Thursday, March 16, 2017

အခြွေအရံဆိုတာ မခြွေရင် မရံဘူး ခြွေမှရံတာ (သို့မဟုတ်) အောင်မြင်သော ခေါင်းဆောင်တို့၏ ချီးမြှောက်ထောက်ပံခြင်းသင်္ဂဟတရား

အခြွေအရံဆိုတာ
မခြွေရင် မရံဘူး ခြွေမှရံတာ
(သို့မဟုတ်)
အောင်မြင်သော ခေါင်းဆောင်တို့၏
ချီးမြှောက်ထောက်ပံခြင်းသင်္ဂဟတရား
            ♢♢♢♢♢♢
၁။ဒါနံ  -စွန့်ကြဲ ပေးကမ်း,လှူဒါန်းခြင်း

၂။ပေယျဝဇ္ဇံ- ချစ်ဖွယ်သောစကားကို ပြောဆိုခြင်း၊

၃။အတ္ထစရိယာ- သူ့အကျိုးစီးပွားကို ပြုကျင့်ခြင်း၊

၎။သမာနတ္ထတာ- ကိုးနှင့်တန်းတူရည်တူထားခြင်း
(အဆင့်အတန်း မခွဲခြာဘဲ, မိမိပတ်ဝန်ကျင်မှာ မိမိနှင့်အတူတကွ လုပ်ကိုင်နေကြတဲ့ အပေါင်းအဖော်တွေအပေါ် ဆင်းရဲချမ်းသာမခွဲခြားဘဲ ကိုယ်နှင့် တတန်းစားတည်း ထား၍ပေါင်းသင်း ဆက်ဆံခြင်း)
           ♢♢♢♢♢
(ဆောင်) ပေးကမ်းရက်ရော, အပြောချိုသာ,
            တန်းတူကိုယ်နှင့်, အသင့်ထားပါ။
            သူ့ကျိုးဆောင်ရွက်, မပျက်စေရာ,
            စည်းလုံးမှု, လေးခုသင်္ဂဟာ။

အဆွေခင်ပွန်း အပေါင်းအဖော် ရကြောင်းတရား
၎-ပါးလို့ ဆရာများက ပြောဆိုဆုံးမလေးရှိတယ်။

ချီးမြှောက်ထောက်ပံပေးခြင်းကို ပါဠိလို သင်္ဂဟ-ခေါ်တယ်။ ဒီလို ချီးမြှောက်ထောက်ပံပေးခြင်းက ပစ္စုပန်အကျိုးအနေနဲ့ မိမိအတွက် ပရိသတ်တွေ များလာမယ်၊ မိမိစကား နားထောင်လာမယ်၊

ဒီလို ချီးမြှောက်ထောက်ပံပေးခြင်းကြောင့်
ရလာတဲ့ ပစ္စုပ္ပန်အကျိုးကို ရည်ရွယ်ပြီး
လူအများကို မိမိဘက်ပါလာအောင် မိစကားနားထောင်အောင်, မိမိကိုချစ်အောင်, သိမ်းယူခြင်း(သို့မဟုတ်)သိမ်းသွင်းခြင်းကို သင်္ဂဟလို အဋ္ဌကထာဆရာများက ဖွင့်ပြလေ့ရှိတယ်။ ထိုသို့ချီးမြှောက်ခြင်း၏ အကြောင်းဝတ္ထုကိုတော့ သင်္ဂဟဝတ္ထုလို့ခေါ်တယ်။
၎င်းသင်္ဂဟဝတ္ထုကို အင်္ဂုတ္တိုရ်ပါဠိတော်မှာအထက်ပါ ပြထားတဲ့အတိုင်း လေးပါးဖြစ်ပါတယ်။

ခေါင်းဆောင်ကောင်းတွေဟာ ဒီသင်္ဂဟတရား လေးပါကို ခေတ်နဲ့အညီ ပြုကျင့်လေ့ ရှိကြတယ်။ မိမိရဲ့လုပ်ငန်းမှာ တော်တဲ့သူကို တော်သလို ချီးမြှောက်ထောက်ပံ့လေ့ရှိတာ တွေ့ရတယ်။

ခေတ်နဲ့အညီဆိုတာကတော့ မိမိအလုပ်သမားတွေအပေါ် တန်းရာတန်ကြေး ချီးမြှောက်ထောက်ပံ့ခြင်းတွေ လခကိုခေတ်နဲ့အညီ တန်းတူညီမျှ နှိုင်ယှဉ်ပြီ အပြည့်အပြည့်အဝပေးတာတွေ, ကျန်းမာရေး, လူမှုရေး စာနာပေးတာတွေ စသည်ဖြင့် မိဘ တစ်ယောက်လို့ တာဝန်ယူပေးတာ ထိန်းကျောင်းပဲ့ကိန်ပေးတာတွေဟာ ခေါင်းဆောင်ကောင်းတွေရဲ့ သီခြားအောင် မြင်မှုတွေပါပဲ။ သူတို့ဖြစ်ချင်တာတွေကို စာနာပေး တန်ဖိုးထားပေးတာကနေ သူတို့ကလည်းကိုယ်အတွက် ကိုယ်ဖြစ်စေချင်တာတွေကို လေးလေးစာစာနဲ့ ဂရုတစိုက် လုပ်ကိုင်ပေးလာကြမယ်။
ကိုယ်ကသူတို့အပေါ် သူလို့ကိုယ်လို တန်းရာတန်းကြေးပဲ ပေးနေရင်တော့ သူတို့ကလည်း ကိုယ့်အတွက် တန်ရာတန်ရာထက် ပိုပြီလုပ်ပေးမှာ မဟုတ်သလို့ ကိုယ်အပေါ်တောင် ဆန္ဒပြတောင်ဆိုမှုတွေ ဂုဏ်သိက္ခာထိပါစေမည့်အရာတွေကိုတောင် ပြုလုပ်လာကြမှာပဲ။

လုပ်ငန်းတွေ ဘယ်လောက်ကြီးကြီး ဘယ်လောက်များများ သင်္ဂဟတရားအားနည်းတဲ့ ခေါင်းဆောင်တွေ ဦးစီးတဲ့ အဖွဲ့အစည်းတွေ, ကုန်မဏီတွေဟာ ထင်သလောက် အလုပ်မဖြစ်ကြဘူး၊ ခရီးမပေါက်ကြဘူး။ တိုးတတ်မှုနှုန်း အားနည်းလာတဲ့အပြင် မိမိရဲ့ပတ်ဝန်ကျင်က မိမိကို မထေမဲ့မြင် ပြောဆိုပြုမူလာတယ်။

ခေါင်ဆောင်လုပ်သူက ချီမြှောက်မှု အားနည်းလာရင် နောက်လိုက်တွေကလည်း အကျင့်ပျက်လာတတ်တယ်။ အလုပ်လုပ်တဲ့အခါ စေတနာ မပါကြတော့ဘူး၊ ခိုးလာကြတယ်။ ဝှက်လားကြတယ်။

ဒါကြောင့် အောင်မြင်ချင်တဲ့ အဖွဲ့အစည်း, အောင်မြင်ချင်တဲ့ ခေါင်ဆောင်တိုင်းမှာ ဒီသင်္ဂဟဝတ္ထုလေးမျိုးကို သတိထားပြီ လေးကျင့်စေချင်တယ်။

(ဘာရယ် ဟုတ်ဘူး၊ စာကျက်ရင် အိပ်မပျော်တာနဲ့ မြန်မာနိုင်ငံရှိ ကုန်မဏီတစ်ခုရဲ့ အလုပ်သမားတွေအတွက် မြန်မာနှစ်သစ်ကူး အလုပ်ပိတ်ရက် ပိုပေးထားတာတွေလို့ ဂုဏ်ပြုသော်အားဖြင့် ရေးသားသည်။
မှာရင်ပြင်ဖတ် မစစ်အားတော့ဘူးအိပ်ချင်ပြီ)

                                                          (ည၁၂နာရီ-၂၀မိနစ်)
                                                                  (၅ံ:၁၂:၁၃၇၈)
                                                                (17:3:2017)
                                                        တက္ကသိုလ်စာသင်သား
                                               သာသနာ့တက္ကသိုလ်၊မန္တလေး

♢♢♢♢♢♢
အင်္ဂုတ္တိုရ်စတုက္ကနိပါတ်(၃၄၁)

စတ္တာရိမာနိ ဘိက္ခဝေ သင်္ဂဟဝတ္ထူနိ။
ကတမာနိ စတ္တာရိ?
ဒါနံ ပေယျဝဇ္ဇံ အတ္ထစရိယာ သမာနတ္တတာ။ ။
ဣမာနိ ခေါ ဘိက္ခဝေ စတ္တာရိ သင်္ဂဟဝတ္ထူနီ’’တိ။

No comments:

Post a Comment