*********
Phrasal verb ဆိုတာကတော့..
verb(ကြိယာ) တစ်လုံးကို preposition (ဝိဘတ်)နှင့် လည်းကောင်း၊ Adverb(ကြိယာဝိသေသန)နှင့် လည်းကောင်း၊ adverb preposition နှစ်ခုံးလုံးနှင့်လည်းကောင်း တွဲ၍ အသုံးပြုထားသော စကားစုကို Phrasal Verb- (စကားလုံးတွဲကြိယာ)ဟုခေါ်သည်။
မှတ်ချက်။ ၄င်း Phrasal Verb- (စကားလုံးတွဲကြိယာ)သည် တစ်ခါတစ်လေမှာ မူရင်းအဓိပ္ပါယ် လုံးဝပျောက်သွားပြီး အဓိပ္ပါယ်တစ်မျိုး ဖြစ်သည်။
Phrasal Verb ကို Active Voice(ကတ္တားဝါကျ) နှင့် Passive Voice(ကံဟောဝါကျ) နှစ်မျိုးလုံး အသုံးပြုနိုင်သည်။
break up - ဆက်ဆံရေးပြတ်စဲသည်၊
give up- လက်ချော့သည်၊အရှုံးပေးသည်
give away - ပေးလှူလိုက်သည်
go out with - တွဲသည်(ချစ်ကြိုက်နေကြသည်)
break up (verb + adverb)
give up (verb + adverb)
give away (verb + adverb)
go out with (verb + adverb + preposition)
######
Phrasal verbsများ အသုံးပြုပုံ
*******
Phrasal verb ကိုသာမာန် infinitive ကြိယာ တစ်လုံးလိုသုံးနိုင်သည်။
၁။ Phrasal verb ၌ ပါသော preposition နှင့် adverbတို့ကို Pronoun Object ဖြစ်သော me, you. her, him, them, it, us စသည်တို့ရဲ့ နောက်မှာထားသုံးရသည်။
ဥပမာ
မနေ့ညက ငါသူမကို ညနေစာလိုက်ကျွေးတယ်။
I took her out for dinner last night. (မှန်)(tookနှင့် တွဲသော outကို her ကံပုဒ်နောက်သို့ ထားသုံးသည်)
I took out her for dinner last night. (မှား)
#####
၁။ Pronoun Object မှ အခြားသော Object များဖြင့် အသုံးပြုပါက Phrasal verb ကို objectရဲ့ ရှေ့နောက် နှစ်နေရာလုံးမှာ ထားသုံးလေ့ရှိသည်။
ဥပမာ
ဘုရားသွားတဲ့အခါ..ကျွန်နော်ဖိနပ်ချွတ်တယ်။
I take my shoes off when I visit pagodas.(မှန်)
I take off my shoes when I visit pagodas. (မှန်)
ဥပမာ ဝါကျများ
အဲ့ဒါတွေလွှင့်ပစ်လိုက်။
Throw them away. (မှန်)
Throw away them. (မှား)
ငါ့စာအုပ် ပြန်ပေး။
Give me back my book. (မှန်)
Give back me my book. (မှား)
ကျေးဇူးပြုလို့..မီးပိတ်ပေးနိုင်မလား။Can you switch off the light, please?(မှန်)
Can you switch the light off, please? (မှန်)
######
Come နှင့်တွဲသော Phrasal Verbs များ
********
Come back - ပြန်လာသည်
When time will you come back from work?
မင်းအလုပ်ကနေ ပြန်အချိန်ပြန်လာမလဲ။
Please come back to me. I miss you so much.
ကျေးဇူးပြုလို့ငါ့ဆီပြန်လာပါ။ ငါနင့်ကိုအရမ်းလွမ်းတယ်။
Don’t ever come back to me.
ငါ့ဆီဘယ်တော့မှ ပြန်မလာနဲ့။
Come out - ထွက်လာသည်
It’s cloudy right now, but the sun should come out later.
အခုတော့..တိမ်တွေထူးနေတယ်..နောက်တော့နေထွက်လာမှာပါ။
When does their new album come out?
သူတို့တေးစီးရီးသစ် ဘယ်တုန်းက ထွက်တာလဲ။
Daffodils come out in spring.
ဒါဖိုဒီ ပန်းတွေဟာ..နွေဦးရာသီမှာ..ပွင့်ကြပါတယ်။
မှတ်ချက်။ come out ကို အဓိပ္ပါယ်များစွာနဲ့သုံးနိုင်သေးသည်။
Come across with something.
တစ်ခုခုကို ကံအားလျှော်စွာ တွေ့ရှိသည်။
I came across a word that I’ve never seen before.
ငါတစ်ခါမှမမြင်တွေ့ဖူးတဲ့ စကားတစ်လုံးကို တွေ့ရှိတယ်။
Have you ever come across such a horrible person in all your life?
ဒီလောက်ဆိုးရားတဲ့လူတစ်ယောက်ကို နင့်တွေ့ကြုံဖူးလား။
Come along -- ရောက်ရှိသည်/အတူတူသွားသည်
We’re going to the beach. Do you want to come along?
ငါတို့ကမ်းခြေသို့သွားမယ်..။မင်းအတူလိုက်ချင်လား။
We’re going to the cinema this evening. Do you want to come along with us?
ငါတို့ဒီညနေ..ရုပ်ရှင်သွားကြည့်မယ်။ မင်းငါတို့နဲ့တူတူလိုက်မလား။
You go now and I’ll come along later.
မင်းအခုသွားလိုက်လေ..ငါနောက်မှလာမယ်။
Come round - လည်ပတ်သည် (ဥပမာ သူငယ်ချင်းအိမ်)
Come round and we’ll watch a movie together.
ငါတို့အိမ်..လာလည်လေ…ငါတို့ရုပ်ရှင်တူတူကြည့်ကြမယ်။
မှတ်ချက်။ အထက်ပါ ဖော်ပြခဲ့သည် Phrasal verbများသည် အခြား အဓိပ္ပါယ်များရှိပါသေးသည်။
######
Go နှင့်တွဲသော Phrasal verb များ
******
Go after somebody -- လိုက်လံဖမ်းဆီးသည်
The police went after him but he got away.
ရဲကသူ့ကိုလိုက်ဖမ်းပေမဲ့ လွတ်မြောက်သွားတယ်။
Go after something -- ရရှိရန် ကြိုးစားသည်
Are you planning to go after Paul’s job when he leaves?
ပေါလ်အလုပ်ကထွက်တဲ့အခါ..မင်းသူ့အလုပ်ကိုရဖို့ကြိုးစားနေတာလား။
Go against somebody/something -- ဆန့်ကျင်ဖက်ဖြစ်သည်
Public opinion is going against the government on this issue.
ဒီပြသနာမှာ..ပြည်သူ့သဘောထားဟာ..အစိုးရနဲ့ဆန့်ကျင်ဖက် ဖြစ်နေတယ်။
What you're asking me to do goes against everything I believe in.
မင်းင့ါကို လုပ်ခိုင်းနေတာဟာ..ငါယုံကြည်တာနဲ့..လုံးဝဆန့်ကျင်ဖက်ကြီးဖြစ်နေတယ်။
Go away - ထွက်သွားသည်
Please go away and leave me alone. ကျေးဇူးပြုလို့ထွက်သွားပေးပါ..ငါတစ်ယောက်တည်းနေပါရစေ။
Go back -- ပြန်သွားသည်
When are you going back home?
မင်းဘယ်အချိန် အိမ်ပြန်မလဲ။
I have to go back home to take my book.
စာအုပ်ယူဖို့..ငါအိမ်သို့ပြန်သွားရမယ်။
When are you going back abroad?
မင်းနိုင်ငံခြားဘယ်တော့ ပြန်သွားမလဲ။
Go through - တွေ့ကြံသည်(အခက်ခဲ)
We can’t really imagine what we are going through.
ငါတို့ဘာတွေ ကြုံတွေနေရလဲဆိုတာ..တွေးမတတ်တော့ဘူး။
He’s going through a very difficult time.
သူဟာ အရမ်းခက်ခဲတဲ့..အချိန်တစ်ခု ကြုံတွေ့နေတယ်(ရင်ဆိုင်နေရတယ်)
########
Get နှင့်တွဲသော Phrasal Verb များ
******
Get along with - သင့်မြတ်သည်
I didn’t get along with my sister when I was young.
ငါငယ်ငယ်တုန်းက ငါ့အစ်မနဲ့သိပ်မသင့်မြတ်ဘူး။
My neighbor and I get along very well. We talk everyday.
ကျွန်နော်နဲ့ ကျွန်နော်အိမ်နီးချင်းတို့ဟာ အရမ်းသင့်သင့်မြတ်မြတ်ရှိကြပါတယ်။ ကျွန်နော်တို့နေ့တိုင်းစကားပြောဖြစ်ကြတယ်။
Get away -- ထွက်ပြေးသည် (ရှောင်ထွက်သွားသည်)
I’ll get away from work as soon as I can.
အလုပ်ကနေ အမြန်ဆုံး ငါထွက်ပြေးတော့မယ်။
I had to get away from the party. It was awful.
ငါပါတီပွဲကနေ..ထွက်ပြေးလာတယ်၊ အရမ်းစိတ်ပျက်ဖို့ကေါင်းတယ်။
Get away with something -- ပြစ်ဒဏ်စသည်မှလွတ်မြောက်သည်
She thought she could get away with cheating on her taxes.
အခွန်လိမ်လည်မှုကနေ..သူမ လွတ်မြော်ကလိမ့်မယ်လို့..ထင်ခဲ့တယ်။
If I thought I could get away with it, I wouldn't pay any tax at all.
အခွတ်မဆောင်ပဲ…လွတ်မြောက်နိုင်မယ်လို့သိခဲ့ရင်..ငါအခွန်ဆောင်ခဲ့မှာ..မဟုတ်ဘူး။
Get back -- ပြန်လည်ရောက်ရှိသည်
We didn't get back from the cinema until midnight.
ငါတို့ရုပ်ရှင်ရုံကနေ..ညနက်သန်းခေါင်ထဲ..ပြန်မရောက်ခဲ့ကြဘူး။
Malcolm gets back from work in half an hour.
မဲလွန်..အလုပ်ကနေ…နာရီဝက်ဆိုရင်..ပြန်ရောက်မယ်။
Give me a call when you get back.
မင်းပြန်ရောက်တဲ့အခါ..ငါ့ကို ဖုန်းဆက်နော်။
When I finally got back, I found my car had been clamped.
နောက်ဆုံးငါပြန်ရောက်တော့..င့ါကားကို ဖြတ်ညှတ်ထားတာ..တွေ့ရတယ်။
Get on well with --- သင့်မြတ်သည် (us > get along)
He doesn’t get on well with his daughter.
သူ့ သမီးနဲ့ သူ..သိပ်ပြီး မသင့်မြတ်ဘူး (မတည့်ဘူး)။
We’re getting on much better now that we don’t live together.
ငါတို့အတူတူမနေမှပဲ..ဆက်ဆံရေးတွေ ပိုကေါင်းလာတယ်။
########
Give နှင့် PhrasalVerb များ
********
Give away -- အလကားပေးပစည်သည်
Nobody wants this type of heater anymore - I can't even give it away!
ဒီလိုအပူပေးစက်ကို ဘယ်သူမှမလိုချင်တော့ဘူး..အလကားပြောတာတောင်..မယူကြတော့ဘူး။
The shop is giving away a sample pack to every customer.
ဆိုင်ကနေ…ဖောက်သည်တိုင်းကို..နမူနာအထုပ်လေးတွေ…အလကားပေးနေတယ်။
Give up -- စွန့်လွှတ်သည်၊လက်လျော့သည်၊အရှုံးပေးသည်
They were forced to give up their home because they couldn't pay the mortgage.
အိမ်ပေါင်ထားတာ..မပေးနိုင်တော့..သူတို့အိမ်ကို..စွန့်လွှတ်ပေးလိုက်ရတယ်။
I’ve given up smoking.
ကျွန်နော် ဆေးလိပ်ဖြတ်လိုက်ပြီ။
After ten minutes trying to get the answer I gave up.
ဆယ်မိနစ်..အဖြေရဖို့ကြိုးစားပြီးနောက်..ငါလက်လျော့လိုက်တယ်။
"Do you give up?" "No, I want another clue."
မင်းလက်လျော့လိုက်ပြီလား…..မလျော့ပါဘူး၊ ငါနောက်ထပ် ဖြေရှင်းမှုတစ်ခု လိုချင်တယ်။
I give up - tell me the answer!
ငါလိုကလျော့လိုက်ပြီ…ငါ့ကို အဖြေပြေပြတော့။
No, you're wrong - do you give up?
မဟုတ်ဘူး…မင်းမှားနေတယ်..မင်းလက်လျော့ပြီလား။
I haven't a clue - I give up.
ငါ့မှာ..အဖြေမရှိဘူး..ငါလက်လျှော့ပြီ။
Give yourself up -- ရဲထံတွင်..ကိုယ်တိုင် အဖမ်းခံသည်…
The gunman gave himself up to the police.
သေနတ်သမားဟာ…ရဲထံ..သူ့ကိုယ်တိုင် လာရောက်အဖမ်းခံတယ်။
Give something back -- ပြန်ပေးသည်
Make sure you give me the keys back when you've finished.
မင်းသုံးပြီးတဲ့အခါ..ငါ့ကိုသော့ သေချာပြန်ပေးနော်။
Give the bike back if you're not using it any more.
မင်းမသုံးတော့ဘူးဆိုရင်..စက်ဘီးကို..ပြန်ပေးလိုက်လေ။
She liked the chair so much, she was reluctant to give it back.
သူမ..ကုလားထိုင်ကို..အရမ်းနှစ်သက်နေတာ..ပြန်ပေးဖို့..တွန့်ဆုတ်နေတယ်။
You can borrow my CD, as long as you promise to give it back.
မင်းပြန်ပေးမယ်လို့..ကတိပေးရင်တော့..ငါ့ရဲ့ CD ခွေကိုငှားလို့ရပါတယ်။
The museum gave the painting back to its rightful owner.
ပြတိုက်က..ပန်းချီကားကို..ပိုင်ရှင်..အစစ်မှန်ဆီသို့ပြန်ပေးလိုက်တယ်။
########
Look နှင့် Phrasal Verb များ
*********
Look after - ကြည့်ရှုစောင့်ရှောက်သည်
You must look after your parents when they’re old.
မိဘတွေကိုတဲ့အခါ..ဂရုစိုက်ရမယ်။
Look ahead - အနာဂတ်ကို ကြိုတွေးသည်
We’re trying to look ahead and see what our options are.
ငါတို့အနာဂတ်ကိုကြိုတွေးထားပြီး ရွေးချယ်စရာ ဘာရှိလဲဆိုတာ..သိဖို့ကြိုးစားနေတယ်။
Look around - အလည်အပတ်သွားကြည့်သည်
When we went to Stratford, we only had a couple of hours to look round.
ငါတို့ Straford ကိုသွားတုန်းက..လည်ပတ်လျှောက်ကြည့်ဖို့..နာရီအနည်းငယ်ပဲ ရခဲ့တယ်။
Look at - ကြည့်သည်၊စစ်ဆေးသည်၊
Why are you looking at me?
နင်ငါ့ကိုဘာလို့ကြည့်နေတာလဲ။
Look back -- အတိတ်ပြန်တွေးသည်
When I look back, I can see where we went wrong.
ငါပြန်စဉ်းစားကြည့်တော့..ငါတို့ဘယ်နေရာ မှားသွားတာ...ငါမြင်တယ်။
Look down on - အထင်၊အမြင်သေးသည်
She thinks they look down on her because she didn't go to university.
သူမက တက္ကသိုလ်မတက်ခဲ့တော့..သူတို့ဟာ သူမကိုအထင်သေးကြတယ်လို့..သူမထင်နေတာ။
Look up to somebody -- တစ်စုံတစ်ဦးကို အထင်ကြီးလေးးစားသည်
I always look up to my father.
ငါ့အဖေကိုငါ..အဖေအထင်ကြီးလေးစားတယ်။
#######
Take နှင့် Phrasal Verb များ
******
Take after somebody -- တစ်စုံတစ်ဦးနှင့်စရိုက်/ရုပ်ရည်စသည် တူသည်
John is such a funny person. He takes after his grandfather, who was a comedian.
ဂျွန်က..တော်တော်ရီရတဲ့လူတစ်ယောက်ပဲ…သူကသူ့အဖိုး..လူရွှင်တော်နဲ့တူတာလေ။
She takes after her mother.
သူမကသူမအမေနဲ့တူတယ်။
He takes after his mother’s side of the family.
သူက သူ့အမေရဲ့ မိသားစုဖက်နဲ့..တူတယ်။
Take somebody out -- တစ်စုံတစ်ဦးကို အပြင်အလည်သွားရန် ခေါ်သွားသည်
Dad's taking the whole family out to the cinema.
အဖေက မိသားစုတစ်ခုလုံးကို..ရုပ်ရှင်ရုံသို့ခေါ်သွားမယ်။
Take something away -- ဖယ်ရှားပစ်သည်
Take these chairs away - we don't need them.
ဒီကုလားထိုင်တွေ..ဖယ်ရှားလိုက်တော့၊ ငါတို့မလိုအပ်တော့ဘူး။
Take off - ထွက်ခွာသည်(လေယာဉ်စသည်)
What time does the plane take off?
လေယာဉ်ဘယ်အချိန်ထွက်မှာလဲ။
Take sth off -- ချွတ်သည် (အဝတ်စား၊ဖိနပ်စသည်ကို)
You must take off your shoes when you visit pagodas in Myanmar.
မြန်မာနိုင်ငံမှာ..ဘုရားသို့သွားရင်..ဖိနပ်ချွတ်ရမယ်။
#######
Break နှင့် Phrasal Verbs များ
*******
Break away from sb/sth -- ခွဲထွက်သည်၊လွတ်မြောက်သည်
The prisoner broke away from his guards.
ထောင်သားဟာ သူ့အစောင့်ဆီကနေ..ထွက်ပြေးလွတ်မြောက်သွားတယ်။
Break down -- ရပ်တန့်သွားသည်သည်(ကားစက်စသည်)။ ပျက်စီးသွားသည်၊ဖျက်ဆီးသည်၊
The telephone system has broken down.
ဖုန်းဆက်သွယ်ရေးစနစ်တွေ..ပျက်သွားတယ်။
Break something down -- ဖျက်စီးပစ်သည်၊ အပိုင်းခွဲသည်
Each lesson is broken down into several units. သင်္ခန်းစာတစ်ခုချင်းစီကို..အပိုင်များစွာ..ခွဲထားတယ်..
Break out -- စတင်ဖြစ်ပျက်သည် (မကေါင်းသည့်အရာ)
War broke out in 1914.
စစ်ပွဲဟာ..၁၉၁၄ခုနှစ်မှာ..စတင်ဖြစ်ခဲ့တယ်။
Fighting has broken out all over the city.
တစ်မြို့လုံးမှာ..ရန်ပွဲ၊သတ်ပွဲတွေဖြစ်နေတယ်။
Break up - ပြတ်စဲသည်၊အဆုံးသတ်သည်
Jenny and George have broken up.
ဂျင်နီနဲ့..ဂျော်ဂ်ျတို့ ကွဲသွားကြပြီ။
She's just broken up with her boyfriend.
သူမရဲ့ ရည်းစားနဲ့..သူမပြတ်သွားပြီ။
########
Keep နှင့် Phrasal Verb များ
********
Keep away from -- ခပ်ခွာခွာနေသည်၊ရှောင်ဖယ်သည်
I’ve told him to keep away, but he won’t listen.
ငါသူ့ကိုဝေးဝေးနေဖို့ပြောပြီးပြီ--ဒါပေမဲ့ သူကတော့ နားထောင်မှာ မဟုတ်ဘူး။
You should keep away from fried foods.
မင်း ကြော်ထားတဲ့ အစားစာတွေ ရှောင်သင့်တယ်နော်။
Keep back -- မပြောပဲနှင့်ထိန်ချန်ထားသည်၊ အားလုံးကိုမသုံးပဲ ချန်ထားသည်
I suspect she's keeping something back.
သူမတစ်ခုခု ထိန်ချန်ထားသလား..ငါသံသယဖြစ်မိတယ်။
He kept back $20 for himself.
သူ့အတွက် သူဒေါ်လာ..၂၀ ချန်ထားလိုက်တယ်။
Keep down -- တစ်စုံတစ်ခုကို..ပမာဏ အရွယ်စားကြီးထွားလာမှုက ကါကွယ်သည်။တားဆီးသည်။
We have to try and keep costs down.
ငါတို့ကြိုးစားပြီး..ကုန်ကျစရိတ်တွေကို..လျော့ချရမယ်။
The cats help to keep down the rats.
ကြောင်တွေဟာ..ကြွက်တွေ..များပြားမှုကိုတားဆီးတယ်။
Keep off -- ကါကွယ်သည်၊တားဆီးသည်၊ရှောင်ရှားသည်
Keep the flies off the food.
အစားစာတွေကို..ယင်မနားရအောင်..ကါကွယ်ပါ။
Keep your hands off! It’s mine.
မင်းလက်တွေ..ဖယ်လိုက်စမ်း၊ အဲ့ဒါ ငါပိုင်တဲ့အရာတွေကွ။
Keep off the grass.
မြက်ခင်းကို မနင်းရ။
Dogs must be keep off the beach.
ခွေးတွေကို..ကမ်းခြေမှာ..မထားရ။
I’m trying to keep off fatty foods.
ကျွန်နော်..အဝလွန်စေတဲ့ အစားစာတွေကို ရှောင်ရှားနေတယ်။
Keep up (with sb/sth) -- တစ်စုံတစ်ခု၊တစ်ဦးနှင့်တန်းတူဖြစ်အောင်၊လိုက်မှီအောင် ကြိုးစားသည်
She walks so fast I can never keep up with her.
သူမလမ်းလျှောက်တာ..အရမ်းမြန်တယ်..ငါတစ်ခါမှ..လိုက်မမှီဘူး။
You'll have to walk faster if you want to keep up.
လိုက်မှီချင်တယ်ဆိုရင်တော့..မင်းမြန်မြန်လမ်းလျှောက်ရလိမ့်မယ်။
##########
No comments:
Post a Comment