Lesson 6 (Week 1 - Introduction) ✨🤗🤗🤗✨
===============================
Deadline: January 18, 2018
::::::::::::::::::::::::::::::::::::::::::::::
ကျနော်တို့...ဆက်ဖော...အဲ့...ဆက်ပြောကြရအောင်ပါ.....😜😉😜ခုဆိုရင် တစ်ယောက်နဲ့တစ်ယောက်သိသွားကြပြီဆိုတော့ နောက်တစ်ခါတွေ့ရင် (သို့) ဖုန်းဆက်ရင် နှုတ်ဆက်နည်းလေးတွေလေ့လာရအောင်ပါ။
✨
Saying Hello နှင့်  Saying Good-bye ဆိုပြီး အပိုင်း (၂) ပိုင်းရှိပါမယ်။
✨
Saying Hello ! (မင်္ဂလာပါလို့ နှုတ်ဆက်တဲ့အခါ)
✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨
(၁)
Aye Thaung:
Hi, Ko Ko, How are you? ဟိုင်းကိုကို၊ နေကောင်းလား။
Ko Ko:
Great! How about you, Aye Thaung? - ကောင်းပါတယ်... မင်းရော အေးသောင်းလေးရဲ့... :D
✨
(၂)
May Grace:
Good Morning, Mr. Ko Ko. How are you? မင်္ဂလာနံနက်ခင်းပါ မစ်စတာကိုကို။ နေကောင်းရဲ့လားရှင့်။
Ko Ko:
I am just fine, May Grace. Thank you. ကောင်းပါတယ် မေဂရေ့စ်။ ကျေးဇူးတင်ပါတယ်ဗျာ။ :D
✨
(၃)
Ko Ko:
Good afternoon, Awn Seng. How are you? မင်္ဂလာနေ့ လည်ခင်းပါ မအွန်စိုင်း။ နေကောင်းပါရဲ့လားဗျ။
Awn Seng:
Not bad. Thanks. How are you, Ko Ko? မဆိုးပါဘူးရှင်။ ကျေးဇူးပါပဲ။ ကိုကိုကောနေကောင်းရဲ့လား။
✨
(၄)
J - Good evening, Ko Ko. မင်္ဂလာညနေခင်းပါကိုကို :)
KK- Hello, Jennifer. How are you? မင်္ဂလာပါ ဂျက်နီဖာ၊ နေကောင်းတယ်မဟုတ်လား။
Jennifer - I am OK, Thank you. OK ပါတယ်ရှင်။ ကျေးဇူးပါနော်။
✨
အဲ့ဒီ့တော့ မနက်ဆိုရင် morning. နေ့ခင်းဆိုရင် afternoon. ညနေခင်းဆိုရင် evening. အဖြေကတော့ Great, just fine, not bad, OK စသည့်ဖြင့်ကိုယ်ဖြေချင်ရာဖြေလို့ရပါတယ်။
Saying Good-BYE (ခွဲခွာအခါ)
✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨
(၁)
OS - See you later, Ko Ko. နောက်မှတွေ့မယ်နော် ကိုကို ;)
KK - Bye-Bye, Ohn Saw. ဘိုင့်ဘိုင့်ပါ အွန်စော ;)
✨
(၂)
GG - See you tomorrow. မနက်ဖြန်တွေ့ ကြမယ်နော်။
KK - Good-bye. Have a nice day. ဂွတ်ဘိုင်ပါ၊ ကောင်းသောနေ့လေး ပိုင်ဆိုင်ပါစေဗျာ။
✨
(၃)
KK - Bye. Have a good evening. ဘိုင့် ကောင်းသောညနေခင်းဖြစ်ပါစေဗျာ။
NN-Thanks, Ko Ko. You, too. ကျေးဇူးပါပဲကိုကို..ရှင်လည်းပဲပိုင်ဆိုင်ပါစေရှင်။
✨
(၄)
J – Good night, Ko Ko. ကောင်းသောညပါ ကိုကိုရှင့်။ :)
KK - Good-bye, Jennifer. ဘိုင့်ဘိုင်ပါ ဂျနီဖာ။ ;)
မှတ်ချက်။
*How are you? ဆိုတာအခြေအနေကိုမေးတာပါ။ နေ့ တိုင်းတွေ့ နေ့ တဲ့သူတွေကို မေးမယ်ဆိုရင် ဒါက Hello, Hi! တို့ လို မင်္ဂလာပါလို့ ပြောတဲ့သဘောလဲဖြစ်ပါတယ်။
*Good Night- ဆိုတာက အဲဒီနေ့ ရက် ကိုယ်နဲ့ မဆုံဖြစ်တော့ဘူးဆိုရင် သုံးရပါတယ်။ ပြီးတော့ ခွဲခွာရာမှာပဲသုံးရပါတယ်။
✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨
ဟုတ်ပီ...အဲ့ဒီ့တော့....အဲ့...ဒီ့.......တော့... 😜😉😜
အားလုံးကိုလေ့လာပြီးတော့ ကိုယ်နဲ့ PCP ပြောခဲ့တဲ့သူငယ်ချင်းတစ်ယောက်နဲ့ Saying Hello (၄) မျိုးကို အပြန်အလှန်ပြောတဲ့ပုံစံမျိုးနဲ့ Messenger (သို့) Chat Box မှာ စာရိုက်ပြီးတော့လေ့ကျင့်ပါ။ နောက်တစ်ယောက်နဲ့က Saying Good-bye (၄)မျိုးလုံးကိုလေ့ကျင့်ပါ။ ဒီမှာဖော်ပြခဲ့တဲ့နာမည်တွေမသုံးဘဲ ကိုယ့်သူငယ်ချင်းရဲ့နာမည်လေးတွေကို အစားထိုးပြီးလေ့ကျင့်ဖို့ကိုလည်း မမေ့ပါနဲ့နော်။ ပြီးတော့ တစ်ယောက်ထဲနဲ့နှစ်မျိုးလုံးကိုလေ့ကျင့်လို့မရပါဘူး။ ပြီးရင်အဲ့ဒီ့လိုလေ့ကျင့်ထားတာတွေကို Screenshot လုပ်ပြီးအောက်မှာ Comment လာပေးရမှာဖြစ်ပါတယ်။ Screenshot မလုပ်တက်ရင်အောက်မှာ မလုပ်တက်ကြောင်းကို ကိုယ့်ဖုန်းအမျိုးအစားနာမည်နဲ့ပြောခဲ့ပေးပါ။ စီမံတာဝန်ခံတွေကကူညီဖြေကြားပေးမှာဖြစ်ပါတယ်။ အခြား မေးလိုရာလည်း ကြိုက်ရာမေးနိုင်ပါတယ်။
✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨
OK. Fighting!!! Let’s chat!!!!!🤗🤗🤗😜😉
Min Ko Ko
Tuesday, January 23, 2018
Lesson 6 (Week 1 - Introduction)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment