that.
ဒီအလုပ်​မျိုး ​ယောင်​လို့ကို မထိဘူး။

You may find my English sentences helpful.
ငါ့အင်္ဂလိပ်​စာ​ကြောင်း​တွေက မင်းအတွက်​အ​ထောက်​အကူဖြစ်​မှာပါ။

To teach English isn't the be-all and  end-all of existence.
အင်္ဂလိပ်စာသင်​ဖို့အတွက်​ပဲ အသက်​ရှင်​​နေတာမဟုတ်​ဘူး။
(The be-all and end-all>>အဓိကကျတဲ့ အချက်​)

My girlfriend is always getting on at me.
ငါ့​ကောင်​မ​လေးက​တော့ ငါ့ကိုအမြဲတမ်းခလုတ်​တိုက်​​နေ​တော့တာပဲ။(အပြစ်​ရှာတာကို​ပြောတာ​နော်​)

What decided you against reading that book?
ဘာလို့ အဲစာအုပ်​ကို မဖတ်​ဖြစ်​တာလဲ။

Have you heard from your girlfriend?
မင်း​ကောင်​မ​လေး သတင်းရ​သေးလား။

On the surface, she seems cold and unfriendly.
သူမက အပြင်​ပန်းမှာ ​အေးတိ​အေးစက်​နိုင်​တယ်​လို့ထင်​ရတယ်​။

This is such a shock!
ဒါမှ ငယ်​ထိပ်​​မြွေ​ပေါက်​​တော့တာပဲ။

I now know better than to trust her.
သူမအခုလို​ဖြစ်​လာ​တော့ ယုံကြည်​လို့်​မရ​တော့ဘူး။

In fact,I'm just showing off,I know nothing!
တကယ်​​တော့ ငါဘာမှသိတာမရှိဘူး၊ဟိတ်​ဟန်​ထုတ်​​နေတာပါ။
****************************************

အင်္ဂလိပ်စာ တကယ်​​တော်​ချင်​တတ်​ချင်​ရင်​ self-study လုပ်​ဖို့လဲလိုပါတယ်​။ဆရာ​တွေဘယ်​​လောက်​​ကောင်း​ကောင်း သင်​တန်း​တွေဘယ်​​လောက်​​ကောင်း​ကောင်း ကိုယ်​တိုင်​က တကယ်​​တော်​ချင်​တက်​ချင်စိတ်​မရှိရင်​ ထင်​သ​လောက်​ခရီးမ​ပေါက်​နိုင်​ပါဘူး။အင်္ဂလိပ်​စာကို တကယ်​ crazy ဖြစ်​ဖို့လဲလိုပါတယ်​ဗျ။
**Wall မှာဝင်​​ရောက်​​လေ့လာဖို့ဖိတ်​​ခေါ်ပါတယ်​**
Thank you to all readers,

Aung Soe Thenn

No comments:

Post a Comment